Match Report Premier League UCL&UEL

အဝေးကွင်းမှာ သရေကျခြေချော်ခဲ့ပြီး နောက်ဆုံးပွဲမှာ ကြိုးစားရတော့မယ့် စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ အဝေးကွင်းမှာ နောက်ဆုံးမိနစ်အထိ ဦးဆောင်ခဲ့ပြီးမှ ခြေချော်လက်ချော်ဖြစ်မှုတွေနဲ့အတူ နည်းပြ မော်ရင်ညိုအနေနဲ့ ယူရိုပါလိဂ်အုပ်စု(J)ကို ဗိုလ်စွဲနိုင်ဖို့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အထိ ရုန်းကန်ကြိုးစားရတော့မယ့် အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

ဂိုးသမား ဂျိုးဟတ်ကို နေရာပေးခဲ့တဲ့ စပါးစ်အသင်းဟာ အရန်ကစားသမားတွေဖြစ်ကြတဲ့ တာဂန်ညာ၊ ဒေးဗီးစ်၊ လိုဆဲလ်ဆို၊ လူးကပ်စ် မော်ရာတို့ကိုလည်း ပွဲထုတ်ခဲ့ပြီး ဆွန်ဟောင်မင်ကိုတော့ ဘေးလ်နဲ့ တွဲပေးခဲ့သလို ကွင်းလယ်ဝင်ရိုးတွေဖြစ်ကြတဲ့ ဟွိုင်ဘယာ့ဂ်နဲ့ အန်ဒွမ်ဘီလီတို့ကိုတော့ အထိုင်မဖျက်ဘဲ သုံးစွဲခဲံတာပါ။

ဗီနီးရှပ်စ်နဲ့ ဟာရီကိန်းတို့လို အထောင်တိုက်စစ်မှူးတွေကို ခေါ်မလာခဲ့တဲ့ စပါးစ်အသင်းဟာ သြစတြီးယားမြေမှာ လင့်ဇ်ရဲ့ ဖိအားပေးမှုနဲ့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး နောက်တန်းနဲ့ ဂိုးသမားတို့ အတော်လေး အလုပ်များနေခဲ့သလို ပွဲချိန် ၄၁ မိနစ်မှာတော့ ဂျိုးဟတ်ရဲ့ လေးပင်မှုကြောင့် အိမ်ရှင်ကွင်းလယ်လူ မီခေါလ်ရဲ့ အဝေးကန်သွင်းချက်ကနေ ဂိုးပေးခဲ့ရပါတယ်။

