Premier League

အိုဇေးလ်ကို ခါထုတ်ထားခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းမှာ လာမယ့်ဇန်နဝါရီလအကုန်အထိ ကစားခွင့်မရှိတော့တဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ကို သူ့ရဲ့အစီအစဥ်ထဲမှာ ထည့်သွင်းခြင်းမရှိဘဲ အသင်းလူစာရင်းကနေ ဖယ်ထုတ်ခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ မတ်လကတည်းက အာဆင်နယ်မှာ ပွဲထွက်ကစားခွင့် မရတော့တဲ့ အိုဇေးလ်ဟာ အသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်လူစားရင်းတွေကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး ဒီနောက်ဆက်တွဲအနေနဲ့ အာဆင်နယ်အသင်းဟာ အိုဇေးလ်မရှိဘဲ တိုက်စစ်မှာ ဂိုးတဂိုးရဖို့ ခက်ခဲလွန်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီရာသီမှာ အာဆင်နယ်အသင်းဟာ တန်းဇင်းဇုန်က ဘန်လေ၊ ရှက်ဖီးလ်နဲ့ ဝက်စ်ဘရွမ်းတို့ပြီး ဂိုးအနည်းဆုံးရထားတဲ့ အသင်းအဖြစ် ရပ်တည်နေရပြီး ဒါဟာ ပရိသတ်တွေအတွက် ဂုဏ်ယူစရာ အချက်အလက်တခု မဟုတ်သလို အစဥ်အလာကြီးတဲ့ အာဆင်နယ်အတွက် ရှက်ဖွယ်လိလိအနေအထားကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အာတီတာကတော့ အိုဇေးလ်မပါဝင်တာကို နည်းဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်လို့ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ ” ကျွန်တော်တို့ ၄-၃-၃ ကို သွားဖို့ ရည်မှန်းထားတယ်။ နေရာလွတ်တွေကို အပိုင်သိမ်းပြီး ဘယ်သူက ဒီနေရာလွတ်ကို အသုံးချရမလဲဆိုတာ ကျွန်​တော့်ရဲ့ လူရွေးချယ်မှုအတွက် စကားပြောပါတယ်။ ဒါပေမယ့် အသင်းမှာ ကျွန်တော့်စိတ်တိုင်းကျ ကစားသမားတွေ လိုနေပါသေးတယ်။”

“ကစားကွက်ထဲက နေရာ ၆ နေရာလောက်မှာ ကိုယ်လိုချင်တဲ့ စိတ်ကြိုက်ကစားသမားမျိုး မရှိသေးပါဘူး။ နည်းဗျူဟာပိုင်းလိုအပ်ချက်အရ တချို့ကစားသမားတွေကို လူထုတ်ပုံထဲ မရွေးချယ်နိုင်ခဲ့ပါဘူ။း အသင်းကြီးတချို့ကိုတော့ ကျွန်တော်တို့ မာမာထန်ထန်တုံ့ပြန်နိုင်ခဲ့တာ ကျေနပ်စရာပါ။ ” လို့ ရှင်းပြသွားခဲ့တဲ့ အာတီတာက ခံစစ်တာဝန်ယူလိုစိတ်နည်းပါးပြီး တိုက်စစ်အားသန်တဲ့ အိုဇေးလ်ကို သူ့ရဲ့ ခေတ်သစ်ကစားကွက်မှာ အံမဝင်နိုင်ဘူးလို့ ယူဆထားတာဖြစ်ကြောင်း သိရပါတယ်။

REF: FOOTBALLLONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ အသင္းမွာ လာမယ့္ဇန္နဝါရီလအကုန္အထိ ကစားခြင့္မရွိေတာ့တဲ့ ကမၻာ့အဆင့္ ကြင္းလယ္ဖန္တီးရွင္ အိုေဇးလ္ကို သူ႕ရဲ႕အစီအစဥ္ထဲမွာ ထည့္သြင္းျခင္းမရွိဘဲ အသင္းလူစာရင္းကေန ဖယ္ထုတ္ခဲ့ရတဲ့ အေၾကာင္းအရင္းကို ရွင္းျပသြားခဲ့ပါတယ္။

