Match Report Premier League UCL&UEL

ယူရိုပါလိဂ်ရဲ့ ပုံစံကောင်းကိုတော့ ဆက်လက်ထိန်းသိမ်းပြီး ဂိုးပြတ်အနိုင်ယူဆဲ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ၄-၂-၁-၃ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ ပါဘလို မာရီက သူ့ရဲ့ ပထမဆုံးပွဲအဖြစ် ပါဝင်လာနိုင်သလို ကိုဗစ်ပျောက်ကင်းသွားတဲ့ အယ်လ်နန်နီကို မိတ်လန်းနိုင်းလ်နဲ့ တွဲပေးခဲ့ပြီး လာကာဇက်ကတော့ တိုက်စစ်သုံးယောက်တန်းရဲ့နောက်ကနေ လွတ်လွတ်လပ်လပ် ကစားသွားခဲ့ပါတယ်။

ရက်ပစ် ဗီယင်နာကတော့ အာဆင်နယ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ပဲ ပြောရမှာဖြစ်ပြီး ပွဲစကတည်းက အိမ်ရှင်တို့အနေနဲ့ ဖိကစားခဲ့ပြီး ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ လက်ပစ်ဘောကနေ ဘောလုံးရယူလာခဲ့တဲ့ လာကာဇက်က ရက်ပစ်နောက်တန်း ဖျက်ထုတ်ပေမယ့်လည်း ဆက်လက်ရယူသွားနိုင်ခဲ့ပြီး ဂိုးဧရိယာအပြင်ကနေ အပြင်းကန်သွင်းရာမှာ ဘောလုံးက ဝေ့ပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂိုးသမား စထရက်ဘင်ဂါ မကာကွယ်နိုင်ဘဲ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

ဆက်တိုက်ဖိကစားနေတဲ့ အာဆင်နယ်တို့ မကြာခဏဆိုသလို အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အပိုင်ဖန်တီးဖို့အတွက် ပိုမို အာရုံစိုက်နေတဲ့ ပုံစံကို မြင်ခဲ့ရသလို ပွဲချိန် ၁၈ မိနစ်မှာတော့ နယ်လ်ဆန်ရဲ့ ထောင့်ကန်ဘောကနေ လူကပ်ခံမထားရတဲ့ ပါဘလို မာရီက အပိုင်ခေါင်းတိုက်ပြီး အသင်းအတွက် ဒုတိယဂိုးကို ရယူခဲ့ပါတယ်။

မိတ်လန်းနိုင်းလ်စ်ရဲ့ လုပ်အားနှုန်းနဲ့ ရွေ့လျားမှု၊ လာကာဇက်ရဲ့ တိုက်စစ်မှူးသုံးယောက်နောက်က နံပါတ် ၁၀ ဆန်ဆန် Free Role ကစားမှုတွေကြောင့် ရက်ပစ်တို့ ထိန်းချုပ်ဖို့ ခက်ခဲနေခဲ့ပြီး ပွဲချိန် ၄၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပေပေ၊ နယ်လ်ဆန်တို့ရဲ့ ဖန်တီးမှုကနေ နကီးတီးယားက ကန်သွင်းခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ထပ်မံခေါင်းတိုက်သွားခဲ့လို့ တတိယဂိုးနဲ့ အာဆင်နယ်တို့ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစ ပွဲချိန် ၄၇ မိနစ်မှာတော့ အာဆင်နယ်တို့ ဂိုးပြန်ပေးခဲ့ရပြီး ဘယ်သူကစားကစား အမြဲတမ်း ညံ့နေခဲ့တဲ့ ခံစစ်ညာခြမ်းရဲ့ ပေါ့လျော့မှုက နှစ်ကြိမ်တိုင်တိုင် ကာကွယ်ပေးခဲ့တဲ့ ကိုလာစီနက်ချ်ကိုမှ အားမနာလို့ ပြောရမှာဖြစ်ပြီး လုံးဝ ခံစစ်မှာ Alert မဖြစ်တဲ့ ဆီးဒရစ်ရဲ့ တာဝန်မဲ့မှုကနေ ရက်ပစ်ကွင်းလယ်လူ ကီတာဂါဝါက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရသွားတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ သုံးဂိုးအသာနဲ့ ဦးဆောင်မှုကို အာဆင်နယ်တို့ ပြန်လည်ရယူနိုင်ခဲ့ပြီး ရက်ပစ်ဘယ်နောက်ခံလူရဲ့ လူပေးမှားတာကို ပေပေက ရယူပြီး ထိုးပေးခဲ့တဲ့ ဘောလုံးကို မိတ်လန်းနိုင်းလ်စ်က ပြန်ချိုးပေးတာမှာ နောက်က အဆင်သင့်ပါလာတဲ့ လူစားဝင်ကစားသမား အီမီးလ် စမစ်ရိုးက စတုတ္ထဂိုးအဖြစ် ပိတ်သွင်းယူသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ဆက်လက်ဖိကစားခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေကိုတော့ မဖော်ဆောင်နိုင်ခဲ့ဘဲ Half Chance တွေနဲ့သာ ကြုံတွေ့ခဲ့ရတာကို ဂိုးအဖြစ် မပြောင်းလဲနိုင်တော့လို့ လေးဂိုး-တစ်ဂိုးနဲ့ပဲ အဆုံးသတ်ခဲ့ရပြီး ငါးပွဲကစား ဆယ့်ငါးမှတ်နဲ့ ယူရိုပါလိဂ်အုပ်စု(ခ)ကို ပထမနေရာက အမှားအယွင်းမရှိ ရှေ့ဆက်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ဒီေန႔မွာေတာ့ ၄-၂-၁-၃ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ေနာက္တန္းမွာ ပါဘလို မာရီက သူ႔ရဲ႕ ပထမဆုံးပြဲအျဖစ္ ပါဝင္လာႏိုင္သလို ကိုဗစ္ေပ်ာက္ကင္းသြားတဲ့ အယ္လ္နန္နီကို မိတ္လန္းႏိုင္းလ္နဲ႔ တြဲေပးခဲ့ၿပီး လာကာဇက္ကေတာ့ တိုက္စစ္သုံးေယာက္တန္းရဲ႕ေနာက္ကေန လြတ္လြတ္လပ္လပ္ ကစားသြားခဲ့ပါတယ္။

