Premier League

အာဆင်နယ် ၄-၁ ရက်ပစ် ဗီယင်နာပွဲအပြီး ထူးခြားချက် ၇ ချက်

လာကာအတွက် နေရာအသစ် – တန်ပြန်တိုက်စစ်ကို အားပြုမယ်ဆိုရင် ပြိုင်ဘက်ခံစစ်ကို လျှပ်တပြက်အတွင်း တိုးဝင်ပြီး အရူးလုပ်နိုင်လောက်အောင် လျင်မြန်တဲ့ တိုက်စစ်မှူးတွေကို လိုအပ်ပါတယ်။ လာကာက တန်ပြန်တိုက်စစ်အတွက် လုံလောက်တဲ့ တိုးအား၊ ပြေးအား မရှိပေမယ့် အာတီတာဖန်တီးပေးခဲ့တဲ့ နေရာအသစ်နဲ့ ဒီနေ့ပွဲမှာ ခြေစွမ်းပြသွားခဲ့ပါတယ်။ အထောင်တိုက်စစ်နေရာကနေ ပွဲထွက်ပေမယ့် အထောင်တိုက်စစ်မှူးစစ်စစ်မဟုတ်ဘဲ Drop Deep လုပ်ပြီး တွဲလုံးတွေနဲ့ ချိတ်ဆက် ကစားသွားခဲ့တာက လာကာနဲ့ အထူးအံဝင်သွားခဲ့ပါတယ်။

ခြေစွမ်းကြေငြာလိုက်ပြန်တဲ့ နယ်လ်ဆန် – မိုလ်ဒီနဲ့ပွဲမှာ အထင်ကြီးစရာကောင်းခဲ့တဲ့ နယ်လ်ဆန်က ဒီပွဲမှာလည်း သူ့ခြေစွမ်းကို ထပ်ပြီး အကျယ်တဝင့် ကြေငြာလိုက်ပြန်ပါတယ်။ ပေပေ၊ ဝီလီယံနဲ့ အူဘာမီယန်းတို့ ရှိနေတဲ့ တိုက်စစ်ကို စိန်ခေါ်သွားခဲ့တဲ့ ခြေစွမ်းမျိုးနဲ့ သက်သေပြသွားခဲ့ပါတယ်။ အာတီတာအနေနဲ့ တိုက်စစ်မှာ ရွေးချယ်စရာ အခွင့်အရေးပိုရသွားစေသလို သူ့ကို သဘောကျနေတဲ့ အာတီတာက နေရာတနေရာ ပေးလာဖွယ်ရှိနေပါတယ်။

ပြန်လည်ကြိုဆိုပါတယ် စမစ်သ်ရိုး – ပြီးခဲ့တဲ့ ရာသီတွေက လိုက်ပ်ဇစ်နဲ့ ဟပ်ဒါစ်ဖီးလ်အသင်းတွေမှာ အငှားချခံထားခဲ့ရတဲ့အပြင် ဒဏ်ရာတွေ ရုန်းကန်ခဲ့ရတဲ့ စမစ်သ်ရိုးက အာဆင်နယ်အတွက် ပေးဆပ်မှုကို ချစ်မြတ်နိုးတဲ့သူဆိုတာကို ပြသခဲ့ပြန်ပါပြီ။ လူစားဝင်ကစားပြီး တဂိုးသွင်းယူခဲဲ့ကာ အိုဇေးလ်မရှိတဲ့ တိုက်စစ် ဖန်တီးမှုအတွက် သူက အာတီတာရဲ့အဖြေတခု ဖြစ်လာဖို့ရှိနေပါတယ်။

ဇွဲကောင်းတဲ့ မိတ်လန်းနိုင်းလ်စ် – အာတီတာပေးတဲ့ နေရာမှာ တာဝန်ကျေအောင် အသုံးတော်ခံခဲ့ပြီး စိတ်မပျက်ရတဲ့ ခြေစွမ်းမျိုးကို ဇွဲကောင်းကောင်းနဲ့ ပြသခဲ့တဲ့ မိတ်လန်းနိုင်းလ်ကို မဖြစ်မနေ အသိအမှတ်ပြုရမှာပါ။ ခံစစ်နဲ့ တိုက်စစ်ကို ဘက်ညီအောင် လိုက်ပါပြီး အကောင်းဆုံး ကစားသွားခဲ့ပါတယ်။

