Premier League Transfer News

4 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ပီအက်စ်ဂျီနဲ့ပွဲမှာ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ပြီး တောင်ပံကစားသမားကောင်းတစ်ယောက်ရဲ့ ထက်မြက်မှုမျိုးလည်း မရှိဘဲ အသင်းရဲ့ တိုက်စစ်မှူးတွေကို ကူညီနိုင်ခြင်းမရှိတဲ့ မာစီယယ်လ်ကို အရန်ခုံမှာပဲ အမြဲထားသင့်တယ်လို့ ပရိသတ်တွေ တိုက်တွန်း။

– လာမယ့်ပွဲတွေမှာ နေရာပျောက်သွားနိုင်တဲ့ မာစီယယ်လ်ရဲ့ နေရာမှာ ရက်ရှ်ဖို့်ဒ်ကိုပဲ ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား သုံးစွဲသွားဖွယ်ရှိနေပြီး အထောင်မှာ ကာဗာနီနဲ့ ညာခြမ်းမှာ ဂရင်းဝုဒ်ကို ပြန်လည်နေရာပေးသွားဖွယ်ရှိနေ။

– လာမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အဝေးကွင်းကောင်းတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပရိသတ်တွေနဲ့ စောင့်ကြည့်သူတွေက ရလဒ်ကောင်း ရယူနိုင်လိမ့်မယ်လို့ ယူဆနေကြပေမယ့်လည်း ဘီဘီစီရဲ့ လော်ရိုက ၁-၁ လို့ ခန့်မှန်းခဲ့သလို ကီးဘုတ်တီးခတ်သူ Sister Bliss ကတော့ ဝက်စ်ဟမ်းဘက်က ၃-၁ လို့ ခန့်မှန်းသွားခဲ့။

– နည်းပြ ဆိုးလ်ရှားရဲ့ အသင်းကို ရေရှည်အတွက် ပြင်ဆင်သွားမယ့် ကစားသမားခေါ်ယူမှုတွေအတွက် အသင်းအမှုဆောင် ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်အနေနဲ့ ထောက်ခံမှုပေးသွားမှာဖြစ်ပြီး ဇန်နဝါရီမှာ အားဖြည့်မှုအချို့ကို မြင်ရနိုင်။

– မိုချန်ဂလာဘက်ချ်ကွင်းလယ်လူ ဇာကာရီးယားအတွက် ယူနိုက်တက်အနေနဲ့ ပြိုင်ဆိုင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် အဓိက ဦးစားပေးပစ်မှတ်ကတော့ အက်စတန်ဗီလာရဲ့ ဂျက်ခ် ဂရီးလစ်ရှ်ပဲဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ယှဉ်ပြိုင်ခေါ်ယူရဖို့ရှိနေ။

– ဒင်းန် ဟန်ဒါဆန်အနေနဲ့ လောလောဆယ်မှာ ဦးစားပေးဂိုးသမား ဒေးဗစ် ဒဟေးယားကို ကျော်ပြီး အသင်းရဲ့ နံပါတ်တစ်အဖြစ် နှစ်ပေါင်း များစွာ ရပ်တည်သွားဖို့ဆိုတာ ဖြစ်နိုင်ဦးမယ်လို့ မထင်ကြောင်း ဂယ်ရီ နဗီးလ်က ပြောကြားလိုက်ပြီး ပိုမိုကြိုးစားခဲ့ရင်တော့ အနာဂတ်မှာ ဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း ဝေဖန်သွားခဲ့။

– နယူးကာဆယ်လ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဘရန်ဒန် ဝီလီယမ်စ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားသွားဖွယ်ရှိနေပြီး အဲလက်စ် တဲလက်စ်ကြောင့် နေရာပျောက်ဖွယ်ရှိနေတဲ့ လူငယ်အနေနဲ့လည်း စိတ်ဝင်စားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အပိုင္အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့ၿပီး ေတာင္ပံကစားသမားေကာင္းတစ္ေယာက္ရဲ႕ ထက္ျမက္မႈမ်ိဳးလည္း မရွိဘဲ အသင္းရဲ႕ တိုက္စစ္မႉးေတြကို ကူညီႏိုင္ျခင္းမရွိတဲ့ မာစီယယ္လ္ကို အရန္ခုံမွာပဲ အၿမဲထားသင့္တယ္လို႔ ပရိသတ္ေတြ တိုက္တြန္း။

