Premier League

3 Dec – နေ့လည်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ပေါင်သန်း ၄၀ ခေါ်စျေးရှိတဲ့ ရှော်လ်ကေး ဗဟိုခံစစ်မှူး အိုဇန် ကာဘက်ကို လီဗာပူးလ်အသင်းက ၂၅ သန်းနဲ့ လျှော့စျေးရသွားဖွယ်ရှိနေပြီး ရှော်လ်ကေးဘက်က အမြန်ရောင်းထုတ်ချင်နေလို့ အ​ပြောင်းအရွှေ့ မြန်ဆန်လာဖွယ်ရှိနေ။

အိုင်းယတ်စ်အသင်းမှာ ရာသီအနည်းငယ်ဆက်နေကာ အတွေ့အကြုံဖြည့်ချင်ပြီး အသင်းအတွက် ဆုဖလားဆွတ်ခူးချင်သေးလို့ အသင်းမပြောင်းချင်သေးဘူးလို့ လီဗာပူးလ်အသင်းနဲ့ ထွက်ပေါ်နေတဲ့ ကောလဟလတွေကို ပါရှူးစ်တုန့်ပြန်။

ကလော့ပ်ရဲ့ အတည်ပြုချက်အရ ဇန်နဝါရီအထိ လွဲချော်သွားမယ့် သီယာဂို အယ်လ်ကန်တာရာရဲ့ ဒူးဒဏ်ရာကို သတိကြီးကြီးနဲ့ စောင့်ကြည့်ကုသနေရကြောင်း သိရပြီး ဒဏ်ရာမပြင်းပေမယ့် ချက်ချင်းပြန်ကစားတာက အန္တရာယ်များလို့ ပြန်ကစားတဲ့နိုင်ဖို့ လုံလောက်တဲ့ အချိန်ယူရဦးမှာဖြစ်။

ဂျိုတာဟာ ထင်ထားတာနဲ့ မလိုက်ဖက်အောင် လျှပ်စီးလိုမြန်တယ်လို့ အိုဝင်က ချီးကျူးသွားခဲ့ပြီး လီဗာပူးလ်ရဲ့ သူရဲကောင်းအနေနဲ့ ဒီရာသီအတွက် အကျိုးအပြုဆုံးနဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့ သုံးသပ်။

လီဗာပူးလ်အသင်းက ချိတ်ဆက်ထားတဲ့ ဘရာဇီးလ် အံ့ဖွယ်လူငယ်ကြယ်ပွင့် တဲလက်စ် မက်ဂ်နိုဟာ သီယာရီ အွန်နရီနဲ့ နေမာတို့လို အဆင့်အတန်းမြင့် ကစားသမားဖြစ်ကြောင်း ဗက်စဂိုဒဂါးမားရဲ့ အားကစားဒါရိုက်တာပြောကြားခဲ့ပြီး သူ့အတွက် အနိမ့်ဆုံး ပေါင်သန်း ၅၀ လိုချင်​ကြောင်း သတိပေးသွားခဲ့။

အသင်းကို စတင်ရောက်ရှိကတည်းက ဗဟိုခံစစ်မှူးနေရာမှာ ကစားဖို့ ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်ထားတာဖြစ်ကြောင်း ဖာဘင်ညိုထုတ်ဖော်ခဲ့ပြီး ခံစစ်ကစားသမားတွေ ဒဏ်ရာရတာနဲ့ အဆင်သင့်ဝင်ကစားနိုင်အောင် ကလော့ပ်ရဲ့ အမြော်အမြင်ရှိရှိ ​ကြိုတင်စီမံထားခြင်းဖြစ်ကြောင်း သိရ။

သွေးအေးပြီး တည်ငြိမ်တဲ့ လူငယ်ဂိုးသမား ကယ်လေဟာဟာ ကလော့ပ်ရဲ့ အားကိုးမှုနဲ့ ယုံကြည်နှစ်သက်မှုကို အပြည့်အဝရရှိနေပြီး လာမယ့် ဝုဗ်နဲ့ပွဲမှာ ပွဲထွက်ကစားရဖွယ်ရှိကာ အယ်လစ်ဆန်နေရာကို ဆက်ခံဖို့ တစ်ပေးခံထားရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပါင္သန္း ၄၀ ေခၚေစ်းရွိတဲ့ ေရွာ္လ္ေကး ဗဟိုခံစစ္မႉး အိုဇန္ ကာဘက္ကို လီဗာပူးလ္အသင္းက ၂၅ သန္းနဲ႕ ေလွ်ာ့ေစ်းရသြားဖြယ္ရွိေနၿပီး ေရွာ္လ္ေကးဘက္က အျမန္ေရာင္းထုတ္ခ်င္ေနလို႔ အ​ေျပာင္းအေ႐ႊ႕ ျမန္ဆန္လာဖြယ္ရွိေန။

