Premier League

လီဗာပူးလ္ရဲ႕ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ကို ကို႐ိုနာဗိုင္းရပ္စ္က ပယ္ဖ်က္ႏိုင္မွဳေၾကာင့္ စိုးရိမ္ေနရ

အကယ္၍သာ အဂၤလန္ႏုိင္ငံကို ကို႐ိုနာဗိုင္းရပ္စ္ ေရာက္ရွိလာခဲ့ၿပီး ကူးစက္ျပန္႔ပြားမွဳႏွဳန္း ျမင့္တက္လာခဲ့ရင္ အစိုးရအေနနဲ႔ တစ္ႏိုင္ငံလုံးက အားကစားပြဲေတြကို ဖ်က္သိမ္းပစ္ႏုိင္ၿပီး ဒါဟာ လီဗာပူးလ္အသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံေမွ်ာ္လင့္ခ်က္ကို ပယ္ဖ်က္ႏုိင္တာမို႔ စိုးရိမ္ေနရတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ အဂၤလန္နဲ႔ ကို႐ိုနာဗုိင္းရပ္စ္နဲ႔ အသံေတြကေတာ့ မထြက္ေသးဘဲ အီတလီႏုိင္ငံမွာသာ ျပန္႔ႏွံ႔ေနတာျဖစ္ၿပီး စီးရီးေအ ပြဲစဥ္တခ်ဳိ႕ကို ပယ္ဖ်က္ခဲ့ရသလို အင္တာမီလန္အသင္းဟာလည္း လူဒိုဂိုရက္စ္နဲ႔ အိမ္ကြင္း ဂ်ဴဆက္ပီ မီေယဇာ(ဆန္ဆီ႐ို)က ပြဲစဥ္ကို ပရိသတ္မပါဘဲ ကစားခဲ့ရတာပါ။

အဂၤလန္ႏိုင္ငံအစိုးရအေနနဲ႔ သူတုိ႔ေတြ ႀကီးမွဴးက်င္းပေနတဲ့ ေဘာလုံးအဖြဲ႕ခ်ဳပ္ အက္ဖ္ေအလက္ေအာက္က ပြဲစဥ္ေတြကို ဖ်က္သိမ္းႏုိင္တဲ့ အာဏာေပးပုိင္ခြင့္ရွိေနၿပီး တကယ္လုိ႔သာ ဖ်က္သိမ္းခဲ့မယ္ဆိုရင္ ကစားခဲ့တဲ့ ပြဲစဥ္ေတြကိုပါ တရားမဝင္ေၾကာင္း Null and Void ေၾကျငာမွာျဖစ္လို႔ ဒါဟာ လီဗာပူးလ္အတြက္ေတာ့ အိပ္မက္ဆုိးလိုျဖစ္ေနခဲ့ပါတယ္။

ႏွစ္သုံးဆယ္အထိ ေစာင့္ဆုိင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ျပင္ဆင္မွဳပုိင္းနဲ႔ ေျခစြမ္းပုိင္းအရ အေႏွာင့္အယွက္တစ္စုံတစ္ရာ မရွိခဲ့ေပမယ့္ ပတ္ဝန္းက်င္အေျခအေနေတြကေတာ့ ဆိုးရြားေနခဲ့တာျဖစ္ၿပီး လီဗာပူးလ္ကို တတိယကမာၻစစ္ျဖစ္ႏုိင္မယ့္ အေျခအေနက ၿခိမ္းေျခာက္ခဲ့ၿပီးျဖစ္သလို အခုလည္း ကို႐ိုနာဗုိင္းရပ္စ္က ၿခိမ္းေျခာက္ေနတာပါ။

