Premier League

မိုက်ကယ် အိုဝင်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အတွက် ခန့်မှန်းချက်များ

ရှက်ဖီးလ် ၀-၂ လက်စတာစီးတီး
ဒီပွဲမှာ လက်စတာကပဲ သက်သောင့်သက်သာနဲ့ ရှက်ဖီးလ်ကို အဝေးကွင်းမှာ ချိုးနှိမ်သွားမယ်လို့ အိုဝင်က ခန့်မှန်းခဲ့ပြီး တန်းဆင်းဇုန်ထဲက ရှက်ဖီးလ်ရဲ့ ရုန်းအားကိုသာ လက်စတာတို့ တချက်သတိပြုစရာရှိနေပြီး ၂ ဂိုးပြတ်နဲ့ နိုင်မယ်လို့ သုံးသပ်ထားပါတယ်။

ဘရိုက်တန် ၀-၂ ဆောက်သမ်တန်
​​ခြေစွမ်းမာကျောပြီး ခက်ထန်တဲ့ ဖျက်မြင်း နှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာနဲ့ လေးမှတ်သာကွာတဲ့ သူတော်စင်တွေက ယူနိုက်တက်နဲ့ ရှုံးပွဲအပြီးမှာ အကောင်းဆုံး ပြန်ရုန်းထပြီး နှစ်ဂိုးပြတ်နဲ့ အဝေးကွင်းနိုင်ပွဲရမယ်လို့ အိုဝင်ရဲ့ ခန့်မှန်းမှုရှိခဲ့ပါတယ်။

မန်စီးတီး ၅-၀ ဖူလ်ဟမ်
ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ ဂိုးသွင်းခြေတွေ့ခဲ့ပြီး အပြာရောင်တောက်နေတဲ့ မန်စီးတီးတို့ ဒီတပတ်မှာလည်း တန်းဆင်းဇုန်းထဲက နောက်ထပ်အသင်းတသင်းကို လွယ်လွယ်ကူကူပဲ ကျော်ဖြတ်ပြီး တိုက်စစ်က ဂိုးမိုးရွာသွားမှာဖြစ်ကာ အိမ်ကွင်းမှာ ငါးဂိုးပြတ်နိုင်မယ်လို့ အိုဝင်ကခန့်မှန်းထားပါတယ်။

ဝက်စ်ဟမ်း ၂-၁ မန်ချက်စတာ ယူနိုက်တက်
ချန်ပီယံလိဂ်မှာ အိမ်ကွင်း ရှုံးပွဲကြုံပြီး အထိနာခဲ့တဲ့ ယူနိုက်တက်တို့ ဒီပွဲမှာလည်း ဝက်စ်ဟမ်းရဲ့ မာကျောမှုကို မကျော်နိုင်ဘူးလို့ အိုဝင်က ယူဆထားပါတယ်။ ခြေစွမ်းမငြိမ်တဲ့ ယူနိုက်တက်ကို အိမ်ရှင်တွေက အနိမ့်ဆုံးသရေနဲ့ အနိုင်ပဲလို့ သုံးသပ်ထားပါတယ်။

လီဗာပူးလ် ၃-၁ ဝုဗ်
အိုင်းယတ်စ်ကိုနိုင်ပြီး ​ခြေစွမ်းတက်နေတဲ့ လီဗာပူးလ်တို့ ကစားရခက်တဲ့ ဝုဗ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ရင်ဆိုင်ရမှာပါ။ ဂျိုတာက အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့် ထူးခြားပွဲစဥ်ဖြစ်လာပြီး လီဗာပူးလ်ကပဲ ဂျိုတာရဲ့ သွင်းဂိုးတွေနဲ့ ဝုဗ်ကို အနိုင်ကစားသွားမယ်လို့ ခန့်မှန်းထားတာပါ။ တိုက်စစ်မှာ ရာအူးလ် ဟင်မီနက်စ် ဒဏ်ရာရသွားတဲ့ ဝုဗ်က တဂိုးလောက်သာသွင်းပြီး လီဗာပူးလ်က ၃-၁ နဲ့ အသာစီးရသွားဖို့ ရှိနေပါတယ်။

