Premier League

လမ္းပတ္ရဲ႕ ကတိစကားကို မရလို႔ ခ်ဲလ္ဆီးကေန ေႏြရာသီမွာ ကီပါ ထြက္ခြာဖို႔ ျပင္ဆင္ေန

အသင္းရဲ႕ ပြဲထြက္ခြင့္ကေန ေနာက္ဆုံး ၅ ပြဲဆက္တုိက္ လြဲေခ်ာ္ခဲ့အၿပီးမွာ ခ်ဲလ္ဆီးဂိုးသမား ကီပါ အာရီဇာဘာလာဂါအေနနဲ႔ နည္းျပ ဖရန္႔ လမ္းပတ္ဆီက တိက်တဲ့ ကတိစကားကို မရရွိခဲ့တဲ့အျပင္ အနာဂတ္အတြက္လည္း ပြင့္လင္းျမင္သာျခင္းမရွိတာေၾကာင့္ အသင္းေျပာင္းဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

အရန္ဂိုးသမား ဝီလီ ကာဘယ္လာ႐ိုေနာက္မွာ ေနရာေပ်ာက္ဆုံးစျပဳေနတဲ့ ကီပါရဲ႕ ေလ့က်င့္ေနမွဳေတြကို နည္းျပ လမ္းပတ္အေနနဲ႔ အားရေက်နပ္ေၾကာင္း သတင္းေတြ ထြက္ခဲ့ေပမယ့္လည္း ဘာမွ ခုိင္မာတဲ့ သက္ေသသကၠာယေတာ့ မရွိခဲ့ဘဲ အနာဂတ္အစီအစဥ္ေတြ အတြက္ေတာင္မွ ခိုင္မာတဲ့ စကားမ်ဳိး တကယ္တမ္းမွာ ေျပာမထားခဲ့ဘူးလို႔လည္း နီးစပ္တဲ့ သတင္းေတြက ဆုိပါတယ္။

ကမာၻ႕ေဈးအႀကီးဆုံးဂိုးသမားဟာ ၿပီးခဲ့တဲ့ႏွစ္က နည္းျပေဟာင္း ေမာ္ရီဇီယို ဆာရီနဲ႔ လူစားလဲခ်ိန္မွာ ျဖစ္ပြားခဲတဲ့ ျပႆနာေၾကာင့္ နာမည္ႀကီးခဲ့သူျဖစ္သလို ၿပီးခဲ့တဲ့ နယူးကာဆယ္လ္၊ အာဆင္နယ္တုိ႔နဲ႔ပြဲမွာ နည္းျပ လမ္းပတ္ရဲ႕ စိတ္ပ်က္မွဳနဲ႔ ရင္ဆုိင္ခဲ့ရၿပီး အရန္ခုံမွာသာ ျမဲေနတာလည္းျဖစ္ပါတယ္။

စပိန္အသင္းမွာပါ ေနရာေပ်ာက္ဆုံးဖို႔ နီးစပ္ေနတဲ့ ဒီအသက္ ၂၅ ႏွစ္အရြယ္ ဘတ္စ္ေကးသားဟာ လာမယ့္ေႏြရာသီမွာ သူ႕ကို ယုံၾကည္ႏုိင္မယ့္ အသင္းတစ္သင္းကို ရွာေဖြဖြယ္ရွိေနၿပီး သင့္တင့္တဲ့ တန္ေၾကးနဲ႔ ဝယ္ယူမယ့္သူမ်ဳိး မရွိခဲ့ရင္ေတာင္မွ အငွားနဲ႔ ဘီလ္ဘာအို၊ ဒါမွမဟုတ္ လာလီဂါကို ျပန္ဖြယ္ရွိေနပါတယ္။

