Premier League

4 Dec နောက်ဆုံးရ လီဗာပူးလ် သတင်းများ စုစည်းမှု

ဘလက်ဘန်းအသင်းမှာ အငှားချခံထားရတဲ့ ဟာဗေး အီးလီးယော့ဟာ ‘အင်္ဂလန်ရဲ့ မက်ဆီ’ အဖြစ် နာမည်ကြီးနေပြီး သူဟာ ဘယ်သန်တဲ့အပြင် မီလ်ဝေါလ်အသင်းကို သွင်းယူခဲ့တဲ့ဂိုးက မက်ဆီလက်သစ်အဖြစ် ဟစ်ကြွေးစရာဖြစ်ခဲ့။

ငယ်ဘဝမှာ ဝိန်းရွန်နီရဲ့ ပရိသတ်ဖြစ်ခဲ့​ကြောင်း ထရန့် အလက်ဇန်းဒါး အာနိုးလ်က ဝန်ခံခဲ့ပြီး ဘဝကို လွှမ်းမိုးထားတဲ့ သူရဲကောင်းဟာ လီဗာပူးလ်ရဲ့ ဂန္ထဝင်ကစားသမား စတီဗင် ဂျရတ်ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့။

နည်းပြကလော့ပ်အနေနဲ့ ဖာနန်ဒို တောရက်စ်လက်သစ်အဖြစ် သတ်မှတ်ခံထားရတဲ့ အသင်းအကယ်ဒမီက ၁၈ နှစ်အရွယ် တိုက်စစ်မှူး လေတန် စတီးဝပ်ကို ဖိအားမရှိတဲ့ မစ်ဂျီလန်းနဲ့ပွဲမှာ ချန်ပီယံလိဂ် ပွဲဦးထွက်အဖြစ် ပွဲထုတ်လာဖွယ်ရှိ။

ကြွက်သားဒဏ်ရာ ရရှိထားကြတဲ့ နာဘီ ကီတာနဲ့ ထရန့် အလက်ဇန်းဒါး အာနိုးလ်တို့ဟာ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာ ပြန်လည်ပူးပေါင်းဖို့ နီးစပ်နေပြီး အိုင်းယတ်စ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့တဲ့ အယ်လစ်ဆန် ဘက်ကာ ဝုဗ်နဲ့ပွဲကို လွဲချော်မည်ဖြစ်။

အိုင်းယတ်စ်နဲ့ပွဲမှာ နောက်ကျဒဏ်ရာခံစားခဲ့ကြရတဲ့ ဂျော်ဒန် ဟန်ဒါဆန်နဲ့ အန်ဒီ ရော်ဘတ်ဆန်တို့ဟာ ဝုဗ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ စိတ်ချရဖွယ်ရှိပြီး ဂျိမ်းစ်မီလ်နာနဲ့ ရှာကျီရီတို့ကို အသင်းလေ့ကျင့်ရေးမှာ မကြာမီ မြင်တွေ့လာရဖို့များနေ။

လီဗာပူးလ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ကြီးကြီးမားမား ထွက်ပေါ်နေတဲ့ လူငယ်ကြယ်ပွင့်တဦးဖြစ်တဲ့ စပို့တင်း ဗဟိုခံစစ်မှူး နူနို မန်ဒက်စ်ကို ပေါင် ၂၂ သန်းနဲ့ ကမ်းလှမ်းလိုက်ပေမယ့် စျေးပေါပေါနဲ့ ရောင်းချလိုစိတ်မရှိတဲ့ စပို့တင်းက ပယ်ချသွားခဲ့။

ဒီဇင်ဘာပွဲကျပ်ကာလဟာ ချန်ပီယံဖြစ်မယ့်အသင်းကို မှတ်ကျောက်တင်သွားမှာဖြစ်တယ်လို့ ဂျီလ်ဘာတို ဆေးလ်ဗားက သုံးသပ်ခဲ့ပြီး ရဲရဲကြီး ပြောရဲတာက လီဗာပူးလ်နဲ့ စပါးတို့နှစ်သင်းသာ ဒီအဆုံးအဖြတ်ကာလကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို အပြိုင်စိန်သွားခေါ်ကြမယ်လို့ ဟောကိန်းထုတ်လိုက်။

ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်လ် ခရိတ်နဲ့ ပူးပေါင်းကာ ယာဂင် ကလော့ပ်ဟာ ပရီးမီယားလိဂ်ဖလားရရှိခဲ့တဲ့ ပြီးခဲ့တဲ့ရာသီတလျှောက် သူ့ရဲ့ Trademark အဖြစ်ဝတ်ဆင်ခဲ့တဲ့ ဦးထုပ်နဲ့ မျက်မှန်ကို လှူဒါန်းပြီး ဥရောပ ဒုက္ခသည်တွေအတွက် ခရစ္စမတ်ကာလမှာ ရန်ပုံငွေ ရှာဖွေပေးသွားမှာဖြစ်ပြီး နာမည်ကြီးအနေနဲ့ ဘိုင်ယန်ကစားသမား ဒေးဗစ် အလာဘာလည်း ဒီပရဟိတ အစီအစဉ်မှာ ပါဝင်လာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘလက္ဘန္းအသင္းမွာ အငွားခ်ခံထားရတဲ့ ဟာေဗး အီးလီးေယာ့ဟာ ‘အဂၤလန္ရဲ႕ မက္ဆီ’ အျဖစ္ နာမည္ႀကီးေနၿပီး သူဟာ ဘယ္သန္တဲ့အျပင္ မီလ္ေဝါလ္အသင္းကို သြင္းယူခဲ့တဲ့ဂိုးက မက္ဆီလက္သစ္အျဖစ္ ဟစ္ေႂကြးစရာျဖစ္ခဲ့။

