Premier League

မာစီယယ်လ်ကြောင့် ယူနိုက်တက်တို့ အရှုံးပေါ် အရှုံးဆင့်နေပြီလား

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ရှုံးပွဲမှာ ခြေစွမ်းပိုင်း တောက်ပခဲ့ပေမယ့် ပွဲကို သတ်နိုင်တဲ့ ဂိုးသွင်းအဆုံးအဖြတ်တွေမှာ ကျဆုံးနေခဲ့ပြီး မာစီယယ်လ်ရဲ့ လက်လွတ်စပယ် ဂိုးဖြုန်းတီးမှုတွေ​က ပွက်လောရိုက်စရာ ဖြစ်ခဲ့ပါတယ်။

ပွဲကို အလှည့်အပြောင်းလုပ်နိုင်မယ့် အပိုင်အခွင့်အရေးတွေကို လွှင့်ပစ်ခဲ့တဲ့ မာစီယယ်လ်က အဓိကတရားခံဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်​ကနေ လွတ်လွတ်ကျွတ်ကျွတ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မယ့် သက်သောင့်သက်သာ အခွင့်အရေးကိုပါ ယူနိုက်တက်တို့ လက်လွှတ်သွားခဲ့ရပါတယ်။

မာစီယယ်လ်ဟာ နာဂျယ်စ်မန်းရဲ့ လိုက်ပ်ဇစ်ကို တစစီဖြိုခွဲခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှာ ထူးရှယ်ခြေစွမ်းကို ပြသခဲ့ပေမယ့် ပုံမှန်ခြေစွမ်း မတည်မြဲမှုကနေတဆင့် ယူနိုက်တက်ရဲ့ အဆုံးသတ်ပိုင်းကို အထိနာစေတဲ့ စိုးရိမ်ရေမှတ်ဆီ ရောက်ရှိလာတာ ဖြစ်ပြီး ဒီရာသီ ငရဲခန်းမှာ မာစီယယ်လ်ကို မြင်တွေ့နေရပါတယ်။

ဒါကို လက်ခံလို့မရတဲ့ ပရိသတ်တွေအတွက် နည်းနည်းမှ စိတ်ကျေနပ်စရာ မရှိတဲ့ အနေအထား ဖြစ်ပြီး ပြီးခဲ့တဲဲ့ရာသီက ၂၄ ဂိုးသွင်းခဲ့တဲ့ မာစီယယ်လ်အစစ်ကို ပြန်လိုချင်နေကြတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားက မာစီယယ်လ်ကို ထပ်ပြီးကာကွယ်ပေးဖို့ ခက်လာပြီး အရန်ခုံကို ပို့ထားရမယ့် အခြေအနေ ဆိုက်လာပြီဆိုတာ အသေအချာပါပဲ။

နေရာပေးလို့ အလုပ်မဖြစ်တဲ့ မာစီယယ်လ်ကို ဆက်ပြီးနေရာပေးတဲ့အခါ ဂရင်းဝုဒ် သို့ ကာဗာနီတို့ရဲ့ ခြေစွမ်းကိုပါ ဆုံးရှုံးရမယ့်အခြေအနေကြောင့် ယူနိုက်တက်အတွက် အရှုံးပေါ် အရှုံးထပ်နေပြီလားဆိုတာ မဖြစ်မနေ ထုတ်ရမယ့် မေးခွန်းတခုဖြစ်လာပါတယ်။ ဆိုးလ်ရှားရဲ့ ကစားသမားတဦးချင်း ကိုင်တွယ်မှုစွမ်းရည်ကို ကြည့်ရမှာဖြစ်ပြီး မာစီယယ်လ်ကို ယုံကြည်မှုဆက်ပေးမလား၊ ခေါက်ထားလိုက်မလား ဆိုတာက ဆိုးလ်ရှား အပေါ် ဝကွက်​မူတည်နေတာ ဖြစ်ပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႕ ခ်န္ပီယံလိဂ္ရႈံးပြဲမွာ ေျခစြမ္းပိုင္း ေတာက္ပခဲ့ေပမယ့္ ပြဲကို သတ္နိုင္တဲ့ ဂိုးသြင္းအဆုံးအျဖတ္ေတြမွာ က်ဆဳံးေနခဲ့ၿပီး မာစီယယ္လ္ရဲ႕ လက္လြတ္စပယ္ ဂိုးျဖဳန္းတီးမႈေတြ​က ပြက္ေလာရိုက္စရာ ျဖစ္ခဲ့ပါတယ္။