ကီပါကေတာ့ သူ႕ကို အသင္းကေရာ နည္းျပကပါ လုံေလာက္တဲ့ ေထာက္ပံ့ကူညီမွဳေတြ လုပ္မေပးဘူးလို႔ ယုံၾကည္ေနခဲ့ၿပီး ယူ႐ို ၂၀၂၀ ၿပဳိင္ပြဲ နီးကပ္လာခ်ိန္မွာေတာင္မွ အခြင့္အေရးျပန္မေပးတဲ့ လမ္းပတ္ကို စိတ္ပ်က္ေနသလို ခ်ဲလ္ဆီးအသင္းနဲ႔လည္း လက္မတြဲခ်င္ေတာ့ဘူးလို႔ သည္ဆန္းက ေဖာ္ျပသြားခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အသင်းရဲ့ ပွဲထွက်ခွင့်ကနေ နောက်ဆုံး ၅ ပွဲဆက်တိုက် လွဲချော်ခဲ့အပြီးမှာ ချဲလ်ဆီးဂိုးသမား ကီပါ အာရီဇာဘာလာဂါအနေနဲ့ နည်းပြ ဖရန့် လမ်းပတ်ဆီက တိကျတဲ့ ကတိစကားကို မရရှိခဲ့တဲ့အပြင် အနာဂတ်အတွက်လည်း ပွင့်လင်းမြင်သာခြင်းမရှိတာကြောင့် အသင်းပြောင်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အရန်ဂိုးသမား ဝီလီ ကာဘယ်လာရိုနောက်မှာ နေရာပျောက်ဆုံးစပြုနေတဲ့ ကီပါရဲ့ လေ့ကျင့်နေမှုတွေကို နည်းပြ လမ်းပတ်အနေနဲ့ အားရကျေနပ်ကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ဘာမှ ခိုင်မာတဲ့ သက်သေသက္ကာယတော့ မရှိခဲ့ဘဲ အနာဂတ်အစီအစဉ်တွေ အတွက်တောင်မှ ခိုင်မာတဲ့ စကားမျိုး တကယ်တမ်းမှာ ပြောမထားခဲ့ဘူးလို့လည်း နီးစပ်တဲ့ သတင်းတွေက ဆိုပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားဟာ ပြီးခဲ့တဲ့နှစ်က နည်းပြဟောင်း မော်ရီဇီယို ဆာရီနဲ့ လူစားလဲချိန်မှာ ဖြစ်ပွားခဲတဲ့ ပြဿနာကြောင့် နာမည်ကြီးခဲ့သူဖြစ်သလို ပြီးခဲ့တဲ့ နယူးကာဆယ်လ်၊ အာဆင်နယ်တို့နဲ့ပွဲမှာ နည်းပြ လမ်းပတ်ရဲ့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အရန်ခုံမှာသာ မြဲနေတာလည်းဖြစ်ပါတယ်။

စပိန်အသင်းမှာပါ နေရာပျောက်ဆုံးဖို့ နီးစပ်နေတဲ့ ဒီအသက် ၂၅ နှစ်အရွယ် ဘတ်စ်ကေးသားဟာ လာမယ့်နွေရာသီမှာ သူ့ကို ယုံကြည်နိုင်မယ့် အသင်းတစ်သင်းကို ရှာဖွေဖွယ်ရှိနေပြီး သင့်တင့်တဲ့ တန်ကြေးနဲ့ ဝယ်ယူမယ့်သူမျိုး မရှိခဲ့ရင်တောင်မှ အငှားနဲ့ ဘီလ်ဘာအို၊ ဒါမှမဟုတ် လာလီဂါကို ပြန်ဖွယ်ရှိနေပါတယ်။

ကီပါကတော့ သူ့ကို အသင်းကရော နည်းပြကပါ လုံလောက်တဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်မပေးဘူးလို့ ယုံကြည်နေခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲ နီးကပ်လာချိန်မှာတောင်မှ အခွင့်အရေးပြန်မပေးတဲ့ လမ်းပတ်ကို စိတ်ပျက်နေသလို ချဲလ်ဆီးအသင်းနဲ့လည်း လက်မတွဲချင်တော့ဘူးလို့ သည်ဆန်းက ဖော်ပြသွားခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.