Premier League

၂၈.၂.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– အာဆင္နယ္အသင္းရဲ႕ ယူ႐ိုပါလိဂ္က မေမွ်ာ္လင့္ဘဲ ထြက္ခြာခဲ့ရတဲ့ ၃၂ သင္းအဆင့္ ရွဳံးပြဲအေပၚ မန္ခ်က္စတာယူႏုိက္တက္ ပရိသတ္ေတြက ဒါဆုိရင္ အာဆင္နယ္ၿပီးရင္ အလြယ္ဆုံးအသင္းနဲ႔ပဲ သူတုိ႔ ေနာက္တစ္ဆင့္မွာ ေတြ႕ရေတာ့မွာေပါ့လုိ႔ တြစ္တာမွာ ေရးသားေလွာင္ေျပာင္။

– ယူ႐ိုပါလိဂ္ မတုိင္ခင္ ေလ့က်င့္ခန္းအစီအစဥ္မွာ ၾကြက္သားဒဏ္ရာရသြားခဲ့လို႔ လာမယ့္ အဲဗာတန္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကို တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္လြဲေခ်ာ္ႏုိင္ၿပီး အသစ္ေခၚယူထားတဲ့ ႏိုင္ဂ်ီးရီးယားတုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုကို ဆက္လက္ပြဲထုတ္ရဖြယ္ရွိ။

– အသင္းႀကီးအဆင့္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ကိုယ္စားျပဳခြင့္ရခဲ့တဲ့ ပထမဆုံး ႏုိင္ဂ်ီးရီးယားကစားသမားျဖစ္လာခဲ့တဲ့ တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုအေနနဲ႔ ယူ႐ိုပါလိဂ္မွာ အသင္းအတြက္ ပထမဆုံးပြဲထြက္မွဳနဲ႔အတူ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ပထမဆုံး ႏုိင္ဂ်ီးရီးယားကစားသမားစံခ်ိန္ကို ထပ္မံရရွိ။

– ယူ႐ိုပါလိဂ္မွာ အေကာင္းဆုံးအိမ္ကြင္းစံခ်ိန္တစ္ခုကို ပုိင္ဆုိင္ထားခဲ့ၿပီး ႐ိုဆင္ေဘာ့၊ PSV, AZ နဲ႔ စပို႔တင္းလစၥဘြန္းတုိ႔ကို အႏိုင္ယူထားတဲ့ ၾသစႀတီးယားကလပ္ LASK လင့္ဇ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္ေတြ႕ဆုံခဲ့ၿပီး အသင္းႀကီးခ်င္းေတြ႕ဆုံမွဳကို ဆက္လက္ေရွာင္လႊဲႏုိင္ခဲ့။

– ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္မွာ လူစားလဲခံခဲ့ရၿပီးတဲ့ေနာက္ ရာသီဥတုေအးေနလို႔ အဝတ္လဲခန္းထဲ သြားနားဖို႔ ခိုင္းခဲ့တာကို မသြားခဲ့ဘဲ အသင္းရဲ႕ ပြဲစဥ္ကို အရန္ခုံတန္းကေန ဆက္လက္ၾကည့္ရွဳေနခဲ့တဲ့ ဘ႐ူႏုိ ဖာနန္ဒက္စ္ရဲ႕ အာ႐ုံစူးစိုက္မွဳအတြက္ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားနဲ႔ အဖြဲ႕ဝင္ေတြ ခ်ီးက်ဴး။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်က မမျှော်လင့်ဘဲ ထွက်ခွာခဲ့ရတဲ့ ၃၂ သင်းအဆင့် ရှုံးပွဲအပေါ် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက ဒါဆိုရင် အာဆင်နယ်ပြီးရင် အလွယ်ဆုံးအသင်းနဲ့ပဲ သူတို့ နောက်တစ်ဆင့်မှာ တွေ့ရတော့မှာပေါ့လို့ တွစ်တာမှာ ရေးသားလှောင်ပြောင်။

– ယူရိုပါလိဂ် မတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာ ကြွက်သားဒဏ်ရာရသွားခဲ့လို့ လာမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်လွဲချော်နိုင်ပြီး အသစ်ခေါ်ယူထားတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဒီယွန် အီဂါလိုကို ဆက်လက်ပွဲထုတ်ရဖွယ်ရှိ။

– အသင်းကြီးအဆင့်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုယ်စားပြုခွင့်ရခဲ့တဲ့ ပထမဆုံး နိုင်ဂျီးရီးယားကစားသမားဖြစ်လာခဲ့တဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုအနေနဲ့ ယူရိုပါလိဂ်မှာ အသင်းအတွက် ပထမဆုံးပွဲထွက်မှုနဲ့အတူ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး နိုင်ဂျီးရီးယားကစားသမားစံချိန်ကို ထပ်မံရရှိ။

– ယူရိုပါလိဂ်မှာ အကောင်းဆုံးအိမ်ကွင်းစံချိန်တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ရိုဆင်ဘော့၊ PSV, AZ နဲ့ စပို့တင်းလစ္စဘွန်းတို့ကို အနိုင်ယူထားတဲ့ သြစတြီးယားကလပ် LASK လင့်ဇ်နဲ့ မန်ချက်စတာယူနိုက်တက်တွေ့ဆုံခဲ့ပြီး အသင်းကြီးချင်းတွေ့ဆုံမှုကို ဆက်လက်ရှောင်လွှဲနိုင်ခဲ့။

– ပွဲချိန် မိနစ် ၆၀ ကျော်မှာ လူစားလဲခံခဲ့ရပြီးတဲ့နောက် ရာသီဥတုအေးနေလို့ အဝတ်လဲခန်းထဲ သွားနားဖို့ ခိုင်းခဲ့တာကို မသွားခဲ့ဘဲ အသင်းရဲ့ ပွဲစဉ်ကို အရန်ခုံတန်းကနေ ဆက်လက်ကြည့်ရှုနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အာရုံစူးစိုက်မှုအတွက် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ အဖွဲ့ဝင်တွေ ချီးကျူး။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.