Match Report Premier League

တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ ဂိုးပြတ်မသွင်းနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ အသာစီးနဲ့ ကစားဖို့ဆိုတာက အားလုံး မျှော်မှန်းထားကြတဲ့ ရလဒ်မျိုး ဖြစ်ပေမယ့် အသင်းသားတွေချင်း အတွဲအဖက် မညီဘဲ တစ်ကိုယ်ကောင်းဆန်နေခဲ့တဲ့ ပုံစံတွေက သူတို့ကို နှစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ထက်ပိုပြီး မထိုက်တန်စေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ အသင်းခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်း သူ့အတွက်သူ ကစားတာကိုပဲ တွေ့မြင်ရသလို အဓိကအားဖြင့် ပြင်သစ် စကားပြောတဲ့ ကစားသမားတွေနဲ့ အိမ်ရှင် အင်္ဂလန်ကစားသမားတွေကိုပဲ ပစားပေးတော့ပြီး ပေါ်တူဂီစကားပြောသူတွေက သူ့အတွက် အပယ်ခံလို ဖြစ်သွားချိန်မှာ ဘောလုံးမပေးချင်၊ မချိတ်ဆက်ချင်တဲ့ ပုံစံမျိုးတွေလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ရတဲ့ ဘောလုံးကို ဒီဘရိုင်းနား မျှောပေးလိုက်တာကို စတာလင်က ဖူလ်ဟမ်နောက်တန်း ကြားထဲက ပြေးထွက်ပြီး ဂိုးသမား အာရီယိုလာနဲ့ အတွေ့မှာ အဝေးတိုင်ထောင့်ကို တိတိကျကျကန်သွင်းနိုင်ခဲ့လို့ စီးတီးတို့ အဖွင့်ဂိုးရခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဂိုးဧရိယာထဲ ခြေယောင်ပြနေတဲ့ စတာလင် ပွဲရှာတော့မယ်မှန်း သိသိနဲ့ ပိန်းတဲ့ အန်ဒါဆန်ကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး ဒါကို ဒီဘရိုင်းနားက ဂိုးသမားကို လှည့်စားကန်သွင်းနိုင်ခဲ့လို့ ဒုတိယဂိုးရခဲ့ပြီး စီးတီးတို့ ဖူလ်ဟမ်ကို စိတ်ဓာတ်အင်အားအရပါ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ စတာလင်ဖြုန်းတီးခဲ့တာတွေ များနေခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဒီဘရိုင်းနား အခွင့်အရေးတွေကို ၄ လုံးအထိ ဖြုန်းတီးပစ်ခဲ့ပြီး ဘောလုံးပေးပို့မှုတွေမှာလည်း ဂျေဆူးစ်ကို တော်တော်လေး မပေးချင်တဲ့ ပုံစံတွေကို ပြသနေခဲ့တာကြောင့် တိုက်စစ်က ထင်သလောက် မထိရောက်နိုင်ခဲ့ဘဲ ရှိခဲ့ပါတယ်။

