ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီး လက်စတာအသင်းအတွက် ကိုးလကြာမှ ပထမဆုံးအကြိမ် ပြန်ကစားခွင့်ရခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့် နောက်ခံအစွန်လူ ရီကာဒို ပါရဲရားဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဥ်မှာ ပေါင်ဒဏ်ရာ ထပ်မံရရှိသွားခဲ့ပြီး ဘရန်ဒန် ရော့ဂျားစ်က ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်နေ။
အာဆင်နယ်နဲ့ပွဲမှာ ဦးခေါင်းခွံရိုး အက်ခဲ့တဲ့ ရာအူးလ် ဟင်မီနက်စ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သလို ရှေ့တပတ်ထဲ ဆေးရုံဆင်းခွင့်ရမယ့်နောက် ဝုဗ်အတွက် ပြန်ကစားနိုင်မှာဖြစ်တယ်လို့ နည်းပြ နူနိူပြောကြား။
နည်းပြဘဝမှာ အာဆင်နယ်ကို အိမ်ကွင်းရှုံးပွဲမရှိခဲ့တဲ့ မော်ရင်ညိုဟာ ၁၁ မှတ်ဖြတ်ထားတဲ့ အာဆင်နယ်ကို အရင်လို ကြွားလုံးထုတ်ဖို့သက်သက် အနိုင်ကန်မှာမဟုတ်ဘဲ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေဖို့ ၃ မှတ်အရယူမှာဖြစ်ကြောင်း ဟစ်ကြွေး။
နာပိုလီမှာ လက်တွဲညီခဲ့ဖူးတဲ့ နည်းပြ အန်ဆယ်လော့တီနဲ့ အလုပ်တွဲလုပ်ရတာဟာ ထူးကဲတယ်လို့ အဲဗာတန်ကွင်းလယ်လူ အလန်က ဝန်ခံသွားခဲ့ပြီး နှစ်ဦးကြား အပြန်အလှန်ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကောင်းဖြစ်သလို အန်ဆယ်လော့တီကလည်း မိမိရဲ့ဘောလုံးစွမ်းရည်ကို လေးစားသူဖြစ်ကြောင်းဆို။
မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေထွက်ခဲ့တဲ့ နယူးကာဆယ်ကွင်းလယ်လူ လောင်းစတပ်ဖ်ဟာ နာမည်ကြီး စူပါအေးဂျင့်ဖြစ်တဲ့ ပီနီ ဇာဟာဗီနဲ့ လက်တွဲလိုက်တယ်လို့ သိရပြီး အနာဂတ်အစီအစဥ်အတွက် ယူနိုက်တက်နဲ့ စပါးအသင်းတို့ကို လျာထားလိုက်။
ပြင်သစ် အံ့ဖွယ်လူငယ်ကြယ်ပွင့်ဖြစ်တဲ့ ရင်းနေးကစားသမား ကာမာဗင်ဂါဟာ ကမ္ဘာ့အကြီးမားဆုံး ဘောလုံးအေဂျင်စီ ICM Steller Sports နဲ့ လက်တွဲခဲ့တာဖြစ်ပြီး ထိပ်သီးအေးဂျင့်တွေဖြစ်တဲ့ ဂျော့မန်ဒက်စ် နဲ ရိုင်အိုလာတို့ကို ကျော်လွန်ကာ ဂျိုနသန် ဘားနက်က ကစားသမားအေးဂျင့်ဖြစ်လာခဲ့ပြီး ပစ်မှတ်ထားနေတဲ့ အသင်းကြီးတွေအနေနဲ့ အမြန်ဆုံး လက်ဦးမှုရယူလာဖွယ်ရှိနေ။