ငယ္ဘဝမွာ ဝိန္း႐ြန္နီရဲ႕ ပရိသတ္ျဖစ္ခဲ့​ေၾကာင္း ထရန္႔ အလက္ဇန္းဒါး အာႏိုးလ္က ဝန္ခံခဲ့ၿပီး ဘဝကို လႊမ္းမိုးထားတဲ့ သူရဲေကာင္းဟာ လီဗာပူးလ္ရဲ႕ ဂႏၴဝင္ကစားသမား စတီဗင္ ဂ်ရတ္ျဖစ္တယ္လို႔ ထုတ္ေဖာ္ခဲ့။

နည္းျပကေလာ့ပ္အေနနဲ႔ ဖာနန္ဒို ေတာရက္စ္လက္သစ္အျဖစ္ သတ္မွတ္ခံထားရတဲ့ အသင္းအကယ္ဒမီက ၁၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ေလတန္ စတီးဝပ္ကို ဖိအားမရွိတဲ့ မစ္ဂ်ီလန္းနဲ႔ပြဲမွာ ခ်န္ပီယံလိဂ္ ပြဲဦးထြက္အျဖစ္ ပြဲထုတ္လာဖြယ္ရွိ။

ႂကြက္သားဒဏ္ရာ ရရွိထားၾကတဲ့ နာဘီ ကီတာနဲ႔ ထရန္႔ အလက္ဇန္းဒါး အာႏိုးလ္တို႔ဟာ အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ျပန္လည္ပူးေပါင္းဖို႔ နီးစပ္ေနၿပီး အိုင္းယတ္စ္နဲ႔ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရခဲ့တဲ့ အယ္လစ္ဆန္ ဘက္ကာ ဝုဗ္နဲ႔ပြဲကို လြဲေခ်ာ္မည္ျဖစ္။

အိုင္းယတ္စ္နဲ႔ပြဲမွာ ေနာက္က်ဒဏ္ရာခံစားခဲ့ၾကရတဲ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ အန္ဒီ ေရာ္ဘတ္ဆန္တို႔ဟာ ဝုဗ္နဲ႔ပြဲမွာ ပါဝင္ကစားဖို႔ စိတ္ခ်ရဖြယ္ရွိၿပီး ဂ်ိမ္းစ္မီလ္နာနဲ႔ ရွာက်ီရီတို႔ကို အသင္းေလ့က်င့္ေရးမွာ မၾကာမီ ျမင္ေတြ႕လာရဖို႔မ်ားေန။

လီဗာပူးလ္အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြ ႀကီးႀကီးမားမား ထြက္ေပၚေနတဲ့ လူငယ္ၾကယ္ပြင့္တဦးျဖစ္တဲ့ စပို႔တင္း ဗဟိုခံစစ္မႉး ႏူႏို မန္ဒက္စ္ကို ေပါင္ ၂၂ သန္းနဲ႔ ကမ္းလွမ္းလိုက္ေပမယ့္ ေစ်းေပါေပါနဲ႔ ေရာင္းခ်လိုစိတ္မရွိတဲ့ စပို႔တင္းက ပယ္ခ်သြားခဲ့။

ဒီဇင္ဘာပြဲက်ပ္ကာလဟာ ခ်န္ပီယံျဖစ္မယ့္အသင္းကို မွတ္ေက်ာက္တင္သြားမွာျဖစ္တယ္လို႔ ဂ်ီလ္ဘာတို ေဆးလ္ဗားက သုံးသပ္ခဲ့ၿပီး ရဲရဲႀကီး ေျပာရဲတာက လီဗာပူးလ္နဲ႔ စပါးတို႔ႏွစ္သင္းသာ ဒီအဆုံးအျဖတ္ကာလကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆုကို အၿပိဳင္စိန္သြားေခၚၾကမယ္လို႔ ေဟာကိန္းထုတ္လိုက္။

ဂ်ိမ္းစ္ဘြန္းမင္းသား ဒန္နီယယ္လ္ ခရိတ္နဲ႔ ပူးေပါင္းကာ ယာဂင္ ကေလာ့ပ္ဟာ ပရီးမီယားလိဂ္ဖလားရရွိခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီတေလွ်ာက္ သူ႔ရဲ႕ Trademark အျဖစ္ဝတ္ဆင္ခဲ့တဲ့ ဦးထုပ္နဲ႔ မ်က္မွန္ကို လႉဒါန္းၿပီး ဥေရာပ ဒုကၡသည္ေတြအတြက္ ခရစၥမတ္ကာလမွာ ရန္ပုံေငြ ရွာေဖြေပးသြားမွာျဖစ္ၿပီး နာမည္ႀကီးအေနနဲ႔ ဘိုင္ယန္ကစားသမား ေဒးဗစ္ အလာဘာလည္း ဒီပရဟိတ အစီအစဥ္မွာ ပါဝင္လာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.