Premier League
နွေရာသီမှာ အာဆင်နယ်ရောင်းချရမယ့် ကမ္ဘာ့အဆင့်လို့ဆိုသူတွေနဲ့ ကစားသမားအချို့
အလက်ဇန်းဒါး လာကာဇက် – ပြီးခဲ့တဲ့နှစ်က အူဘာမီယန်းရဲ့ ဂိုးတွေကို အထောက်အကူပေးခဲ့သလို ဖိအားတွေလည်း ခွဲဝေယူခဲ့တဲ့ လာကာဇက်ဟာ လက်ရှိအသင်းရဲ့တိုက်စစ်မှာတော့ အဖြုန်းတီးဆုံးနဲ့ ယုံကြည်ချက်အကင်းမဲ့ဆုံး လူသားတစ်ဦးဖြစ်နေပါတယ်။ အပိုင်အခွင့်အရေးတွေကို လွဲချော်နေခဲ့သလို သူ့ရဲ့အနုတ်အသိမ်းလေးတဲ့ ပုံစံကလည်း အခွင့်အရေးတွေကို လျော့ကျစေပြီး ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးကိုပါ ပျောက်ဆုံးစေပြီး ဂိုးရှေ့က ဆုံးဖြတ်ချက်တွေကလည်း ဆိုးရွားနေခဲ့ပါတယ်။
အားမနာတမ်းပြောရရင် သူနဲ့ အိုဇေးလ်ရဲ့ နှစ်ယောက်စာအလုပ်မျိုးနဲ့ အကျိုးပြုနိုင်မှုတွေဟာ မန်စီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ဆိုရင် အင်အား ၅၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ထုတ်ရမယ့် အလုပ်မျိုးဖြစ်နေပြီး ဒီဘရိုင်းနားရဲ့ လစာငွေဟာ တစ်ပတ်ကို ပေါင် နှစ်သိန်းရှစ်သောင်းသာဖြစ်လို့ အသင်းအတွက် ငွေကြေးအလဟဿဖြစ်နေမှုကိုလည်း မြင်နိုင်ပါတယ်။
KIZARNO
SPORTS A2Z.
UNICODE: အာဆင်နယ်အသင်းအနေနဲ့ မော်ဒန်ဘောလုံးမှာ ဘယ်လိုအံဝင်အောင်ကစားရမယ်ဆိုတာကို ကစားသမားတွေဘက်က သင်ယူလေ့လာမှု အားနည်းနေပြီး နည်းဗျူဟာကြွယ်ဝပေမယ့် အတွေ့အကြုံနုတဲ့ နည်းပြ မိုက်ကယ် အာတီတာနဲ့ ပေါင်းလိုက်ရင် ဘာတွေဖြစ်သွားနိုင်တယ်ဆိုတာ ယူရိုပါ ၃၂ သင်းအဆင့် လှည့်ပြန်ခဲ့ရတဲ့ ပွဲစဉ်က တပ်လှန့်လိုက်တာဖြစ်ပြီး နွေမှာတော့ တချို့ကို ရှင်းထုတ်ရဖွယ် ရှိနေပါတယ်။
အိုလံပီယာကော့စ်ကို ရင်ဆိုင်လာခဲ့တဲ့ လူစာရင်းဟာ စာရွက်ပေါ်က လူစာရင်းသက်သက်လည်းဖြစ်ခဲ့ပြီး ဒီနာမည်တွေကနေ အသင်းကို အသာစီးရအောင် ကစားနိုင်မယ့် စွမ်းဆောင်ရည်တွေ ထုတ်မပေးနိုင်ခဲ့သလို ပွဲကို စီမံခန့်ခွဲမှု Game Management ပိုင်းမှာလည်း ညံ့ဖျင်းခဲ့ပြီး စဉ်ဆက်မပြတ် တိုက်စစ်ဆင်ရမယ့်အစား ဘောလုံးကိုင်ကစားပြီး တစ်ဖက်အသင်းကို အချိန်ပေးနေတာကလည်း ရုပ်တော်တော်ပျက်ခဲ့တာပါ။