ပြီးခဲ့တဲ့လက လိုင်စင်မရှိဘဲ မောင်းခဲ့လို့ ပေါင် ၄၇၅၀၀၀ တန် ကိုယ်ပိုင် လန်ဘော်ဂီနီကား အသိမ်းခံလိုက်ရတဲ့ မန်စီးတီးခံစစ်လူ ဘန်ဂျမင် မန်ဒီဟာ ရဲစခန်းကနေ ကားပြန်ရဖို့ အသည်းအသန်ကြိုးစားနေရပြီး တလအတွင်း တရားဝင်စာရွက်စာတမ်း မပြည့်စုံရင် ကားဖျက်ဆီးခံရမှာဖြစ်။
ာ
ဝက်စ်ဟမ်းနဲ့အတူ နည်းပြဘဝ ပြန်လည်ဦးမော့လာပြီး နာမည်ကောင်းတွေထွက်နေတဲ့ ဒေးဗစ်မွိုက်စ်ဟာ ဖာဂူဆန်ရဲ့ စာပို့ဂုဏ်ပြုခြင်းကို ခံခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး ယူနိုက်တက်နည်းပြဘဝမှ ကျရှုံးခဲ့ပေမယ့် ဘယ်တော့မှ နောင်တမရဘူးလို့ ပြောကြား။
လက်ရှိ လိဒ်စ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဖြစ်သလို ချယ်လ်ဆီးမှာ လမ်းပတ်ရဲ့ ဂျူနီယာဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘမ်းဖို့ဒ်တယောက် ချယ်လ်ဆီးမှာ နေရာမရခဲ့ပေမယ့် လိဒ်စ်မှာ အထူးခြေစွမ်းပြပြီး အခုလို အောင်မြင်နေတာကို မြင်ရတာ အလွန်ပျော်ရွှင်မိတယ်လို့ လမ်းပတ်ပြောကြား။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဒူးဒဏ္ရာေၾကာင့္ အနားယူခဲ့ရၿပီး လက္စတာအသင္းအတြက္ ကိုးလၾကာမွ ပထမဆုံးအႀကိမ္ ျပန္ကစားခြင့္ရခဲ့တဲ့ ေပၚတူဂီၾကယ္ပြင့္ ေနာက္ခံအစြန္လူ ရီကာဒို ပါရဲရားဟာ ၿပီးခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ ေပါင္ဒဏ္ရာ ထပ္မံရရွိသြားခဲ့ၿပီး ဘရန္ဒန္ ေရာ့ဂ်ားစ္က ဒဏ္ရာမျပင္းထန္ဖို႔ ေမွ်ာ္လင့္ေန။
အာဆင္နယ္နဲ႕ပြဲမွာ ဦးေခါင္းခြံရိုး အက္ခဲ့တဲ့ ရာအူးလ္ ဟင္မီနက္စ္ဟာ ၿပီးခဲ့တဲ့ တနလၤာေန႕က ခြဲစိတ္ကုသမႈ ေအာင္ျမင္ခဲ့သလို ေရွ႕တပတ္ထဲ ေဆး႐ုံဆင္းခြင့္ရမယ့္ေနာက္ ဝုဗ္အတြက္ ျပန္ကစားနိုင္မွာျဖစ္တယ္လို႔ နည္းျပ ႏူနိူေျပာၾကား။
နည္းျပဘဝမွာ အာဆင္နယ္ကို အိမ္ကြင္းရႈံးပြဲမရွိခဲ့တဲ့ ေမာ္ရင္ညိုဟာ ၁၁ မွတ္ျဖတ္ထားတဲ့ အာဆင္နယ္ကို အရင္လို ႂကြားလုံးထုတ္ဖို႔သက္သက္ အနိုင္ကန္မွာမဟုတ္ဘဲ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ေနဖို႔ ၃ မွတ္အရယူမွာျဖစ္ေၾကာင္း ဟစ္ေႂကြး။