ချယ်လ်ဆီး ၃-၂ လိဒ်စ်ယူနိုက်တက်
ဒီရာသီရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဥ်တပွဲဆိုလည်း မမှားပါဘူး။ ဝါနုပေမယ့် နောက်ဆုံး ၁၂ ပွဲမှာ ၉ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားတဲ့ လမ်းပတ်နဲ့ နာမည်ကြီး ဝါရင့်နည်းပြကြီး ဘီယယ်လ်ဆာတို့ ထိပ်တိုက်တွေ့ဆုံပွဲက ရင်ခုန်စရာပါ။ တရစပ်တိုက်စစ်ဆင်လာမယ့် ချယ်လ်ဆီးကို လိဒ်စ်တို့က ထောင်ဖမ်းပြီး ကောင်တာနဲ့ ၂ ဂိုးယူကာ ချယ်လ်ဆီးကပဲ တိုက်စစ်အားသာချက်နဲ့ ၃ ဂိုးသွင်းပြီး အိမ်ရှင်အနိုင်နဲ့ ပွဲသိမ်းသွားမယ်လို့ အိုဝင်ရဲ့ ခန့်မှန်းမှု ရှိလာခဲ့ပါတယ်။

စပါး ၂-၁ အာဆင်နယ်
ဒီတပတ်ရဲ့ အရေးအကြီးဆုံး ပွဲစဥ်တပွဲဖြစ်တဲ့ လန်ဒန်ဒါဘီမှာ မော်ရင်ညိုနဲ့ အာတီတာတို့ရဲ့ နည်းဗျူဟာကစားပွဲက စိတ်လှုပ်ရှားမှုပေးစွမ်းလာမှာဖြစ်ပြီး တိုက်စစ်ရော ခံစစ်ပါ လိုသလို အရောင်ပြောင်းပြီး ကစားနိုင်တဲ့ စပါးက အိမ်ကွင်းအားသာချက်နဲ့အတူ အာဆင်နယ်ကို ထိုးနှက်သွားဖို့ ပိုအခွင့်အရေးသာနေပြီး မော်ရင်ညိုရဲ့ အစွမ်းပြပုံနဲ့ ကပ်အနိင်ရသွားမယ်လို့ အိုဝင်​က ခန့်မှန်းထားပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရွက္ဖီးလ္ ၀-၂ လက္စတာစီးတီး
ဒီပြဲမွာ လက္စတာကပဲ သက္ေသာင့္သက္သာနဲ႔ ရွက္ဖီးလ္ကို အေဝးကြင္းမွာ ခ်ိဳးႏွိမ္သြားမယ္လို႔ အိုဝင္က ခန္႔မွန္းခဲ့ၿပီး တန္းဆင္းဇုန္ထဲက ရွက္ဖီးလ္ရဲ႕ ႐ုန္းအားကိုသာ လက္စတာတို႔ တခ်က္သတိျပဳစရာရွိေနၿပီး ၂ ဂိုးျပတ္နဲ႔ ႏိုင္မယ္လို႔ သုံးသပ္ထားပါတယ္။

ဘ႐ိုက္တန္ ၀-၂ ေဆာက္သမ္တန္
​​ေျခစြမ္းမာေက်ာၿပီး ခက္ထန္တဲ့ ဖ်က္ျမင္း ႏွစ္သင္း ထိပ္တိုက္ေတြ႕တဲ့ပြဲၿပီး အမွတ္ေပးဇယား အဆင့္ ၁ ေနရာနဲ႔ ေလးမွတ္သာကြာတဲ့ သူေတာ္စင္ေတြက ယူႏိုက္တက္နဲ႔ ရႈံးပြဲအၿပီးမွာ အေကာင္းဆုံး ျပန္႐ုန္းထၿပီး ႏွစ္ဂိုးျပတ္နဲ႔ အေဝးကြင္းႏိုင္ပြဲရမယ္လို႔ အိုဝင္ရဲ႕ ခန္႔မွန္းမႈရွိခဲ့ပါတယ္။

မန္စီးတီး ၅-၀ ဖူလ္ဟမ္
ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ပြဲမွာ ဂိုးသြင္းေျခေတြ႕ခဲ့ၿပီး အျပာေရာင္ေတာက္ေနတဲ့ မန္စီးတီးတို႔ ဒီတပတ္မွာလည္း တန္းဆင္းဇုန္းထဲက ေနာက္ထပ္အသင္းတသင္းကို လြယ္လြယ္ကူကူပဲ ေက်ာ္ျဖတ္ၿပီး တိုက္စစ္က ဂိုးမိုး႐ြာသြားမွာျဖစ္ကာ အိမ္ကြင္းမွာ ငါးဂိုးျပတ္ႏိုင္မယ္လို႔ အိုဝင္ကခန္႔မွန္းထားပါတယ္။