ကွင်းထဲမှာ ပျော်ရွှင်နေတဲ့ ပရိသတ် – ကွင်းထဲမှာ ပျော်ရွှင်နေတဲ့ ပရိသတ်တွေကို ပြန်မြင်ခဲ့ရတာက စိတ်ကျေနပ်မှု ရစေခဲ့ပါတယ်။ အရင်လို ထုထည်ကြီးတဲ့ အင်အားမျိုးမဟုတ်ပေမယ့် အခုလိုပြန်မြင်ရတာကိုက နှစ်သက်စရာကောင်းပါတယ်။

ဝီလီယံ နေရာပျောက်တော့မလား – ဇူလိုင်လကတည်းက ဂိုးမသွင်းနိုင်တော့တဲ့ ဝီလီယံက စိတ်အားထက်သန်မှု ပျောက်ဆုံးနေပြီး နယ်လ်ဆင်ရဲ့ ခြိမ်းခြောက်မှုကို ခံလာနေရပါပြီ။ နယ်လ်ဆန်ကို ပိုယုံကြည်လာတဲ့ အာတီတာရဲ့ လက်အောက်မှာ ဝီလီယံ နေရာပျောက်လာဖို့ ရှိပေမယ့် ဒါက နေရာလုတိုက်ပွဲအနေနဲ့ အာဆင်နယ်ရဲ့ အသင်းလိုက်အရည်အသွေးကို ပိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

နှစ်ထောင်းအားရနေတဲ့ အာတီတာ – အာတီတာက ဒီပွဲမှာ လာကြည့်ခဲ့တဲ့ ပရိသတ်အင်အားက အခုနိုင်ပွဲကို ရယူပေးခဲ့တယ်လို့ ပြောခဲ့ပြီး နှစ်ထောင်းအားရဖြစ်နေသလို လာမယ့် စပါးစ်နဲ့ပွဲမှာလည်း အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့ ကစားလာမယ့် စပါးစ်ကို သတိကြီးကြီး ရင်ဆိုင်သွားရမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာကာအတြက္ ေနရာအသစ္ – တန္ျပန္တိုက္စစ္ကို အားျပဳမယ္ဆိုရင္ ၿပိဳင္ဘက္ခံစစ္ကို လွ်ပ္တျပက္အတြင္း တိုးဝင္ၿပီး အ႐ူးလုပ္နိုင္ေလာက္ေအာင္ လ်င္ျမန္တဲ့ တိုက္စစ္မႉးေတြကို လိုအပ္ပါတယ္။ လာကာက တန္ျပန္တိုက္စစ္အတြက္ လုံေလာက္တဲ့ တိုးအား၊ ေျပးအား မရွိေပမယ့္ အာတီတာဖန္တီးေပးခဲ့တဲ့ ေနရာအသစ္နဲ႕ ဒီေန႕ပြဲမွာ ေျခစြမ္းျပသြားခဲ့ပါတယ္။ အေထာင္တိုက္စစ္ေနရာကေန ပြဲထြက္ေပမယ့္ အေထာင္တိုက္စစ္မႉးစစ္စစ္မဟုတ္ဘဲ Drop Deep လုပ္ၿပီး တြဲလုံးေတြနဲ႕ ခ်ိတ္ဆက္ ကစားသြားခဲ့တာက လာကာနဲ႕ အထူးအံဝင္သြားခဲ့ပါတယ္။

ေျခစြမ္းေၾကျငာလိုက္ျပန္တဲ့ နယ္လ္ဆန္ – မိုလ္ဒီနဲ႕ပြဲမွာ အထင္ႀကီးစရာေကာင္းခဲ့တဲ့ နယ္လ္ဆန္က ဒီပြဲမွာလည္း သူ႕ေျခစြမ္းကို ထပ္ၿပီး အက်ယ္တဝင့္ ေၾကျငာလိုက္ျပန္ပါတယ္။ ေပေပ၊ ဝီလီယံနဲ႕ အူဘာမီယန္းတို႔ ရွိေနတဲ့ တိုက္စစ္ကို စိန္ေခၚသြားခဲ့တဲ့ ေျခစြမ္းမ်ိဳးနဲ႕ သက္ေသျပသြားခဲ့ပါတယ္။ အာတီတာအေနနဲ႕ တိုက္စစ္မွာ ေ႐ြးခ်ယ္စရာ အခြင့္အေရးပိုရသြားေစသလို သူ႕ကို သေဘာက်ေနတဲ့ အာတီတာက ေနရာတေနရာ ေပးလာဖြယ္ရွိေနပါတယ္။