ယာဂန္ ကေလာ့ပ္ဦးေဆာင္တဲ့ ဥေရာပခ်န္ပီယံအသင္းကို ရမွတ္ကြာဟခ်က္ ၂၂ မွတ္ဆုိတာက ႀကီးမားတဲ့ အာမခံခ်က္နဲ႔ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ ေထာက္ကူေပးထားေပမယ့္ ကို႐ိုနားဗုိင္းရပ္စ္ကေတာ့ အာမခံခ်က္မရွိတာေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ ေတာင္ကိုရီးယားႏုိင္ငံမွာ ျပန္လည္ေဆးကုသေနတဲ့ ဆြန္ေဟာင္မင္ရဲ႕ လန္ဒန္အျပန္ခရီးကိုပါ လိုအပ္ရင္ ျပႆနာရွာႏုိင္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အကယ်၍သာ အင်္ဂလန်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိလာခဲ့ပြီး ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာခဲ့ရင် အစိုးရအနေနဲ့ တစ်နိုင်ငံလုံးက အားကစားပွဲတွေကို ဖျက်သိမ်းပစ်နိုင်ပြီး ဒါဟာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်ကို ပယ်ဖျက်နိုင်တာမို့ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ အင်္ဂလန်နဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ အသံတွေကတော့ မထွက်သေးဘဲ အီတလီနိုင်ငံမှာသာ ပြန့်နှံ့နေတာဖြစ်ပြီး စီးရီးအေ ပွဲစဉ်တချို့ကို ပယ်ဖျက်ခဲ့ရသလို အင်တာမီလန်အသင်းဟာလည်း လူဒိုဂိုရက်စ်နဲ့ အိမ်ကွင်း ဂျူဆက်ပီ မီယေဇာ(ဆန်ဆီရို)က ပွဲစဉ်ကို ပရိသတ်မပါဘဲ ကစားခဲ့ရတာပါ။

အင်္ဂလန်နိုင်ငံအစိုးရအနေနဲ့ သူတို့တွေ ကြီးမှူးကျင်းပနေတဲ့ ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေလက်အောက်က ပွဲစဉ်တွေကို ဖျက်သိမ်းနိုင်တဲ့ အာဏာပေးပိုင်ခွင့်ရှိနေပြီး တကယ်လို့သာ ဖျက်သိမ်းခဲ့မယ်ဆိုရင် ကစားခဲ့တဲ့ ပွဲစဉ်တွေကိုပါ တရားမဝင်ကြောင်း Null and Void ကြေငြာမှာဖြစ်လို့ ဒါဟာ လီဗာပူးလ်အတွက်တော့ အိပ်မက်ဆိုးလိုဖြစ်နေခဲ့ပါတယ်။

နှစ်သုံးဆယ်အထိ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြင်ဆင်မှုပိုင်းနဲ့ ခြေစွမ်းပိုင်းအရ အနှောင့်အယှက်တစ်စုံတစ်ရာ မရှိခဲ့ပေမယ့် ပတ်ဝန်းကျင်အခြေအနေတွေကတော့ ဆိုးရွားနေခဲ့တာဖြစ်ပြီး လီဗာပူးလ်ကို တတိယကမ္ဘာစစ်ဖြစ်နိုင်မယ့် အခြေအနေက ခြိမ်းခြောက်ခဲ့ပြီးဖြစ်သလို အခုလည်း ကိုရိုနာဗိုင်းရပ်စ်က ခြိမ်းခြောက်နေတာပါ။

ယာဂန် ကလော့ပ်ဦးဆောင်တဲ့ ဥရောပချန်ပီယံအသင်းကို ရမှတ်ကွာဟချက် ၂၂ မှတ်ဆိုတာက ကြီးမားတဲ့ အာမခံချက်နဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ထောက်ကူပေးထားပေမယ့် ကိုရိုနားဗိုင်းရပ်စ်ကတော့ အာမခံချက်မရှိတာကြောင့် လီဗာပူးလ်ပရိသတ်တွေအနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြန်လည်ဆေးကုသနေတဲ့ ဆွန်ဟောင်မင်ရဲ့ လန်ဒန်အပြန်ခရီးကိုပါ လိုအပ်ရင် ပြဿနာရှာနိုင်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.