ဒီပွဲအပြီးမှာ အာဆင်နယ်ကစားသမားတချို့ကို ရောင်းထုတ်ဖို့ ကျွမ်းကျင်သူတွေကလည်း အကြံပေးနေကြပြီး ဒီထဲမှာ ကွင်းလယ်က မီဆတ် အိုဇေးလ်၊ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်တို့လို ကစားသမားတွေ ပါဝင်နေပြီး အသင်းရဲ့ လစာအလကားပေးချေနေရတဲ့ Fringe Player တချို့လည်း ပါဝင်နေခဲ့ပါတယ်။
မီဆတ် အိုဇေးလ် – အိုဇေးလ်ရဲ့ အကောင်းဆုံးအချိန်တွေဟာ အာဆင်ဝင်းဂါးနဲ့အတူ ကုန်လွန်သွားပြီလို့ ပြောလို့ရပြီး သူ့ရဲ့ ကြီးမြင့်လှတဲ့ လစာငွေဟာ အသင်းအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သလို အသင်းမှာ ဒီပမာဏရဲ့ တစ်ဝက်ကို လိုက်မီတဲ့ ကစားသမား လက်တစ်ဆုပ်စာလောက်ပဲ ရှိနေတာကလည်း ပြောစရာကြီးလိုဖြစ်နေခဲ့ပါတယ်။
သူ့ရဲ့အကောင်းဆုံးရာသီဖြစ်တဲ့ ၂၀၁၅-၁၆ ရာသီက ပြိုင်ပွဲစုံမှာ ၈ ဂိုးသွင်းပြီး ဂိုး ၂၀ ဖန်တီးပေးတာ မယုံရင် ပုံပြင်မှတ်လို့ ဆိုရမလိုဖြစ်နေပြီး သူ့ထက် လစာငွေ ၁၁၆ ဆ နည်းတဲ့ လူငယ်ကစားသမား ဆာကာက အသင်းမှာ အဓိက ဖန်တီးရှင် ဖြစ်နေခဲ့တာကတော့ အတော်လေး ရုပ်ပေါက်နေခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ သူ့ရဲ့ လက်ကျန်လစာငွေ ပေါင် ၁၈.၂ သန်းကို လျှော့ချစေချင်နေကြတာပါ။
အလက်ဇန်းဒါး လာကာဇက် – ပြီးခဲ့တဲ့နှစ်က အူဘာမီယန်းရဲ့ ဂိုးတွေကို အထောက်အကူပေးခဲ့သလို ဖိအားတွေလည်း ခွဲဝေယူခဲ့တဲ့ လာကာဇက်ဟာ လက်ရှိအသင်းရဲ့တိုက်စစ်မှာတော့ အဖြုန်းတီးဆုံးနဲ့ ယုံကြည်ချက်အကင်းမဲ့ဆုံး လူသားတစ်ဦးဖြစ်နေပါတယ်။ အပိုင်အခွင့်အရေးတွေကို လွဲချော်နေခဲ့သလို သူ့ရဲ့အနုတ်အသိမ်းလေးတဲ့ ပုံစံကလည်း အခွင့်အရေးတွေကို လျော့ကျစေပြီး ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးကိုပါ ပျောက်ဆုံးစေပြီး ဂိုးရှေ့က ဆုံးဖြတ်ချက်တွေကလည်း ဆိုးရွားနေခဲ့ပါတယ်။
အားမနာတမ်းပြောရရင် သူနဲ့ အိုဇေးလ်ရဲ့ နှစ်ယောက်စာအလုပ်မျိုးနဲ့ အကျိုးပြုနိုင်မှုတွေဟာ မန်စီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ဆိုရင် အင်အား ၅၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ထုတ်ရမယ့် အလုပ်မျိုးဖြစ်နေပြီး ဒီဘရိုင်းနားရဲ့ လစာငွေဟာ တစ်ပတ်ကို ပေါင် နှစ်သိန်းရှစ်သောင်းသာဖြစ်လို့ အသင်းအတွက် ငွေကြေးအလဟဿဖြစ်နေမှုကိုလည်း မြင်နိုင်ပါတယ်။