ျပန္လည္ႀကိဳဆိုပါတယ္ စမစ္သ္ရိုး – ၿပီးခဲ့တဲ့ ရာသီေတြက လိုက္ပ္ဇစ္နဲ႕ ဟပ္ဒါစ္ဖီးလ္အသင္းေတြမွာ အငွားခ်ခံထားခဲ့ရတဲ့အျပင္ ဒဏ္ရာေတြ ႐ုန္းကန္ခဲ့ရတဲ့ စမစ္သ္ရိုးက အာဆင္နယ္အတြက္ ေပးဆပ္မႈကို ခ်စ္ျမတ္နိုးတဲ့သူဆိုတာကို ျပသခဲ့ျပန္ပါၿပီ။ လူစားဝင္ကစားၿပီး တဂိုးသြင္းယူခဲဲ့ကာ အိုေဇးလ္မရွိတဲ့ တိုက္စစ္ ဖန္တီးမႈအတြက္ သူက အာတီတာရဲ႕အေျဖတခု ျဖစ္လာဖို႔ရွိေနပါတယ္။

ဇြဲေကာင္းတဲ့ မိတ္လန္းနိုင္းလ္စ္ – အာတီတာေပးတဲ့ ေနရာမွာ တာဝန္ေက်ေအာင္ အသုံးေတာ္ခံခဲ့ၿပီး စိတ္မပ်က္ရတဲ့ ေျခစြမ္းမ်ိဳးကို ဇြဲေကာင္းေကာင္းနဲ႕ ျပသခဲ့တဲ့ မိတ္လန္းနိုင္းလ္ကို မျဖစ္မေန အသိအမွတ္ျပဳရမွာပါ။ ခံစစ္နဲ႕ တိုက္စစ္ကို ဘက္ညီေအာင္ လိုက္ပါၿပီး အေကာင္းဆုံး ကစားသြားခဲ့ပါတယ္။

ကြင္းထဲမွာ ေပ်ာ္႐ႊင္ေနတဲ့ ပရိသတ္ – ကြင္းထဲမွာ ေပ်ာ္႐ႊင္ေနတဲ့ ပရိသတ္ေတြကို ျပန္ျမင္ခဲ့ရတာက စိတ္ေက်နပ္မႈ ရေစခဲ့ပါတယ္။ အရင္လို ထုထည္ႀကီးတဲ့ အင္အားမ်ိဳးမဟုတ္ေပမယ့္ အခုလိုျပန္ျမင္ရတာကိုက ႏွစ္သက္စရာေကာင္းပါတယ္။

ဝီလီယံ ေနရာေပ်ာက္ေတာ့မလား – ဇူလိုင္လကတည္းက ဂိုးမသြင္းနိုင္ေတာ့တဲ့ ဝီလီယံက စိတ္အားထက္သန္မႈ ေပ်ာက္ဆုံးေနၿပီး နယ္လ္ဆင္ရဲ႕ ၿခိမ္းေျခာက္မႈကို ခံလာေနရပါၿပီ။ နယ္လ္ဆန္ကို ပိုယုံၾကည္လာတဲ့ အာတီတာရဲ႕ လက္ေအာက္မွာ ဝီလီယံ ေနရာေပ်ာက္လာဖို႔ ရွိေပမယ့္ ဒါက ေနရာလုတိုက္ပြဲအေနနဲ႕ အာဆင္နယ္ရဲ႕ အသင္းလိုက္အရည္အေသြးကို ပိုေကာင္းမြန္လာေစမွာ ျဖစ္ပါတယ္။

ႏွစ္ေထာင္းအားရေနတဲ့ အာတီတာ – အာတီတာက ဒီပြဲမွာ လာၾကည့္ခဲ့တဲ့ ပရိသတ္အင္အားက အခုနိုင္ပြဲကို ရယူေပးခဲ့တယ္လို႔ ေျပာခဲ့ၿပီး ႏွစ္ေထာင္းအားရျဖစ္ေနသလို လာမယ့္ စပါးစ္နဲ႕ပြဲမွာလည္း အိမ္ကြင္းပရိသတ္ေတြရဲ႕ အားေပးမႈနဲ႕ ကစားလာမယ့္ စပါးစ္ကို သတိႀကီးႀကီး ရင္ဆိုင္သြားရမွာျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.