ကစားသမားတွေကို အနားမပေးဘဲ မိနစ် ၉၀ လုံး အသုံးပြုသွားခဲ့တဲ့ ဂွါဒီယိုလာရဲ့ အဆုံးအဖြတ်ကလည်း ဒီပွဲမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ဖူလ်ဟမ်လို အသင်းမျိုးနဲ့ ပွဲစဉ်မှာ စတာလင်လို နှစ်ပွဲဆက်ကစားရတဲ့သူတွေကို အဓိကအားဖြင့် အင်အား ချွေတာခဲ့သင့်တာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ပွဲတစ်ခုနဲ့ သုံးမှတ်ကလွဲရင် အဆုံးသတ်နဲ့ အသင်းစိတ်ဓာတ်ပိုင်းကိုတော့ ပြင်ဆင်စရာတွေ ရှိနေခဲ့တယ်လို့ရှုမြင်ရပြီး ပွဲပြီးဆုံးချိန်မှာတော့ လက်စတာ၊ ဝက်စ်ဟမ်းတို့ မကစားခင်မှာ စီးတီးတို့အနေနဲ့ အဆင့် ၄ အထိ ပြန်လည်တက်ရောက်လာနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဖူလ္ဟမ္ကို အိမ္ကြင္းမွာ အသာစီးနဲ႔ ကစားဖို႔ဆိုတာက အားလုံး ေမွ်ာ္မွန္းထားၾကတဲ့ ရလဒ္မ်ိဳး ျဖစ္ေပမယ့္ အသင္းသားေတြခ်င္း အတြဲအဖက္ မညီဘဲ တစ္ကိုယ္ေကာင္းဆန္ေနခဲ့တဲ့ ပုံစံေတြက သူတို႔ကို ႏွစ္ဂိုး-ဂိုးမရွိဆိုတဲ့ ရလဒ္ထက္ပိုၿပီး မထိုက္တန္ေစႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားဟာ အသင္းေခါင္းေဆာင္ျဖစ္လာၿပီးေနာက္ပိုင္း သူ႔အတြက္သူ ကစားတာကိုပဲ ေတြ႕ျမင္ရသလို အဓိကအားျဖင့္ ျပင္သစ္ စကားေျပာတဲ့ ကစားသမားေတြနဲ႔ အိမ္ရွင္ အဂၤလန္ကစားသမားေတြကိုပဲ ပစားေပးေတာ့ၿပီး ေပၚတူဂီစကားေျပာသူေတြက သူ႔အတြက္ အပယ္ခံလို ျဖစ္သြားခ်ိန္မွာ ေဘာလုံးမေပးခ်င္၊ မခ်ိတ္ဆက္ခ်င္တဲ့ ပုံစံမ်ိဳးေတြလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ရတဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနား ေမွ်ာေပးလိုက္တာကို စတာလင္က ဖူလ္ဟမ္ေနာက္တန္း ၾကားထဲက ေျပးထြက္ၿပီး ဂိုးသမား အာရီယိုလာနဲ႔ အေတြ႕မွာ အေဝးတိုင္ေထာင့္ကို တိတိက်က်ကန္သြင္းႏိုင္ခဲ့လို႔ စီးတီးတို႔ အဖြင့္ဂိုးရခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဂိုးဧရိယာထဲ ေျခေယာင္ျပေနတဲ့ စတာလင္ ပြဲရွာေတာ့မယ္မွန္း သိသိနဲ႔ ပိန္းတဲ့ အန္ဒါဆန္ေၾကာင့္ ပင္နယ္တီ ေပးခဲ့ရၿပီး ဒါကို ဒီဘ႐ိုင္းနားက ဂိုးသမားကို လွည့္စားကန္သြင္းႏိုင္ခဲ့လို႔ ဒုတိယဂိုးရခဲ့ၿပီး စီးတီးတို႔ ဖူလ္ဟမ္ကို စိတ္ဓာတ္အင္အားအရပါ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ စတာလင္ျဖဳန္းတီးခဲ့တာေတြ မ်ားေနခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပထမပိုင္းၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဒီဘ႐ိုင္းနား အခြင့္အေရးေတြကို ၄ လုံးအထိ ျဖဳန္းတီးပစ္ခဲ့ၿပီး ေဘာလုံးေပးပို႔မႈေတြမွာလည္း ေဂ်ဆူးစ္ကို ေတာ္ေတာ္ေလး မေပးခ်င္တဲ့ ပုံစံေတြကို ျပသေနခဲ့တာေၾကာင့္ တိုက္စစ္က ထင္သေလာက္ မထိေရာက္ႏိုင္ခဲ့ဘဲ ရွိခဲ့ပါတယ္။

ကစားသမားေတြကို အနားမေပးဘဲ မိနစ္ ၉၀ လုံး အသုံးျပဳသြားခဲ့တဲ့ ဂြါဒီယိုလာရဲ႕ အဆုံးအျဖတ္ကလည္း ဒီပြဲမွာ ေမးခြန္းထုတ္စရာျဖစ္ခဲ့ၿပီး ဖူလ္ဟမ္လို အသင္းမ်ိဳးနဲ႔ ပြဲစဥ္မွာ စတာလင္လို ႏွစ္ပြဲဆက္ကစားရတဲ့သူေတြကို အဓိကအားျဖင့္ အင္အား ေခြၽတာခဲ့သင့္တာလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ႏိုင္ပြဲတစ္ခုနဲ႔ သုံးမွတ္ကလြဲရင္ အဆုံးသတ္နဲ႔ အသင္းစိတ္ဓာတ္ပိုင္းကိုေတာ့ ျပင္ဆင္စရာေတြ ရွိေနခဲ့တယ္လို႔ရႈျမင္ရၿပီး ပြဲၿပီးဆုံးခ်ိန္မွာေတာ့ လက္စတာ၊ ဝက္စ္ဟမ္းတို႔ မကစားခင္မွာ စီးတီးတို႔အေနနဲ႔ အဆင့္ ၄ အထိ ျပန္လည္တက္ေရာက္လာႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.