ဆိဒ် ကိုလာစီနက်ချ် – ဒီကစားသမားရဲ့ Tank ဆိုတဲ့ အမည်ဟာ ရောက်စကတော့ ဟုတ်သလိုလိုပါပဲ။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ပါးနပ်မှုမရှိတဲ့ ကစားဟန်ကြောင့် ဒဏ်ရာတွေ များသလာခဲ့သလို ဘောလုံးရရင် ခေါင်းကြီးငုံ့ပြီး ဂိုးနားရောက်နေတာတောင် မကန်ဘဲ ဖြတ်တင်နေတာ ကတော့ အမေမှာ မှာတဲ့အတိုင်းဖြစ်နေပြီး ဘောလုံးသမားတစ်ယောက်မှာ ရှိသင့်တဲ့ ဉာဏ်ကွန့်မြူးမှုမျိုး မထုတ်နိုင်သလိုဖြစ်နေပါတယ်။
သူ့ရဲ့နေရာကို ဒီရာသီမှာ ဆဲလ်တစ်က ရောက်လာတဲ့ ကီရန် တီယာနီက သိမ်းပိုက်ဖို့ လုပ်နေပြီး လူငယ်ကစားသမား ဆာကာကလည်း သူ့နေရာမဟုတ်ပေမယ့် ဖန်တီးမှုတွေနဲ့ ရှေ့တန်းရောက်လာခဲ့ပါတယ်။ ကိုယ်လုံးချင်း ဝင်တိုက်မိရုံနဲ့ ပခုံးဒဏ်ရာရသွားတဲ့အဖြစ်ကတော့ ပရိသတ်တွေကို ငိုအားထက် ရယ်အားသန်စေပြီး သူ့ရဲ့နေ့ရက်တွေ ကုန်ဆုံးဖို့ဆိုရင် ဘယ်သူကမှ ကန့်ကွက်ကြတော့မယ် မထင်ပါဘူး။
ကျန်တဲ့ကစားသမားတွေကတော့ အသင်းအတွက် ရှိနေလဲ အသုံးမဝင်သူမျိုးတွေလို့ သတ်မှတ်ထားကြတဲ့ နောက်ခံလူ ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်၊ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီနဲ့ ဟင်းနရစ် မစ်ခီတာရီယန်တို့ ဖြစ်ကြပြီး ရှကိုဒရန် မူစတာဖီကတော့ လက်ရှိမှာ အကောင်းဆုံး ရုန်းပြနေတဲ့ နောက်ခံလူအဖြစ် ဒီစာရင်းထဲကနေထွက်ပြီး ပထမကစားသမားစာရင်းကို ပြန်လည်ဝင်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။
ဒီကစားသမားတွေဆီကနေ ပြောင်းရွှေ့ကြေးကို အသာဖယ်ထားပြီး လစာငွေ ပေါင်သန်း ၅၀ နီးပါး ချွေတာနိုင်မှာဖြစ်ပြီး လစာငွေကပဲ ကစားသမားသစ်တစ်ယောက် ဝယ်ယူနိုင်မှာဖြစ်သလို ပြောင်းရွှေ့ကြေးတွေကလည်း ကစားသမားသစ်နှစ်ယောက်လောက် ထပ်မံဝယ်ယူနိုင်မှာဖြစ်လို့ ငွေမသုံးလို့ မအောင်မြင်၊ မအောင်မြင်လို့ ငွေမသုံး… မုန့်လုံးကို စက္ကူကပ်၊ ဂျာအေးကို သူ့အမေရိုက်နေတဲ့ အာဆင်နယ်ရဲ့ ပေါ်လစီကိုလည်း တတ်နိုင်သရွေ့တော့ ပြောင်းလဲရဖို့ ဒီနွေရာသီမှာ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ သုံးသပ်လိုက်ရပါတယ်။
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.