ပြဲကို အလွည့္အေျပာင္းလုပ္နိုင္မယ့္ အပိုင္အခြင့္အေရးေတြကို လႊင့္ပစ္ခဲ့တဲ့ မာစီယယ္လ္က အဓိကတရားခံျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ အုပ္စုအဆင့္​ကေန လြတ္လြတ္ကြၽတ္ကြၽတ္နဲ႕ ရႈံးထြက္အဆင့္ကို တက္ေရာက္နိုင္မယ့္ သက္ေသာင့္သက္သာ အခြင့္အေရးကိုပါ ယူနိုက္တက္တို႔ လက္လႊတ္သြားခဲ့ရပါတယ္။

မာစီယယ္လ္ဟာ နာဂ်ယ္စ္မန္းရဲ႕ လိုက္ပ္ဇစ္ကို တစစီၿဖိဳခြဲခဲ့တဲ့ ယူနိုက္တက္တိုက္စစ္မွာ ထူးရွယ္ေျခစြမ္းကို ျပသခဲ့ေပမယ့္ ပုံမွန္ေျခစြမ္း မတည္ၿမဲမႈကေနတဆင့္ ယူနိုက္တက္ရဲ႕ အဆုံးသတ္ပိုင္းကို အထိနာေစတဲ့ စိုးရိမ္ေရမွတ္ဆီ ေရာက္ရွိလာတာ ျဖစ္ၿပီး ဒီရာသီ ငရဲခန္းမွာ မာစီယယ္လ္ကို ျမင္ေတြ႕ေနရပါတယ္။

ဒါကို လက္ခံလို႔မရတဲ့ ပရိသတ္ေတြအတြက္ နည္းနည္းမွ စိတ္ေက်နပ္စရာ မရွိတဲ့ အေနအထား ျဖစ္ၿပီး ၿပီးခဲ့တဲဲ့ရာသီက ၂၄ ဂိုးသြင္းခဲ့တဲ့ မာစီယယ္လ္အစစ္ကို ျပန္လိုခ်င္ေနၾကတာ ျဖစ္ပါတယ္။ ဆိုးလ္ရွားက မာစီယယ္လ္ကို ထပ္ၿပီးကာကြယ္ေပးဖို႔ ခက္လာၿပီး အရန္ခုံကို ပို႔ထားရမယ့္ အေျခအေန ဆိုက္လာၿပီဆိုတာ အေသအခ်ာပါပဲ။

ေနရာေပးလို႔ အလုပ္မျဖစ္တဲ့ မာစီယယ္လ္ကို ဆက္ၿပီးေနရာေပးတဲ့အခါ ဂရင္းဝုဒ္ သို႔ ကာဗာနီတို႔ရဲ႕ ေျခစြမ္းကိုပါ ဆုံးရႈံးရမယ့္အေျခအေနေၾကာင့္ ယူနိုက္တက္အတြက္ အရႈံးေပၚ အရႈံးထပ္ေနၿပီလားဆိုတာ မျဖစ္မေန ထုတ္ရမယ့္ ေမးခြန္းတခုျဖစ္လာပါတယ္။ ဆိုးလ္ရွားရဲ႕ ကစားသမားတဦးခ်င္း ကိုင္တြယ္မႈစြမ္းရည္ကို ၾကည့္ရမွာျဖစ္ၿပီး မာစီယယ္လ္ကို ယုံၾကည္မႈဆက္ေပးမလား၊ ေခါက္ထားလိုက္မလား ဆိုတာက ဆိုးလ္ရွား အေပၚ ဝကြက္​မူတည္ေနတာ ျဖစ္ပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.