Premier League

4 Dec – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဘီလီ ဂီးလ်မိုးဟာ ထူးခြားတဲ့ခြေစွမ်းကြောင့် အသင်းဖော်တွေရဲ့ လေးစားမှုကို ရရှိနေတဲ့ လူငယ်ခြေတ​က်လေးဖြစ်တယ်လို့ လမ်းပတ်ထုတ်ဖော်ခဲ့ပြီး အသင်းမှာ သူ့အတွက် အနာဂတ်အစီအစဥ်ကောင်းတွေ ရှိနေတယ်လို့ အတည်ပြုကြေငြာသွား။

လူနှစ်ယောက်စာ ပြေးလွှားကစားနေတဲ့ အန်ဂိုလို ကွန်တေရဲ့ လုပ်အားနှုန်းက ချယ်လ်ဆီးခံစစ်ကို မာကျောသွားစေခဲ့ပြီး ဂိုးသမား မန်ဒီအနေနဲ့ ကွန်တေရဲ့ အကျိုးကျေးဇူးကြောင့် ပေးဂိုးမရှိ Clean Sheet စံချိန်ချိုးဖို့ အထူးအခွင့်ကောင်း ဖြစ်လာခဲ့ကြောင်း ဂလန်းဟော်ဒယ် သုံးသပ်။

ဆီဗီလာနဲ့ပွဲမှာ ခိုင်ဟာဗတ်ဇ်နဲ့ ပူလီရှစ်ချ်တို့ကို လူစားလဲခဲ့ရတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လမ်းပတ် ရှင်းပြသွားခဲ့ပြီး နှစ်ဦးစလုံးကို ဒဏ်ရာပြန်မဖြစ်အောင် ကြိုတင်ကာကွယ်ထားခြင်းဖြစ်ကာ ပွဲချိန်မိနစ်များများ ပေးကစားဖို့ မစွန့်စားရဲသေးကြောင်း သိရ။

အသင်းပြောင်းဖို့ သတင်းတွေ​ ဆက်တိုက်ပြေးနေတဲ့ ဂျီရူးက သူ့ရဲ့အနာဂတ်အစီအစဥ်နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းမှာ ဆက်နေပြီး အောင်မြင်မှုတွေ ရယူသွားတော့မယ်လို့ ဆီဗီလာနဲ့ပွဲအပြီးမှာ တရားဝင်ကြေငြာသွားတဲ့နောက် ချယ်လ်ဆီးပရိသတ်တွေက တန်မီ အေဘရာဟမ်ကို အက်စတန် ဗီလာထံ ပြောင်းရွှေ့စေလိုနေ။

လမ်းပတ်နဲ့ အတိတ်ဆိုးတွေကို အတိတ်မှာခဝါချထားခဲ့ပြီ ဖြစ်တယ်လို့ ချယ်လ်ဆီးနဲ့ပွဲကြိုမှာ လိဒ်စ်နည်းပြ ဘီယယ်လ်ဆာ ဝန်ခံခဲ့ကာ အဲဒီအချိန်က လမ်းပတ်ကိုင်တွယ်နေတဲ့ ဒါဘီအသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်ကို သူလျှိုလွှတ်ပြီး ချောင်းမြောင်းခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒီအမှားတွေကို သင်ယူနားလည်ခဲ့ပါပြီလို့ ပြောသွား။

ချယ်လ်ဆီးနဲ့ လိဒ်စ်ပွဲစဥ်မှာ လမ်းပတ်ရဲ့တိုက်စစ်နည်းဗျူဟာက ဘီယယ်လ်ဆာရဲ့ စိတ်ကြိုက်ဖြစ်လာမယ်လို့ အိုဝင်သုံးသပ်ခဲ့ပြီးဘီယယ်လ်ဆာဆင်တဲ့ ထောင်ချောက်ထဲမှာ ချယ်လ်ဆီးတို့ ရုန်းကန်ရမယ်လို့ သတိပေးသွားခဲ့သလို ချယ်လ်ဆီး ၃-၂ လိဒ်စ် ဖြစ်မယ်လို့ ပွဲပြီးရလဒ် ခန့်မှန်း။

ဝက်စ်ဘရွမ်းနဲ့ စာချုပ်ချုပ်ဆိုပြီး ပရီးမီးယားလိဂ်ကို ပြန်လာခဲ့​တဲ့ ချယ်လ်ဆီးညာနောက်ခံလူဟောင်း အိုင်ဗန်နိုဗစ်ချ်က လမ်းပတ်ဟာ အင်္ဂလန်လက်ရွေးစင်နည်းပြနေရာနဲ့ လူမှန်နေရာမှန် ထိုက်တန်သူဖြစ်လာမယ်လို့ မှတ်ချက်ပေးသွားခဲ့သလို ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ မိမိကို သူငယ်ချင်းပေါင်း ပေါင်းသူဖြစ်ကြောင်း သတိတရပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘီလီ ဂီးလ္မိုးဟာ ထူးျခားတဲ့ေျခစြမ္းေၾကာင့္ အသင္းေဖာ္ေတြရဲ႕ ေလးစားမႈကို ရရွိေနတဲ့ လူငယ္ေျခတ​က္ေလးျဖစ္တယ္လို႔ လမ္းပတ္ထုတ္ေဖာ္ခဲ့ၿပီး အသင္းမွာ သူ႕အတြက္ အနာဂတ္အစီအစဥ္ေကာင္းေတြ ရွိေနတယ္လို႔ အတည္ျပဳေၾကျငာသြား။