ဒါပေမယ့် ပထမပိုင်းမပြီးခင်မှာ စပါးစ်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး အန်ဒွမ်ဘီလီရဲ့ ပိတ်သွင်းမှုကို လက်နဲ့ ကာသလိုဖြစ်ခဲ့တဲ့ လင့်ဇ်နောက်ခံလူ အန်ဒရာဒေးကြောင့် ပင်နယ်တီရခဲ့တာကို ဂါရက်ဘေးလ်က အမှားအယွင်းမရှိ ကန်သွင်းပြီး ပထမပိုင်းအပြီးမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အိမ်ရှင်တို့ ဖိကစားခဲ့ပေမယ့် ဒါက စပါးစ်တို့အကြိုက်ဖြစ်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ တစ်သင်းလုံး တက်ဖိနေတဲ့ လင့်ခ်ခံစစ်ကို အန်ဒွမ်ဘီလီရဲ့ ပေးပို့မှုကနေ ဆွဲပြေးပြီး ဖောက်ထွက်သွားခဲ့တဲ့ ဆွန်ဟောင်မင်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဘေးလ်နဲ့ ဆွန်တို့ကို ထုတ်ပြီး ကစားအားချခဲ့ရာမှာတော့ အိမ်ရှင်တွေ ပြန်ဖိကစားလာခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ခဲ့တဲ့ လင့်ဇ်တိုက်စစ်မှူး အက်ဂါစတိုင်းက အပြင်းကန်သွင်းရာမှာ ဂျိုးဟတ်ကာကွယ်ပုံ အားနည်းခဲ့လို့ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ဂိုးဧရိယာထဲ ထိုးဖောက်လာတဲ့ ဘာ့ဂ်ဗိန်းကို တစ်ဖက်နောက်ခံလူ ဆွဲလှဲတာကြောင့် စပါးစ်တို့ ပင်နယ်တီရခဲ့ပြီး ဒီအခွင့်အရေးကိုတော့ လူစားဝင်ကစားသမား ဒယ်လီ အယ်လီက ဂိုးသမားကို လှည့်စားကန်သွင်းနိုင်ခဲ့လို့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် စပါးစ်တို့ ၃ မှတ်ရဖို့ ကံမပါခဲ့ဘူးလို့ ဆိုရမှာပဲဖြစ်ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာတော့ လင့်ဇ်ုတိက်စစ်မှူး ကာရာမိုကိုက ဂိုးဧရိယာ ထိပ်ကနေ လှမ်းကန်သွင်းခဲ့တာကို ဂျိုးဟတ် မကာကွယ်နိုင်ခဲ့လို့ သုံးဂိုးစီသရေကျခဲ့ပြီး အဖိုးတန် နှစ်မှတ်ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် စပါးစ်တို့ ၅ ပွဲကစား ၁၀ မှတ်နဲ့ ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပြီး အုပ်စုကို ဦးဆောင်နေခဲ့တဲ့ ရွိုင်ယယ်လ် အန့်တ်ဝပ်ကို လာမယ့် နောက်ဆုံးပွဲစဉ်မှာ အနိုင်မကစားနိုင်ရင်တော့ အုပ်စု ဒုတိယအဖြစ်နဲ့ ရှုံးထွက်အဆင့်မှာ အသင်းကြီးတွေနဲ့ တွေ့ဆုံနိုင်တဲ့ အန္တရာယ်ရှိလာခဲ့လို့ ဘယ်လ်ဂျီယမ်ကလပ်ကို အိမ်ကွင်းမှာ အနိုင်ကစားဖို့ ကြိုးစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ အေဝးကြင္းမွာ ေနာက္ဆုံးမိနစ္အထိ ဦးေဆာင္ခဲ့ၿပီးမွ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္မႈေတြနဲ႔အတူ နည္းျပ ေမာ္ရင္ညိဳအေနနဲ႔ ယူ႐ိုပါလိဂ္အုပ္စု(J)ကို ဗိုလ္စြဲႏိုင္ဖို႔ ေနာက္ဆုံးအိမ္ကြင္းပြဲစဥ္အထိ ႐ုန္းကန္ႀကိဳးစားရေတာ့မယ့္ အေနအထားကို ေရာက္ရွိသြားခဲ့ပါတယ္။

ဂိုးသမား ဂ်ိဳးဟတ္ကို ေနရာေပးခဲ့တဲ့ စပါးစ္အသင္းဟာ အရန္ကစားသမားေတြျဖစ္ၾကတဲ့ တာဂန္ညာ၊ ေဒးဗီးစ္၊ လိုဆဲလ္ဆို၊ လူးကပ္စ္ ေမာ္ရာတို႔ကိုလည္း ပြဲထုတ္ခဲ့ၿပီး ဆြန္ေဟာင္မင္ကိုေတာ့ ေဘးလ္နဲ႔ တြဲေပးခဲ့သလို ကြင္းလယ္ဝင္႐ိုးေတြျဖစ္ၾကတဲ့ ဟြိဳင္ဘယာ့ဂ္နဲ႔ အန္ဒြမ္ဘီလီတို႔ကိုေတာ့ အထိုင္မဖ်က္ဘဲ သုံးစြဲခဲံတာပါ။

ဗီနီးရွပ္စ္နဲ႔ ဟာရီကိန္းတို႔လို အေထာင္တိုက္စစ္မႉးေတြကို ေခၚမလာခဲ့တဲ့ စပါးစ္အသင္းဟာ ၾသစႀတီးယားေျမမွာ လင့္ဇ္ရဲ႕ ဖိအားေပးမႈနဲ႔ ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရၿပီး ေနာက္တန္းနဲ႔ ဂိုးသမားတို႔ အေတာ္ေလး အလုပ္မ်ားေနခဲ့သလို ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဂ်ိဳးဟတ္ရဲ႕ ေလးပင္မႈေၾကာင့္ အိမ္ရွင္ကြင္းလယ္လူ မီေခါလ္ရဲ႕ အေဝးကန္သြင္းခ်က္ကေန ဂိုးေပးခဲ့ရပါတယ္။

