Premier League Transfer News

3 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– Bild မဂ္ဂဇင်းရဲ့ ဂျာမန်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ခရစ္စတီယန် ဖော့လ်ခ်က ထုတ်ဖော်လိုက်တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဆာဂျီယို အဂွေရို အလွန်မှာ အာလင်း ဟားလန်းနဲ့ အစားထိုးဖို့ လုပ်ဆောင်နေပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ စိတ်လှုပ်ရှားနေကြ။

– ဘရာဇီးလ် ယူ-၁၇ လက်ရွေးစင်ဟောင်း အသက် ၁၈ နှစ်အရွယ်ကွင်းလယ်လူ ဒီယေဂို ရိုဆာကို ဂရီမီယိုအသင်းဆီကနေ ခေါ်ယူဖို့ မန်စီးတီး စိတ်ဝင်စားနေပြီး ပေါင် ၂၃.၅ သန်း အသုံးပြုရဖွယ်ရှိနေသလို ၏ညီအစ်မအသင်းခွဲတွေဖြစ်တဲ့ ဂျီရိုနာနဲ့ ဘယ်လ်ဂျီယမ်ကလပ် လွမ်းမဲလ်အသင်းတွေဆီ အငှားချထားဖွယ်ရှိကြောင်း သိရ။

– အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသက် ၂၆ နှစ်အရွယ် ဗဟိုနောက်ခံလူ ဂျွန်စတုန်းစ်ကို မရောင်းချဖို့နဲ့ အသင်းမှာ ဆက်လက်သုံးစွဲပြီး အကျိုးပြုနိုင်သေးတယ်လို့ မန်ချက်စတာစီးတီးအသင်းပရိသတ်တွေ တားဆီးနေကြ။

– ယူရို ၂၃ သန်းတည်းနဲ့ အသင်းကို ရောက်ရှိလာပြီး ခြေစွမ်းပြနေတဲ့ လူငယ်တောင်ပံသမား ဖယ်ရန် တောရက်စ်ရဲ့ အစနေ့ရက်တွေဟာ ကောင်းမွန်ခဲ့တယ်ဆိုရင် ဒီထက်ပိုပြီး အများကြီး တွေ့မြင်ရလိမ့်ဦးမယ်လို့ အသင်းခေါင်းဆောင်ဟောင်း ရစ်ချတ်ဒန်းပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အကြောင်းကြောင်းကြောင့် ရာသီအစ ရလဒ်တွေမှာ ဆိုးရွားစွာ ရုန်းကန်နေခဲ့ရပေမယ့် လာမယ့် ပွဲတွေမှာ ပေါက်ကွဲပြီး အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို စိန်ခေါ်သူအဖြစ် တက်ရောက်လာလိမ့်ဦးမှာဖြစ်ကြောင်း အာဆင်နယ်ကွင်းလယ်လူဟောင်းကြီး ဂီလ်ဘာတို ဆေးလ်ဗား ပြောကြားခဲ့ပြီး သူ့ရဲ့ အသင်းဟောင်းကတော့ ဒီလိုမဖြစ်နိုင်ဘူးလို့ဆို။

– ကွင်းလယ်မှာ သွင်းဂိုးနဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ပြီး ဒီရာသီမှတ်တမ်းတွေအရ ရာဟင်းမ် စတာလင်ထက်ပါ သာလွန်နေသေးတဲ့ ဗလင်စီယာအသင်းက တောင်ကိုရီးယားချာတိတ် လီဂန်းအင်းကို ခေါ်ယူဖို့ စီးတီးတို့ အရှိန်မြှင့်ကြိုးစားဖွယ်ရှိနေ။

– အသင်းကို အဓိက အထိနာစေခဲ့တဲ့ ခံစစ်ပိုင်းဆိုးရွားမှုတွေကို လက်ရှိမှာ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ပြီး နောက်တန်းကစားသမားတွေအနေနဲ့ ယုံကြည်မှုပြည့်ဝနေသလို အသင်းအတွက် နိုင်ပွဲတွေ ပြန်လည်ရှာဖွေနိုင်ဖို့ အဆင့်သင့်ပဲလို့ မန်စီးတီးအသင်းခေါင်းဆောင် ဖာနန်ဒင်ညို ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– Bild မဂၢဇင္းရဲ႕ ဂ်ာမန္အေျခစိုက္ ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ခရစၥတီယန္ ေဖာ့လ္ခ္က ထုတ္ေဖာ္လိုက္တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဆာဂ်ီယို အေဂြ႐ို အလြန္မွာ အာလင္း ဟားလန္းနဲ႔ အစားထိုးဖို႔ လုပ္ေဆာင္ေနၿပီဆိုတဲ့ သတင္းေၾကာင့္ ပရိသတ္ေတြ စိတ္လႈပ္ရွားေနၾက။