လြန္ခဲ့တဲ့ မတ္လကတည္းက အာဆင္နယ္မွာ ပြဲထြက္ကစားခြင့္ မရေတာ့တဲ့ အိုေဇးလ္ဟာ အသင္းရဲ႕ ပရီးမီးယားလိဂ္နဲ႕ ယူရိုပါလိဂ္လူစားရင္းေတြကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္ၿပီး ဒီေနာက္ဆက္တြဲအေနနဲ႕ အာဆင္နယ္အသင္းဟာ အိုေဇးလ္မရွိဘဲ တိုက္စစ္မွာ ဂိုးတဂိုးရဖို႔ ခက္ခဲလြန္းေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီရာသီမွာ အာဆင္နယ္အသင္းဟာ တန္းဇင္းဇုန္က ဘန္ေလ၊ ရွက္ဖီးလ္နဲ႕ ဝက္စ္ဘ႐ြမ္းတို႔ၿပီး ဂိုးအနည္းဆုံးရထားတဲ့ အသင္းအျဖစ္ ရပ္တည္ေနရၿပီး ဒါဟာ ပရိသတ္ေတြအတြက္ ဂုဏ္ယူစရာ အခ်က္အလက္တခု မဟုတ္သလို အစဥ္အလာႀကီးတဲ့ အာဆင္နယ္အတြက္ ရွက္ဖြယ္လိလိအေနအထားကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

အာတီတာကေတာ့ အိုေဇးလ္မပါဝင္တာကို နည္းဗ်ဴဟာဆိုင္ရာ ဆုံးျဖတ္ခ်က္လို႔ ေျပာျပသြားခဲ့တာ ျဖစ္ပါတယ္။ ” ကြၽန္ေတာ္တို႔ ၄-၃-၃ ကို သြားဖို႔ ရည္မွန္းထားတယ္။ ေနရာလြတ္ေတြကို အပိုင္သိမ္းၿပီး ဘယ္သူက ဒီေနရာလြတ္ကို အသုံးခ်ရမလဲဆိုတာ ကြၽန္​ေတာ့္ရဲ႕ လူေ႐ြးခ်ယ္မႈအတြက္ စကားေျပာပါတယ္။ ဒါေပမယ့္ အသင္းမွာ ကြၽန္ေတာ့္စိတ္တိုင္းက် ကစားသမားေတြ လိုေနပါေသးတယ္။”

“ကစားကြက္ထဲက ေနရာ ၆ ေနရာေလာက္မွာ ကိုယ္လိုခ်င္တဲ့ စိတ္ႀကိဳက္ကစားသမားမ်ိဳး မရွိေသးပါဘူး။ နည္းဗ်ဴဟာပိုင္းလိုအပ္ခ်က္အရ တခ်ိဳ႕ကစားသမားေတြကို လူထုတ္ပုံထဲ မေ႐ြးခ်ယ္နိုင္ခဲ့ပါဘူ။း အသင္းႀကီးတခ်ိဳ႕ကိုေတာ့ ကြၽန္ေတာ္တို႔ မာမာထန္ထန္တုံ႕ျပန္နိုင္ခဲ့တာ ေက်နပ္စရာပါ။ ” လို႔ ရွင္းျပသြားခဲ့တဲ့ အာတီတာက ခံစစ္တာဝန္ယူလိုစိတ္နည္းပါးၿပီး တိုက္စစ္အားသန္တဲ့ အိုေဇးလ္ကို သူ႕ရဲ႕ ေခတ္သစ္ကစားကြက္မွာ အံမဝင္နိုင္ဘူးလို႔ ယူဆထားတာျဖစ္ေၾကာင္း သိရပါတယ္။

REF: FOOTBALLLONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.