Htoo Awa

၎.၁၂.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့။

၎.၁၂.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့၊ ရှမ်းရက်။



တစ်နေ့တာ ကရိုဏ်း




UNICODE: ၄.၁၂.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့၊ ရှမ်းရက်။

တစ်နေ့တာ တိထီနှင့် ယုဂ်
ည ၂၁:၀၃ အထိ တိထီ ၄ လုံး၊ ကျော်လျှင် ၅ လုံး။ ၄ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
ညနေ ၁၄:၃၇ အထိ ပုဏ္ဏဖုသျှုနက္ခတ်၊ ကျော်လျှင် ဖုသျှနက္ခတ်။ နံနက် ၁၁:၂၇ အထိ သုကာလယုဂ်၊ ဖြူဖွေးစင်ကြယ်ခြင်း၊ သြဇာလွှမ်းမိုးနိုင်ခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ စိတ်မခိုင်ခြင်း၊ မိမိ၏ မှန်ကန်သော ဆုံးဖြတ်ချက်အတွက် သူတပါးစကားကြောင့် မယိမ်းယိုင်ပါစေနှင့်။ ကျော်လျှင် ဗြဟ္မယုဂ်၊ တန်ခိုးပြည့်စုံခြင်း၊ ပညာရှိခြင်း၊ ဂုဏ်ရှိခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စများနှင့် သင်တန်းများ၊ ကျောင်းများ စတင်အပ်နှံသင်ကြားခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း
နံနက် ၈:၄၈ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၁:၀၃ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
ည ၂၁:၀၃ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)