Premier League Transfer News

4 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဂရီမီယိုအသင်းကနေ သက်တမ်းမတိုးဘဲ ထွက်ခွာမယ့် ကွင်းလယ်လူ ဒီယေဂို ရိုဆာကို စာချုပ်ကုန်ဆုံးချိန်မှာ ခေါ်ယူနိုင်ဖို့ မန်ချက်စတာစီးတီး တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅.၂ သန်း ပေးချေပြီး ဆုကြေးခံစားခွင့်တွေအရ ပေါင် ၂၃ သန်း အထိ ပေးချေရနိုင်။

– မိုချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ခေါ်ယူနိုင်ဖို့ တခြားပရီးမီးယားလိဂ်အသင်းကြီးတွေထက် မန်စီးတီးတို့ လက်ဦးမှု ရယူနိုင်ဖွယ်ရှိနေပြီး အက်သလက်တီကိုကနေ ရောက်လာကတည်းက သံသယဖြစ်စရာ ခြေစွမ်းတွေနဲ့ ပရိသတ်မကြိုက်တဲ့ ရိုဒရီ ဟာနန်ဒက်ဇ် နေရာပျောက်ဖွယ်ရှိလာ။

– ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့ မကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှုတွေကြောင့် လီယွန်နယ် မက်ဆီရဲ့ လစာငွေကို UEFA ရဲ့ FFP စည်းမျဉ်းက လွတ်အောင် ပေးချေနိုင်စွမ်းမရှိချိန်မှာ ကြံတတ်ဖန်တတ်ပြီး ပိုမိုကြွယ်ဝမှုရှိတဲ့ မန်စီးတီးကပဲ ခေါ်ယူနိုင်ဖို့ရှိနေ။

– မန်ချက်စတာစီးတီးအတွက် အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုဟာ ဘယ်လောက်အရေးပါတဲ့ ကစားသမားလဲဆိုတာ အလွယ်တကူ ရှင်းပြဖို့တောင် မဖြစ်နိုင်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးသွားမယ်လို့ဆို။

– ဘန်လေနဲ့ပွဲမှာ အသင်းအတွက် ပထမဆုံးအဖွင့်ဂိုးကို သွင်းယူခဲ့တဲ့ ရီယက် မာရက်ဇ်ရဲ့ အသင်းလိုက် လှလှပပ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ သွင်းဂိုးက နိုဝင်ဘာလအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် ပဏာမ လျာထားခံရတဲ့ ၈ ဂိုးစာရင်းမှာ ပါဝင်နေ။

– မန်ချက်စတာစီးတီးအနေနနဲ့ အက်စ်တန်ဗီလာအသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို တကယ်တမ်း အလိုမရှိခဲ့ရင်တောင်မှ ဂျူဗင်တပ်စ်အသင်းက ခေါ်ယူမယ့်အချိန်မှာ ပိုမိုများပြားတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့ ပြန်လည်ခေါ်ယူခွင့် ပေါင်သန်း ၃၀ နဲ့ ကြားဝင်သွားဖွယ်ရှိနေ။

– ရူဘင် ဒီယက်စ်ဟာ မန်စီးတီးအသင်းရဲ့ ခံစစ်မှာ အမှားအယွင်း မရှိဆုံး နောက်ခံလူဖြစ်လို့ သူ့ကို ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထုတ်ဖွယ်ရှိနေပြီး နောက်ခံလူ ဘင်ဂျမင် မန်ဒီနဲ့ ဂျွန်စတုန်းစ်တို့အနေနဲ့လည်း ဦးစားပေးအဖြစ် ဆက်လက်ပါဝင်လာနိုင်ဖို့ ရှိနေကြောင်း အရိပ်အမြွက် ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဂရီမီယိုအသင္းကေန သက္တမ္းမတိုးဘဲ ထြက္ခြာမယ့္ ကြင္းလယ္လူ ဒီေယဂို ႐ိုဆာကို စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ ေခၚယူႏိုင္ဖို႔ မန္ခ်က္စတာစီးတီး တာဝန္ရွိသူေတြ လုပ္ေဆာင္ေနၿပီး ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅.၂ သန္း ေပးေခ်ၿပီး ဆုေၾကးခံစားခြင့္ေတြအရ ေပါင္ ၂၃ သန္း အထိ ေပးေခ်ရႏိုင္။

– မိုခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ေခၚယူႏိုင္ဖို႔ တျခားပရီးမီးယားလိဂ္အသင္းႀကီးေတြထက္ မန္စီးတီးတို႔ လက္ဦးမႈ ရယူႏိုင္ဖြယ္ရွိေနၿပီး အက္သလက္တီကိုကေန ေရာက္လာကတည္းက သံသယျဖစ္စရာ ေျခစြမ္းေတြနဲ႔ ပရိသတ္မႀကိဳက္တဲ့ ႐ိုဒရီ ဟာနန္ဒက္ဇ္ ေနရာေပ်ာက္ဖြယ္ရွိလာ။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ သူတို႔ရဲ႕ မကြၽမ္းက်င္တဲ့ စီမံခန႔္ခြဲမႈေတြေၾကာင့္ လီယြန္နယ္ မက္ဆီရဲ႕ လစာေငြကို UEFA ရဲ႕ FFP စည္းမ်ဥ္းက လြတ္ေအာင္ ေပးေခ်ႏိုင္စြမ္းမရွိခ်ိန္မွာ ႀကံတတ္ဖန္တတ္ၿပီး ပိုမိုႂကြယ္ဝမႈရွိတဲ့ မန္စီးတီးကပဲ ေခၚယူႏိုင္ဖို႔ရွိေန။

– မန္ခ်က္စတာစီးတီးအတြက္ အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳဟာ ဘယ္ေလာက္အေရးပါတဲ့ ကစားသမားလဲဆိုတာ အလြယ္တကူ ရွင္းျပဖို႔ေတာင္ မျဖစ္ႏိုင္ဘူးလို႔ နည္းျပ ဂြါဒီယိုလာက ေျပာၾကားလိုက္ၿပီး စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးသြားမယ္လို႔ဆို။

– ဘန္ေလနဲ႔ပြဲမွာ အသင္းအတြက္ ပထမဆုံးအဖြင့္ဂိုးကို သြင္းယူခဲ့တဲ့ ရီယက္ မာရက္ဇ္ရဲ႕ အသင္းလိုက္ လွလွပပ ပူးေပါင္းလုပ္ေဆာင္ခဲ့တဲ့ သြင္းဂိုးက ႏိုဝင္ဘာလအတြက္ အေကာင္းဆုံးသြင္းဂိုးအျဖစ္ ပဏာမ လ်ာထားခံရတဲ့ ၈ ဂိုးစာရင္းမွာ ပါဝင္ေန။

– မန္ခ်က္စတာစီးတီးအေနနနဲ႔ အက္စ္တန္ဗီလာအသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို တကယ္တမ္း အလိုမရွိခဲ့ရင္ေတာင္မွ ဂ်ဴဗင္တပ္စ္အသင္းက ေခၚယူမယ့္အခ်ိန္မွာ ပိုမိုမ်ားျပားတဲ့ ေဈးႏႈန္းနဲ႔ ေရာင္းခ်ႏိုင္ဖို႔ ျပန္လည္ေခၚယူခြင့္ ေပါင္သန္း ၃၀ နဲ႔ ၾကားဝင္သြားဖြယ္ရွိေန။

– ႐ူဘင္ ဒီယက္စ္ဟာ မန္စီးတီးအသင္းရဲ႕ ခံစစ္မွာ အမွားအယြင္း မရွိဆုံး ေနာက္ခံလူျဖစ္လို႔ သူ႔ကို ဖူလ္ဟမ္နဲ႔ပြဲမွာ ပြဲထုတ္ဖြယ္ရွိေနၿပီး ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီနဲ႔ ဂြၽန္စတုန္းစ္တို႔အေနနဲ႔လည္း ဦးစားေပးအျဖစ္ ဆက္လက္ပါဝင္လာႏိုင္ဖို႔ ရွိေနေၾကာင္း အရိပ္အႁမြက္ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.