ရက္ပစ္ ဗီယင္နာကေတာ့ အာဆင္နယ္ရဲ႕ ၿပိဳင္ဘက္ မဟုတ္ဘူးလို႔ပဲ ေျပာရမွာျဖစ္ၿပီး ပြဲစကတည္းက အိမ္ရွင္တို႔အေနနဲ႔ ဖိကစားခဲ့ၿပီး ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၂ ရာခိုင္ႏႈန္းအထိ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ လက္ပစ္ေဘာကေန ေဘာလုံးရယူလာခဲ့တဲ့ လာကာဇက္က ရက္ပစ္ေနာက္တန္း ဖ်က္ထုတ္ေပမယ့္လည္း ဆက္လက္ရယူသြားႏိုင္ခဲ့ၿပီး ဂိုးဧရိယာအျပင္ကေန အျပင္းကန္သြင္းရာမွာ ေဘာလုံးက ေဝ့ၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဂိုးသမား စထရက္ဘင္ဂါ မကာကြယ္ႏိုင္ဘဲ အာဆင္နယ္တို႔ အဖြင့္ဂိုး ရရွိခဲ့ပါတယ္။

ဆက္တိုက္ဖိကစားေနတဲ့ အာဆင္နယ္တို႔ မၾကာခဏဆိုသလို အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ အပိုင္ဖန္တီးဖို႔အတြက္ ပိုမို အာ႐ုံစိုက္ေနတဲ့ ပုံစံကို ျမင္ခဲ့ရသလို ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ နယ္လ္ဆန္ရဲ႕ ေထာင့္ကန္ေဘာကေန လူကပ္ခံမထားရတဲ့ ပါဘလို မာရီက အပိုင္ေခါင္းတိုက္ၿပီး အသင္းအတြက္ ဒုတိယဂိုးကို ရယူခဲ့ပါတယ္။

မိတ္လန္းႏိုင္းလ္စ္ရဲ႕ လုပ္အားႏႈန္းနဲ႔ ေ႐ြ႕လ်ားမႈ၊ လာကာဇက္ရဲ႕ တိုက္စစ္မႉးသုံးေယာက္ေနာက္က နံပါတ္ ၁၀ ဆန္ဆန္ Free Role ကစားမႈေတြေၾကာင့္ ရက္ပစ္တို႔ ထိန္းခ်ဳပ္ဖို႔ ခက္ခဲေနခဲ့ၿပီး ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေပေပ၊ နယ္လ္ဆန္တို႔ရဲ႕ ဖန္တီးမႈကေန နကီးတီးယားက ကန္သြင္းခဲ့ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ထပ္မံေခါင္းတိုက္သြားခဲ့လို႔ တတိယဂိုးနဲ႔ အာဆင္နယ္တို႔ ပထမပိုင္းကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းအစ ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဂိုးျပန္ေပးခဲ့ရၿပီး ဘယ္သူကစားကစား အၿမဲတမ္း ညံ့ေနခဲ့တဲ့ ခံစစ္ညာျခမ္းရဲ႕ ေပါ့ေလ်ာ့မႈက ႏွစ္ႀကိမ္တိုင္တိုင္ ကာကြယ္ေပးခဲ့တဲ့ ကိုလာစီနက္ခ်္ကိုမွ အားမနာလို႔ ေျပာရမွာျဖစ္ၿပီး လုံးဝ ခံစစ္မွာ Alert မျဖစ္တဲ့ ဆီးဒရစ္ရဲ႕ တာဝန္မဲ့မႈကေန ရက္ပစ္ကြင္းလယ္လူ ကီတာဂါဝါက လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းခြင့္ရသြားတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ သုံးဂိုးအသာနဲ႔ ဦးေဆာင္မႈကို အာဆင္နယ္တို႔ ျပန္လည္ရယူႏိုင္ခဲ့ၿပီး ရက္ပစ္ဘယ္ေနာက္ခံလူရဲ႕ လူေပးမွားတာကို ေပေပက ရယူၿပီး ထိုးေပးခဲ့တဲ့ ေဘာလုံးကို မိတ္လန္းႏိုင္းလ္စ္က ျပန္ခ်ိဳးေပးတာမွာ ေနာက္က အဆင္သင့္ပါလာတဲ့ လူစားဝင္ကစားသမား အီမီးလ္ စမစ္႐ိုးက စတုတၳဂိုးအျဖစ္ ပိတ္သြင္းယူသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ ဆက္လက္ဖိကစားခဲ့ေပမယ့္ အပိုင္အခြင့္အေရးေတြကိုေတာ့ မေဖာ္ေဆာင္ႏိုင္ခဲ့ဘဲ Half Chance ေတြနဲ႔သာ ႀကဳံေတြ႕ခဲ့ရတာကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ေတာ့လို႔ ေလးဂိုး-တစ္ဂိုးနဲ႔ပဲ အဆုံးသတ္ခဲ့ရၿပီး ငါးပြဲကစား ဆယ့္ငါးမွတ္နဲ႔ ယူ႐ိုပါလိဂ္အုပ္စု(ခ)ကို ပထမေနရာက အမွားအယြင္းမရွိ ေရွ႕ဆက္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.