နာပိုလီမွာ လက္တြဲညီခဲ့ဖူးတဲ့ နည္းျပ အန္ဆယ္ေလာ့တီနဲ႕ အလုပ္တြဲလုပ္ရတာဟာ ထူးကဲတယ္လို႔ အဲဗာတန္ကြင္းလယ္လူ အလန္က ဝန္ခံသြားခဲ့ၿပီး ႏွစ္ဦးၾကား အျပန္အလွန္ယုံၾကည္မႈနဲ႕ တည္ေဆာက္ထားတဲ့ ဆက္ဆံေရးေကာင္းျဖစ္သလို အန္ဆယ္ေလာ့တီကလည္း မိမိရဲ႕ေဘာလုံးစြမ္းရည္ကို ေလးစားသူျဖစ္ေၾကာင္းဆို။
မန္ခ်က္စတာယူနိုက္တက္နဲ႕ သတင္းေတြထြက္ခဲ့တဲ့ နယူးကာဆယ္ကြင္းလယ္လူ ေလာင္းစတပ္ဖ္ဟာ နာမည္ႀကီး စူပါေအးဂ်င့္ျဖစ္တဲ့ ပီနီ ဇာဟာဗီနဲ႕ လက္တြဲလိုက္တယ္လို႔ သိရၿပီး အနာဂတ္အစီအစဥ္အတြက္ ယူနိုက္တက္နဲ႕ စပါးအသင္းတို႔ကို လ်ာထားလိုက္။
ျပင္သစ္ အံ့ဖြယ္လူငယ္ၾကယ္ပြင့္ျဖစ္တဲ့ ရင္းေနးကစားသမား ကာမာဗင္ဂါဟာ ကမၻာ့အႀကီးမားဆုံး ေဘာလုံးေအဂ်င္စီ ICM Steller Sports နဲ႕ လက္တြဲခဲ့တာျဖစ္ၿပီး ထိပ္သီးေအးဂ်င့္ေတြျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္ နဲ ရိုင္အိုလာတို႔ကို ေက်ာ္လြန္ကာ ဂ်ိဳနသန္ ဘားနက္က ကစားသမားေအးဂ်င့္ျဖစ္လာခဲ့ၿပီး ပစ္မွတ္ထားေနတဲ့ အသင္းႀကီးေတြအေနနဲ႕ အျမန္ဆုံး လက္ဦးမႈရယူလာဖြယ္ရွိေန။
ၿပီးခဲ့တဲ့လက လိုင္စင္မရွိဘဲ ေမာင္းခဲ့လို႔ ေပါင္ ၄၇၅၀၀၀ တန္ ကိုယ္ပိုင္ လန္ေဘာ္ဂီနီကား အသိမ္းခံလိုက္ရတဲ့ မန္စီးတီးခံစစ္လူ ဘန္ဂ်မင္ မန္ဒီဟာ ရဲစခန္းကေန ကားျပန္ရဖို႔ အသည္းအသန္ႀကိဳးစားေနရၿပီး တလအတြင္း တရားဝင္စာ႐ြက္စာတမ္း မျပည့္စုံရင္ ကားဖ်က္ဆီးခံရမွာျဖစ္။
ာ
ဝက္စ္ဟမ္းနဲ႕အတူ နည္းျပဘဝ ျပန္လည္ဦးေမာ့လာၿပီး နာမည္ေကာင္းေတြထြက္ေနတဲ့ ေဒးဗစ္မြိုက္စ္ဟာ ဖာဂူဆန္ရဲ႕ စာပို႔ဂုဏ္ျပဳျခင္းကို ခံခဲ့ရတယ္လို႔ ဝန္ခံခဲ့ၿပီး ယူနိုက္တက္နည္းျပဘဝမွ က်ရႈံးခဲ့ေပမယ့္ ဘယ္ေတာ့မွ ေနာင္တမရဘူးလို႔ ေျပာၾကား။
လက္ရွိ လိဒ္စ္အသင္းရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉး ျဖစ္သလို ခ်ယ္လ္ဆီးမွာ လမ္းပတ္ရဲ႕ ဂ်ဴနီယာေဟာင္းျဖစ္ခဲ့ဖူးတဲ့ ဘမ္းဖို႔ဒ္တေယာက္ ခ်ယ္လ္ဆီးမွာ ေနရာမရခဲ့ေပမယ့္ လိဒ္စ္မွာ အထူးေျခစြမ္းျပၿပီး အခုလို ေအာင္ျမင္ေနတာကို ျမင္ရတာ အလြန္ေပ်ာ္႐ႊင္မိတယ္လို႔ လမ္းပတ္ေျပာၾကား။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.