– လာမယ့္ပြဲေတြမွာ ေနရာေပ်ာက္သြားႏိုင္တဲ့ မာစီယယ္လ္ရဲ႕ ေနရာမွာ ရက္ရွ္ဖို႔္ဒ္ကိုပဲ ဘယ္ေတာင္ပံတိုက္စစ္မႉးအျဖစ္ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွား သုံးစြဲသြားဖြယ္ရွိေနၿပီး အေထာင္မွာ ကာဗာနီနဲ႔ ညာျခမ္းမွာ ဂရင္းဝုဒ္ကို ျပန္လည္ေနရာေပးသြားဖြယ္ရွိေန။

– လာမယ့္ ဝက္စ္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ အေဝးကြင္းေကာင္းတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ပရိသတ္ေတြနဲ႔ ေစာင့္ၾကည့္သူေတြက ရလဒ္ေကာင္း ရယူႏိုင္လိမ့္မယ္လို႔ ယူဆေနၾကေပမယ့္လည္း ဘီဘီစီရဲ႕ ေလာ္႐ိုက ၁-၁ လို႔ ခန႔္မွန္းခဲ့သလို ကီးဘုတ္တီးခတ္သူ Sister Bliss ကေတာ့ ဝက္စ္ဟမ္းဘက္က ၃-၁ လို႔ ခန႔္မွန္းသြားခဲ့။

– နည္းျပ ဆိုးလ္ရွားရဲ႕ အသင္းကို ေရရွည္အတြက္ ျပင္ဆင္သြားမယ့္ ကစားသမားေခၚယူမႈေတြအတြက္ အသင္းအမႈေဆာင္ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္အေနနဲ႔ ေထာက္ခံမႈေပးသြားမွာျဖစ္ၿပီး ဇန္နဝါရီမွာ အားျဖည့္မႈအခ်ိဳ႕ကို ျမင္ရႏိုင္။

– မိုခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဇာကာရီးယားအတြက္ ယူႏိုက္တက္အေနနဲ႔ ၿပိဳင္ဆိုင္သြားမယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္ အဓိက ဦးစားေပးပစ္မွတ္ကေတာ့ အက္စတန္ဗီလာရဲ႕ ဂ်က္ခ္ ဂရီးလစ္ရွ္ပဲျဖစ္ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ေခၚယူရဖို႔ရွိေန။

– ဒင္းန္ ဟန္ဒါဆန္အေနနဲ႔ ေလာေလာဆယ္မွာ ဦးစားေပးဂိုးသမား ေဒးဗစ္ ဒေဟးယားကို ေက်ာ္ၿပီး အသင္းရဲ႕ နံပါတ္တစ္အျဖစ္ ႏွစ္ေပါင္း မ်ားစြာ ရပ္တည္သြားဖို႔ဆိုတာ ျဖစ္ႏိုင္ဦးမယ္လို႔ မထင္ေၾကာင္း ဂယ္ရီ နဗီးလ္က ေျပာၾကားလိုက္ၿပီး ပိုမိုႀကိဳးစားခဲ့ရင္ေတာ့ အနာဂတ္မွာ ျဖစ္ေကာင္းျဖစ္လာႏိုင္ေၾကာင္း ေဝဖန္သြားခဲ့။

– နယူးကာဆယ္လ္အသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဘရန္ဒန္ ဝီလီယမ္စ္ကို အငွားနဲ႔ ေခၚယူဖို႔ ႀကိဳးစားသြားဖြယ္ရွိေနၿပီး အဲလက္စ္ တဲလက္စ္ေၾကာင့္ ေနရာေပ်ာက္ဖြယ္ရွိေနတဲ့ လူငယ္အေနနဲ႔လည္း စိတ္ဝင္စားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.