အိုင္းယတ္စ္အသင္းမွာ ရာသီအနည္းငယ္ဆက္ေနကာ အေတြ႕အႀကဳံျဖည့္ခ်င္ၿပီး အသင္းအတြက္ ဆုဖလားဆြတ္ခူးခ်င္ေသးလို႔ အသင္းမေျပာင္းခ်င္ေသးဘူးလို႔ လီဗာပူးလ္အသင္းနဲ႕ ထြက္ေပၚေနတဲ့ ေကာလဟလေတြကို ပါရႉးစ္တုန့္ျပန္။

ကေလာ့ပ္ရဲ႕ အတည္ျပဳခ်က္အရ ဇန္နဝါရီအထိ လြဲေခ်ာ္သြားမယ့္ သီယာဂို အယ္လ္ကန္တာရာရဲ႕ ဒူးဒဏ္ရာကို သတိႀကီးႀကီးနဲ႕ ေစာင့္ၾကည့္ကုသေနရေၾကာင္း သိရၿပီး ဒဏ္ရာမျပင္းေပမယ့္ ခ်က္ခ်င္းျပန္ကစားတာက အႏၱရာယ္မ်ားလို႔ ျပန္ကစားတဲ့နိုင္ဖို႔ လုံေလာက္တဲ့ အခ်ိန္ယူရဦးမွာျဖစ္။

ဂ်ိဳတာဟာ ထင္ထားတာနဲ႕ မလိုက္ဖက္ေအာင္ လွ်ပ္စီးလိုျမန္တယ္လို႔ အိုဝင္က ခ်ီးက်ဴးသြားခဲ့ၿပီး လီဗာပူးလ္ရဲ႕ သူရဲေကာင္းအေနနဲ႕ ဒီရာသီအတြက္ အက်ိဳးအျပဳဆုံးနဲ႕ ပရီးမီးယားလိဂ္ အေကာင္းဆုံး ကစားသမားျဖစ္လာလိမ့္မယ္လို႔ သုံးသပ္။

လီဗာပူးလ္အသင္းက ခ်ိတ္ဆက္ထားတဲ့ ဘရာဇီးလ္ အံ့ဖြယ္လူငယ္ၾကယ္ပြင့္ တဲလက္စ္ မက္ဂ္နိုဟာ သီယာရီ အြန္နရီနဲ႕ ေနမာတို႔လို အဆင့္အတန္းျမင့္ ကစားသမားျဖစ္ေၾကာင္း ဗက္စဂိုဒဂါးမားရဲ႕ အားကစားဒါရိုက္တာေျပာၾကားခဲ့ၿပီး သူ႕အတြက္ အနိမ့္ဆုံး ေပါင္သန္း ၅၀ လိုခ်င္​ေၾကာင္း သတိေပးသြားခဲ့။

အသင္းကို စတင္ေရာက္ရွိကတည္းက ဗဟိုခံစစ္မႉးေနရာမွာ ကစားဖို႔ ႀကိဳတင္ေလ့က်င့္မႈေတြ ျပဳလုပ္ထားတာျဖစ္ေၾကာင္း ဖာဘင္ညိုထုတ္ေဖာ္ခဲ့ၿပီး ခံစစ္ကစားသမားေတြ ဒဏ္ရာရတာနဲ႕ အဆင္သင့္ဝင္ကစားနိုင္ေအာင္ ကေလာ့ပ္ရဲ႕ အေျမာ္အျမင္ရွိရွိ ​ႀကိဳတင္စီမံထားျခင္းျဖစ္ေၾကာင္း သိရ။

ေသြးေအးၿပီး တည္ၿငိမ္တဲ့ လူငယ္ဂိုးသမား ကယ္ေလဟာဟာ ကေလာ့ပ္ရဲ႕ အားကိုးမႈနဲ႕ ယုံၾကည္ႏွစ္သက္မႈကို အျပည့္အဝရရွိေနၿပီး လာမယ့္ ဝုဗ္နဲ႕ပြဲမွာ ပြဲထြက္ကစားရဖြယ္ရွိကာ အယ္လစ္ဆန္ေနရာကို ဆက္ခံဖို႔ တစ္ေပးခံထားရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.