Premier League

ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ဘုန္းေမာက္နဲ႔ပြဲကို လြဲေခ်ာ္မယ့္ ေအဘရာဟမ္

ဒီရာသီ ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသြင္းအမ်ားဆံုးကစားသမားျဖစ္တဲ့ တမ္မီ ေအဘရာဟမ္ဟာ ေျခခ်င္း၀တ္ဒဏ္ရာတစ္ရပ္ေၾကာင့္ ဘုန္းေမာက္နဲ႔ ပရီးမီးယားလိဂ္အေ၀းကြင္းပြဲစဥ္ကို ေသခ်ာေပါက္လြဲေခ်ာ္မယ္လို႔ နည္းျပ ဖရန္႔ခ္ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။

“ဒီအတြက္ ကၽြန္ေတာ္ အေျဖရွာေနတုန္းပါပဲ။ သူ၀င္ကစားလိုက္ ထြက္သြားလိုက္ ျဖစ္ေနတာက စိတ္ဆိုးခ်င္စရာတစ္ခုမွန္း အားလံုးအသိပါတယ္။ ဒါေပမယ့္ သူ႕အေနနဲ႔ ေနာက္(၂)ရက္ေလာက္အထိ ေလ့က်င့္ႏိုင္မွာ မဟုတ္ပါဘူး။ ဘယ္ေလာက္အထိ သူ နားရမလဲကိုလည္း မသိရေသးေတာ့ ေစာင့္ၾကည့္ရပါဦးမယ္”လို႔ ေသာၾကာေန႔က ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ လမ္းပတ္က အခုလိုေျပာပါတယ္။

တမ္မီေအဘရာဟမ္ဟာ ဇန္န၀ါရီလ ၂၁ ရက္ေန႔က အာဆင္နယ္အသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ကြင္းေဘးေခ်ာ္က်ၿပီး LED ဘုတ္နဲ႔ ခိုက္မိရာကေန ေျခခ်င္း၀တ္ဒဏ္ရာ ရရွိသြားၿပီးေနာက္ပိုင္း ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရဖို႔ ရုန္းကန္ေနရပါတယ္။

လက္စတာစီးတီးနဲ႔ ႏွစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲတုန္းက နာက်င္မႈေ၀ဒနာကို ေလွ်ာ႔ခ်ေပးတဲ့ Pain Killer ေဆးထိုးၿပီး ပြဲထြက္ကစားသမားအျဖစ္ ပါ၀င္ခဲ့ေပမယ့္ ေနာက္ပိုင္းပြဲေတြမွာေတာ့ ပြဲထြက္စာရင္းထဲ မပါႏိုင္ေတာ့တာ့လည္းျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ပဲြကို လြဲေခ်ာ္ခဲ့သလို ေတာ့တင္ဟမ္၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔ ပြဲေတြမွာေတာ့ လူစား၀င္ကစားသမားအျဖစ္ပါ၀င္ခဲ့ပါတယ္။

သူ ဒဏ္ရာရေနတာေၾကာင့္ ဘုန္းေမာက္နဲ႔ပြဲမွာ ျပင္သစ္တိုက္စစ္မွဴး အိုလီဗီးေယး ဂ်ီ႐ူးကိုပဲ လမ္းပတ္အေနနဲ႔ ပြဲထုတ္ရဖို႔ရွိေနပါၿပီး အသက္ ၃၃ ႏွစ္အရြယ္ ဒီျပင္သစ္တုိက္စစ္မွဴးဟာ ခ်ဲလ္ဆီးအတြက္ ၈ ရက္အတြင္း ၃ ပြဲေျမာက္အျဖစ္ ပါဝင္ကစားရမွာျဖစ္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဒီရာသီ ချဲလ်ဆီးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ တမ်မီ အေဘရာဟမ်ဟာ ခြေချင်းဝတ်ဒဏ်ရာတစ်ရပ်ကြောင့် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို သေချာပေါက်လွဲချော်မယ်လို့ နည်းပြ ဖရန့်ခ် လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

“ဒီအတွက် ကျွန်တော် အဖြေရှာနေတုန်းပါပဲ။ သူဝင်ကစားလိုက် ထွက်သွားလိုက် ဖြစ်နေတာက စိတ်ဆိုးချင်စရာတစ်ခုမှန်း အားလုံးအသိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ နောက်(၂)ရက်လောက်အထိ လေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်လောက်အထိ သူ နားရမလဲကိုလည်း မသိရသေးတော့ စောင့်ကြည့်ရပါဦးမယ်”လို့ သောကြာနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က အခုလိုပြောပါတယ်။

တမ်မီအေဘရာဟမ်ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့က အာဆင်နယ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ကွင်းဘေးချော်ကျပြီး LED ဘုတ်နဲ့ ခိုက်မိရာကနေ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားပြီးနောက်ပိုင်း ရာနှုန်းပြည့်ကြံ့ခိုင်မှုရဖို့ ရုန်းကန်နေရပါတယ်။

လက်စတာစီးတီးနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းက နာကျင်မှုဝေဒနာကို လျှော့ချပေးတဲ့ Pain Killer ဆေးထိုးပြီး ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ပွဲထွက်စာရင်းထဲ မပါနိုင်တော့တာ့လည်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲကို လွဲချော်ခဲ့သလို တော့တင်ဟမ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ပွဲတွေမှာတော့ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။

သူ ဒဏ်ရာရနေတာကြောင့် ဘုန်းမောက်နဲ့ပွဲမှာ ပြင်သစ်တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကိုပဲ လမ်းပတ်အနေနဲ့ ပွဲထုတ်ရဖို့ရှိနေပါပြီး အသက် ၃၃ နှစ်အရွယ် ဒီပြင်သစ်တိုက်စစ်မှူးဟာ ချဲလ်ဆီးအတွက် ၈ ရက်အတွင်း ၃ ပွဲမြောက်အဖြစ် ပါဝင်ကစားရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.