Premier League

ကာရာဘောင်းဖလားမှာလိုပဲ အသက်အငယ်ဆုံးစံချိန်ကို အက်ဖ်အေဖလားမှာ တင်နိုင်မယ့် လီဗာပူးလ်



ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားချိန်မှာ ပထမအသင်းကစားသမားတွေကို အားလပ်ရက်ပေးထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်အတွက် ယူ-၂၃ နည်းပြ နီးလ် ခရစ်ခ်ျလီနဲ့ သူ့ရဲ့လူငယ်တွေကို ပွဲထွက်ခိုင်းထားပြီး ကာရာဘောင်းဖလားပွဲက လူစာရင်းကိုပဲ ထပ်မံ အသုံးပြုဦးမယ်ဆိုရင် အက်ဖ်အေဖလားရဲ့ အသက်အငယ်ဆုံးစံချိန်ကို ပျမ်းမျှ ၁၉.၅ နှစ်နဲ့ တင်ရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။


လာမယ့် ရှရူးဘာရီတောင်းအသင်းနဲ့ ပွဲစဉ်မှာ နည်းပြ ခရစ်ခ်ျလီအနေနဲ့ အက်စတန်ဗီလာနဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ လူစာရင်းကို ထပ်ပြီးရွေးချယ်ဦးမယ်ဆိုရင်ဖြင့် လီဗာပူးလ်တို့အနေနဲ့ အက်ဖ်အေဖလားရဲ့ ၁၃၉ နှစ်တာ သမိုင်းကြောင်းအတွင်း အသက်အငယ်ဆုံးအသင်းဆိုတဲ့ စံချိန်ကို ထပ်မံရရှိဦးမှာလည်းဖြစ်ပြီး အသင်းကြီး ကစားသမားတွေအနေနဲ့ နောက်တစ်ဆင့်မှာ ကစားခွင့်ရအောင် လူငယ်တွေ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကာရာဘောင်းဖလား၊ အက်စတန်ဗီလာအသင်းနဲ့ပွဲစဉ်မှာ ပထမအသင်းကြီးရဲ့ကိုယ်စား လူငယ်တွေကို အသုံးပြုယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အသင်းလိုက်အသက်အငယ်ဆုံးစံချိန်တင်ခဲ့တဲ့ လီဗာပူးလ်အနေနဲ့ ဒီညမှာလည်း စံချိန်ထပ်ရဖို့ အခွင့်အရေးများနေတယ်လို့ သိရပါတယ်။

အဲ့ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ အက်စတန်ဗီလာအသင်းရဲ့ ပထမကစားသမားတွေကို လူငယ်တွေနဲ့ ယှဉ်ပြိုင်ရင်း ငါးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အသင်းကြီးကတော့ ဖီဖာက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဗိုလ်လုပွဲမှာ အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားချိန်မှာ ပထမအသင်းကစားသမားတွေကို အားလပ်ရက်ပေးထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်အတွက် ယူ-၂၃ နည်းပြ နီးလ် ခရစ်ချ်လီနဲ့ သူ့ရဲ့လူငယ်တွေကို ပွဲထွက်ခိုင်းထားပြီး ကာရာဘောင်းဖလားပွဲက လူစာရင်းကိုပဲ ထပ်မံ အသုံးပြုဦးမယ်ဆိုရင် အက်ဖ်အေဖလားရဲ့ အသက်အငယ်ဆုံးစံချိန်ကို ပျမ်းမျှ ၁၉.၅ နှစ်နဲ့ တင်ရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လီဗာပူးလ်အသင်းရဲ့ အက်ဖ်အေဖလားမှာ အသက်အငယ်ဆုံးပွဲထုတ်ထားခဲ့တာကတော့ ၂၀၁၇ ခုနှစ်က ပလိုင်းမောက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ တတိယအဆင့်ပွဲစဉ်မှာဖြစ်ခဲ့ပြီး အဲ့ဒီတုန်းကတော့ နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ရဲ့ အစုအဖွဲ့ဟာ အသက် ၂၁.၉ နှစ် ရှိခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့် ရှရူးဘာရီတောင်းအသင်းနဲ့ ပွဲစဉ်မှာ နည်းပြ ခရစ်ချ်လီအနေနဲ့ အက်စတန်ဗီလာနဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ လူစာရင်းကို ထပ်ပြီးရွေးချယ်ဦးမယ်ဆိုရင်ဖြင့် လီဗာပူးလ်တို့အနေနဲ့ အက်ဖ်အေဖလားရဲ့ ၁၃၉ နှစ်တာ သမိုင်းကြောင်းအတွင်း အသက်အငယ်ဆုံးအသင်းဆိုတဲ့ စံချိန်ကို ထပ်မံရရှိဦးမှာလည်းဖြစ်ပြီး အသင်းကြီး ကစားသမားတွေအနေနဲ့ နောက်တစ်ဆင့်မှာ ကစားခွင့်ရအောင် လူငယ်တွေ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.