Premier League

လေးသင်းပဲ ခန့်မှန်းလိုက်တဲ့ အိုဝင်ရဲ့ ချန်ပီယံစာရင်းမှာ ဘယ်သူတွေ ကျန်ခဲ့သလဲ

လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က သူ့ရဲ့ ၂၀၂၀-၂၁ ရာသီအတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ့် အသင်းခန့်မှန်းမှုမှာ ၄ သင်းကပဲ ဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းလိုက်ပြီး ပြတ်သားတဲ့ ပြောကြားမှုမျိုးကို ဆောင်ရွက်လိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းက ဒီရာသီမှာ ချန်ပီယံဖြစ်ခွင့်ကို အသင်းတိုင်း မျှော်လင့်နိုင်ပေမယ့် တကယ်တမ်းတော့ တာဝေး ပြေးရမယ့် မာရသွန် ပရီးမီးယားလိဂ်မှာ အင်အားတောင့်တင်းသလို နည်းပြကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းလေးသင်းကသာ တကယ်တမ်း ရယူနိုင်မယ်လို့ ဆိုလိုက်တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်၊ လက်စတာတို့လို အသင်းတွေကို ချန်လှပ်လိုက်တာဖြစ်ပါတယ်။

“ခင်ဗျားအနေနဲ့ ပရီးမီးယားလိဂ်ကို အသင်းတိုင်းက ရယူဖို့ အခွင့်အရေးရှိတယ်လို့ တစ်ခါလောက် တွေးခဲ့ဖူးတယ်ဆိုရင် အဲ့ဒါဟာ လက်ရှိ ယှဉ်ပြိုင်နေတဲ့ ရာသီပါပဲ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ ဒီလိုလုပ်နိုင်မယ့် အသင်းတွေကို လေးသင်းအထိ လျှော့ချကြည့်ချင်ပါတယ်။ သူတို့က လီဗာပူးလ်၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့ပါ”လို့ အိုဝင်က ဆိုပါတယ်။

ဆန်းချက်ဇ်ပစ်ဟွမ်ကွင်းမှာ ဆီဗီလာကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးကိုတော့ ဒီနှစ်က ချဲလ်ဆီး-ချဲလ်ဆီးလို့ အော်ဖို့ကောင်းနေပြီလို့ သူက ချီးကျူးလိုက်ပြီး လမ်းပတ်ရဲ့ ကိုင်တွယ်မှုက အခရာကျသလို ပရီးမီးယားလိဂ်မှာပဲ မျှော်လင့်မိပေမယ့် ချန်ပီယံလိဂ်မှာလည်း အမြင့်ပျံနိုင်ဖို့ လုပ်ပြနေတယ်လို့ သုံးသပ်လိုက်ပါတယ်။

အိုဝင်က လူစာရင်းကို ၉ ယောက်အထိ အပြောင်းအလဲလုပ်ထားပေမယ့် အကောင်းဆုံးကစားသွားခဲ့တဲ့ ချဲလ်ဆီးလို့ ပြောချင်ပေမယ့် လေးသင်းမှာပဲ လူစိတ်ဝင်စားအောင် ရပ်တန့်ထားပုံရပြီး ဂျီရူးဟာ တတိယဦးစားပေးတိုက်စစ်မှူးဆိုရင် သူတို့ရဲ့ လူအင်အားက ဘယ်လောက်တောင် နက်ရှိုင်းမှုရှိသလဲဆိုတာကို သိသင့်ကြောင်း ပြောကြားသွားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္က သူ႔ရဲ႕ ၂၀၂၀-၂၁ ရာသီအတြက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူႏိုင္မယ့္ အသင္းခန႔္မွန္းမႈမွာ ၄ သင္းကပဲ ျဖစ္ႏိုင္ေျခရွိတယ္လို႔ ခန႔္မွန္းလိုက္ၿပီး ျပတ္သားတဲ့ ေျပာၾကားမႈမ်ိဳးကို ေဆာင္႐ြက္လိုက္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းက ဒီရာသီမွာ ခ်န္ပီယံျဖစ္ခြင့္ကို အသင္းတိုင္း ေမွ်ာ္လင့္ႏိုင္ေပမယ့္ တကယ္တမ္းေတာ့ တာေဝး ေျပးရမယ့္ မာရသြန္ ပရီးမီးယားလိဂ္မွာ အင္အားေတာင့္တင္းသလို နည္းျပေကာင္းေတြကို ပိုင္ဆိုင္ထားတဲ့ အသင္းေလးသင္းကသာ တကယ္တမ္း ရယူႏိုင္မယ္လို႔ ဆိုလိုက္တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္၊ လက္စတာတို႔လို အသင္းေတြကို ခ်န္လွပ္လိုက္တာျဖစ္ပါတယ္။

“ခင္ဗ်ားအေနနဲ႔ ပရီးမီးယားလိဂ္ကို အသင္းတိုင္းက ရယူဖို႔ အခြင့္အေရးရွိတယ္လို႔ တစ္ခါေလာက္ ေတြးခဲ့ဖူးတယ္ဆိုရင္ အဲ့ဒါဟာ လက္ရွိ ယွဥ္ၿပိဳင္ေနတဲ့ ရာသီပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ့္အေနနဲ႔ေတာ့ ဒီလိုလုပ္ႏိုင္မယ့္ အသင္းေတြကို ေလးသင္းအထိ ေလွ်ာ့ခ်ၾကည့္ခ်င္ပါတယ္။ သူတို႔က လီဗာပူးလ္၊ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္တို႔ပါ”လို႔ အိုဝင္က ဆိုပါတယ္။

ဆန္းခ်က္ဇ္ပစ္ဟြမ္ကြင္းမွာ ဆီဗီလာကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးကိုေတာ့ ဒီႏွစ္က ခ်ဲလ္ဆီး-ခ်ဲလ္ဆီးလို႔ ေအာ္ဖို႔ေကာင္းေနၿပီလို႔ သူက ခ်ီးက်ဴးလိုက္ၿပီး လမ္းပတ္ရဲ႕ ကိုင္တြယ္မႈက အခရာက်သလို ပရီးမီးယားလိဂ္မွာပဲ ေမွ်ာ္လင့္မိေပမယ့္ ခ်န္ပီယံလိဂ္မွာလည္း အျမင့္ပ်ံႏိုင္ဖို႔ လုပ္ျပေနတယ္လို႔ သုံးသပ္လိုက္ပါတယ္။

အိုဝင္က လူစာရင္းကို ၉ ေယာက္အထိ အေျပာင္းအလဲလုပ္ထားေပမယ့္ အေကာင္းဆုံးကစားသြားခဲ့တဲ့ ခ်ဲလ္ဆီးလို႔ ေျပာခ်င္ေပမယ့္ ေလးသင္းမွာပဲ လူစိတ္ဝင္စားေအာင္ ရပ္တန႔္ထားပုံရၿပီး ဂ်ီ႐ူးဟာ တတိယဦးစားေပးတိုက္စစ္မႉးဆိုရင္ သူတို႔ရဲ႕ လူအင္အားက ဘယ္ေလာက္ေတာင္ နက္ရႈိင္းမႈရွိသလဲဆိုတာကို သိသင့္ေၾကာင္း ေျပာၾကားသြားခဲ့တယ္လို႔လည္း သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.