လူႏွစ္ေယာက္စာ ေျပးလႊားကစားေနတဲ့ အန္ဂိုလို ကြန္ေတရဲ႕ လုပ္အားႏႈန္းက ခ်ယ္လ္ဆီးခံစစ္ကို မာေက်ာသြားေစခဲ့ၿပီး ဂိုးသမား မန္ဒီအေနနဲ႕ ကြန္ေတရဲ႕ အက်ိဳးေက်းဇူးေၾကာင့္ ေပးဂိုးမရွိ Clean Sheet စံခ်ိန္ခ်ိဳးဖို႔ အထူးအခြင့္ေကာင္း ျဖစ္လာခဲ့ေၾကာင္း ဂလန္းေဟာ္ဒယ္ သုံးသပ္။

ဆီဗီလာနဲ႕ပြဲမွာ ခိုင္ဟာဗတ္ဇ္နဲ႕ ပူလီရွစ္ခ်္တို႔ကို လူစားလဲခဲ့ရတဲ့ ဆုံးျဖတ္ခ်က္နဲ႕ ပတ္သက္လို႔ လမ္းပတ္ ရွင္းျပသြားခဲ့ၿပီး ႏွစ္ဦးစလုံးကို ဒဏ္ရာျပန္မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ထားျခင္းျဖစ္ကာ ပြဲခ်ိန္မိနစ္မ်ားမ်ား ေပးကစားဖို႔ မစြန့္စားရဲေသးေၾကာင္း သိရ။

အသင္းေျပာင္းဖို႔ သတင္းေတြ​ ဆက္တိုက္ေျပးေနတဲ့ ဂ်ီ႐ူးက သူ႕ရဲ႕အနာဂတ္အစီအစဥ္နဲ႕ ပတ္သက္ၿပီး ခ်ယ္လ္ဆီးအသင္းမွာ ဆက္ေနၿပီး ေအာင္ျမင္မႈေတြ ရယူသြားေတာ့မယ္လို႔ ဆီဗီလာနဲ႕ပြဲအၿပီးမွာ တရားဝင္ေၾကျငာသြားတဲ့ေနာက္ ခ်ယ္လ္ဆီးပရိသတ္ေတြက တန္မီ ေအဘရာဟမ္ကို အက္စတန္ ဗီလာထံ ေျပာင္းေ႐ႊ႕ေစလိုေန။

လမ္းပတ္နဲ႕ အတိတ္ဆိုးေတြကို အတိတ္မွာခဝါခ်ထားခဲ့ၿပီ ျဖစ္တယ္လို႔ ခ်ယ္လ္ဆီးနဲ႕ပြဲႀကိဳမွာ လိဒ္စ္နည္းျပ ဘီယယ္လ္ဆာ ဝန္ခံခဲ့ကာ အဲဒီအခ်ိန္က လမ္းပတ္ကိုင္တြယ္ေနတဲ့ ဒါဘီအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကို သူလွ်ိုလႊတ္ၿပီး ေခ်ာင္းေျမာင္းခဲ့လို႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရျခင္းျဖစ္ၿပီး ဒီအမွားေတြကို သင္ယူနားလည္ခဲ့ပါၿပီလို႔ ေျပာသြား။

ခ်ယ္လ္ဆီးနဲ႕ လိဒ္စ္ပြဲစဥ္မွာ လမ္းပတ္ရဲ႕တိုက္စစ္နည္းဗ်ဴဟာက ဘီယယ္လ္ဆာရဲ႕ စိတ္ႀကိဳက္ျဖစ္လာမယ္လို႔ အိုဝင္သုံးသပ္ခဲ့ၿပီးဘီယယ္လ္ဆာဆင္တဲ့ ေထာင္ေခ်ာက္ထဲမွာ ခ်ယ္လ္ဆီးတို႔ ႐ုန္းကန္ရမယ္လို႔ သတိေပးသြားခဲ့သလို ခ်ယ္လ္ဆီး ၃-၂ လိဒ္စ္ ျဖစ္မယ္လို႔ ပြဲၿပီးရလဒ္ ခန့္မွန္း။

ဝက္စ္ဘ႐ြမ္းနဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ပရီးမီးယားလိဂ္ကို ျပန္လာခဲ့​တဲ့ ခ်ယ္လ္ဆီးညာေနာက္ခံလူေဟာင္း အိုင္ဗန္နိုဗစ္ခ်္က လမ္းပတ္ဟာ အဂၤလန္လက္ေ႐ြးစင္နည္းျပေနရာနဲ႕ လူမွန္ေနရာမွန္ ထိုက္တန္သူျဖစ္လာမယ္လို႔ မွတ္ခ်က္ေပးသြားခဲ့သလို ခ်ယ္လ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ဟာ မိမိကို သူငယ္ခ်င္းေပါင္း ေပါင္းသူျဖစ္ေၾကာင္း သတိတရေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.