ဒါေပမယ့္ ပထမပိုင္းမၿပီးခင္မွာ စပါးစ္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး အန္ဒြမ္ဘီလီရဲ႕ ပိတ္သြင္းမႈကို လက္နဲ႔ ကာသလိုျဖစ္ခဲ့တဲ့ လင့္ဇ္ေနာက္ခံလူ အန္ဒရာေဒးေၾကာင့္ ပင္နယ္တီရခဲ့တာကို ဂါရက္ေဘးလ္က အမွားအယြင္းမရွိ ကန္သြင္းၿပီး ပထမပိုင္းအၿပီးမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အိမ္ရွင္တို႔ ဖိကစားခဲ့ေပမယ့္ ဒါက စပါးစ္တို႔အႀကိဳက္ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ တစ္သင္းလုံး တက္ဖိေနတဲ့ လင့္ခ္ခံစစ္ကို အန္ဒြမ္ဘီလီရဲ႕ ေပးပို႔မႈကေန ဆြဲေျပးၿပီး ေဖာက္ထြက္သြားခဲ့တဲ့ ဆြန္ေဟာင္မင္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ေဘးလ္နဲ႔ ဆြန္တို႔ကို ထုတ္ၿပီး ကစားအားခ်ခဲ့ရာမွာေတာ့ အိမ္ရွင္ေတြ ျပန္ဖိကစားလာခဲ့ၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ခဲ့တဲ့ လင့္ဇ္တိုက္စစ္မႉး အက္ဂါစတိုင္းက အျပင္းကန္သြင္းရာမွာ ဂ်ိဳးဟတ္ကာကြယ္ပုံ အားနည္းခဲ့လို႔ ေခ်ပဂိုး ျပန္ေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဂိုးဧရိယာထဲ ထိုးေဖာက္လာတဲ့ ဘာ့ဂ္ဗိန္းကို တစ္ဖက္ေနာက္ခံလူ ဆြဲလွဲတာေၾကာင့္ စပါးစ္တို႔ ပင္နယ္တီရခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ လူစားဝင္ကစားသမား ဒယ္လီ အယ္လီက ဂိုးသမားကို လွည့္စားကန္သြင္းႏိုင္ခဲ့လို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ စပါးစ္တို႔ ၃ မွတ္ရဖို႔ ကံမပါခဲ့ဘူးလို႔ ဆိုရမွာပဲျဖစ္ၿပီး နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ လင့္ဇ္ုတိက္စစ္မႉး ကာရာမိုကိုက ဂိုးဧရိယာ ထိပ္ကေန လွမ္းကန္သြင္းခဲ့တာကို ဂ်ိဳးဟတ္ မကာကြယ္ႏိုင္ခဲ့လို႔ သုံးဂိုးစီသေရက်ခဲ့ၿပီး အဖိုးတန္ ႏွစ္မွတ္ကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ စပါးစ္တို႔ ၅ ပြဲကစား ၁၀ မွတ္နဲ႔ ဒုတိယေနရာကို ေရာက္ရွိသြားခဲ့ၿပီး အုပ္စုကို ဦးေဆာင္ေနခဲ့တဲ့ ႐ြိဳင္ယယ္လ္ အန႔္တ္ဝပ္ကို လာမယ့္ ေနာက္ဆုံးပြဲစဥ္မွာ အႏိုင္မကစားႏိုင္ရင္ေတာ့ အုပ္စု ဒုတိယအျဖစ္နဲ႔ ရႈံးထြက္အဆင့္မွာ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံႏိုင္တဲ့ အႏၲရာယ္ရွိလာခဲ့လို႔ ဘယ္လ္ဂ်ီယမ္ကလပ္ကို အိမ္ကြင္းမွာ အႏိုင္ကစားဖို႔ ႀကိဳးစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.