– ဘရာဇီးလ္ ယူ-၁၇ လက္ေ႐ြးစင္ေဟာင္း အသက္ ၁၈ ႏွစ္အ႐ြယ္ကြင္းလယ္လူ ဒီေယဂို ႐ိုဆာကို ဂရီမီယိုအသင္းဆီကေန ေခၚယူဖို႔ မန္စီးတီး စိတ္ဝင္စားေနၿပီး ေပါင္ ၂၃.၅ သန္း အသုံးျပဳရဖြယ္ရွိေနသလို ၏ညီအစ္မအသင္းခြဲေတြျဖစ္တဲ့ ဂ်ီ႐ိုနာနဲ႔ ဘယ္လ္ဂ်ီယမ္ကလပ္ လြမ္းမဲလ္အသင္းေတြဆီ အငွားခ်ထားဖြယ္ရွိေၾကာင္း သိရ။

– အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ဗဟိုေနာက္ခံလူ ဂြၽန္စတုန္းစ္ကို မေရာင္းခ်ဖို႔နဲ႔ အသင္းမွာ ဆက္လက္သုံးစြဲၿပီး အက်ိဳးျပဳႏိုင္ေသးတယ္လို႔ မန္ခ်က္စတာစီးတီးအသင္းပရိသတ္ေတြ တားဆီးေနၾက။

– ယူ႐ို ၂၃ သန္းတည္းနဲ႔ အသင္းကို ေရာက္ရွိလာၿပီး ေျခစြမ္းျပေနတဲ့ လူငယ္ေတာင္ပံသမား ဖယ္ရန္ ေတာရက္စ္ရဲ႕ အစေန႔ရက္ေတြဟာ ေကာင္းမြန္ခဲ့တယ္ဆိုရင္ ဒီထက္ပိုၿပီး အမ်ားႀကီး ေတြ႕ျမင္ရလိမ့္ဦးမယ္လို႔ အသင္းေခါင္းေဆာင္ေဟာင္း ရစ္ခ်တ္ဒန္းေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အေၾကာင္းေၾကာင္းေၾကာင့္ ရာသီအစ ရလဒ္ေတြမွာ ဆိုး႐ြားစြာ ႐ုန္းကန္ေနခဲ့ရေပမယ့္ လာမယ့္ ပြဲေတြမွာ ေပါက္ကြဲၿပီး အမွတ္ေပးဇယားရဲ႕ ထိပ္ပိုင္းကို စိန္ေခၚသူအျဖစ္ တက္ေရာက္လာလိမ့္ဦးမွာျဖစ္ေၾကာင္း အာဆင္နယ္ကြင္းလယ္လူေဟာင္းႀကီး ဂီလ္ဘာတို ေဆးလ္ဗား ေျပာၾကားခဲ့ၿပီး သူ႔ရဲ႕ အသင္းေဟာင္းကေတာ့ ဒီလိုမျဖစ္ႏိုင္ဘူးလို႔ဆို။

– ကြင္းလယ္မွာ သြင္းဂိုးနဲ႔ ဖန္တီးမႈေတြ ျပဳလုပ္ႏိုင္ၿပီး ဒီရာသီမွတ္တမ္းေတြအရ ရာဟင္းမ္ စတာလင္ထက္ပါ သာလြန္ေနေသးတဲ့ ဗလင္စီယာအသင္းက ေတာင္ကိုရီးယားခ်ာတိတ္ လီဂန္းအင္းကို ေခၚယူဖို႔ စီးတီးတို႔ အရွိန္ျမႇင့္ႀကိဳးစားဖြယ္ရွိေန။

– အသင္းကို အဓိက အထိနာေစခဲ့တဲ့ ခံစစ္ပိုင္းဆိုး႐ြားမႈေတြကို လက္ရွိမွာ ျပင္ဆင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ေနာက္တန္းကစားသမားေတြအေနနဲ႔ ယုံၾကည္မႈျပည့္ဝေနသလို အသင္းအတြက္ ႏိုင္ပြဲေတြ ျပန္လည္ရွာေဖြႏိုင္ဖို႔ အဆင့္သင့္ပဲလို႔ မန္စီးတီးအသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.