ဝက္စ္ဟမ္း ၂-၁ မန္ခ်က္စတာ ယူႏိုက္တက္
ခ်န္ပီယံလိဂ္မွာ အိမ္ကြင္း ရႈံးပြဲႀကဳံၿပီး အထိနာခဲ့တဲ့ ယူႏိုက္တက္တို႔ ဒီပြဲမွာလည္း ဝက္စ္ဟမ္းရဲ႕ မာေက်ာမႈကို မေက်ာ္ႏိုင္ဘူးလို႔ အိုဝင္က ယူဆထားပါတယ္။ ေျခစြမ္းမၿငိမ္တဲ့ ယူႏိုက္တက္ကို အိမ္ရွင္ေတြက အနိမ့္ဆုံးသေရနဲ႔ အႏိုင္ပဲလို႔ သုံးသပ္ထားပါတယ္။

လီဗာပူးလ္ ၃-၁ ဝုဗ္
အိုင္းယတ္စ္ကိုႏိုင္ၿပီး ​ေျခစြမ္းတက္ေနတဲ့ လီဗာပူးလ္တို႔ ကစားရခက္တဲ့ ဝုဗ္ကို အိမ္ကြင္း အန္ဖီးလ္မွာ ရင္ဆိုင္ရမွာပါ။ ဂ်ိဳတာက အသင္းေဟာင္းနဲ႔ ျပန္ရင္ဆိုင္ရမယ့္ ထူးျခားပြဲစဥ္ျဖစ္လာၿပီး လီဗာပူးလ္ကပဲ ဂ်ိဳတာရဲ႕ သြင္းဂိုးေတြနဲ႔ ဝုဗ္ကို အႏိုင္ကစားသြားမယ္လို႔ ခန္႔မွန္းထားတာပါ။ တိုက္စစ္မွာ ရာအူးလ္ ဟင္မီနက္စ္ ဒဏ္ရာရသြားတဲ့ ဝုဗ္က တဂိုးေလာက္သာသြင္းၿပီး လီဗာပူးလ္က ၃-၁ နဲ႔ အသာစီးရသြားဖို႔ ရွိေနပါတယ္။

ခ်ယ္လ္ဆီး ၃-၂ လိဒ္စ္ယူႏိုက္တက္
ဒီရာသီရဲ႕ စိတ္ဝင္စားစရာ အေကာင္းဆုံး ပြဲစဥ္တပြဲဆိုလည္း မမွားပါဘူး။ ဝါႏုေပမယ့္ ေနာက္ဆုံး ၁၂ ပြဲမွာ ၉ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားတဲ့ လမ္းပတ္နဲ႔ နာမည္ႀကီး ဝါရင့္နည္းျပႀကီး ဘီယယ္လ္ဆာတို႔ ထိပ္တိုက္ေတြ႕ဆုံပြဲက ရင္ခုန္စရာပါ။ တရစပ္တိုက္စစ္ဆင္လာမယ့္ ခ်ယ္လ္ဆီးကို လိဒ္စ္တို႔က ေထာင္ဖမ္းၿပီး ေကာင္တာနဲ႔ ၂ ဂိုးယူကာ ခ်ယ္လ္ဆီးကပဲ တိုက္စစ္အားသာခ်က္နဲ႔ ၃ ဂိုးသြင္းၿပီး အိမ္ရွင္အႏိုင္နဲ႔ ပြဲသိမ္းသြားမယ္လို႔ အိုဝင္ရဲ႕ ခန္႔မွန္းမႈ ရွိလာခဲ့ပါတယ္။

စပါး ၂-၁ အာဆင္နယ္
ဒီတပတ္ရဲ႕ အေရးအႀကီးဆုံး ပြဲစဥ္တပြဲျဖစ္တဲ့ လန္ဒန္ဒါဘီမွာ ေမာ္ရင္ညိဳနဲ႔ အာတီတာတို႔ရဲ႕ နည္းဗ်ဴဟာကစားပြဲက စိတ္လႈပ္ရွားမႈေပးစြမ္းလာမွာျဖစ္ၿပီး တိုက္စစ္ေရာ ခံစစ္ပါ လိုသလို အေရာင္ေျပာင္းၿပီး ကစားႏိုင္တဲ့ စပါးက အိမ္ကြင္းအားသာခ်က္နဲ႔အတူ အာဆင္နယ္ကို ထိုးႏွက္သြားဖို႔ ပိုအခြင့္အေရးသာေနၿပီး ေမာ္ရင္ညိဳရဲ႕ အစြမ္းျပပုံနဲ႔ ကပ္အနိင္ရသြားမယ္လို႔ အိုဝင္​က ခန္႔မွန္းထားပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.