Premier League

ယူနိုက်တက် ၁-၃ ပီအက်စ်ဂျီပွဲအပြီး ထူးခြားပြောစရာ ဖြစ်ရပ် ၇ ချက်

ကောင်တာကို အားကိုးလွန်းခဲ့တဲ့ ဆိုးလ်ရှား – အရှေ့မှာ ပီအက်စ်ဂျီကို တန်ပြန်တိုက်စစ်နဲ့ နှစ်ပွဲဆက် အနိုင်ရထားတဲ့ ဆိုးလ်ရှားက ပီအက်စ်ဂျီကို ဒီထောင်ချောက်နဲ့ပဲ တူညီစွာ ထပ်ဆင်ခဲ့လို့ ပြောစရာဖြစ်ခဲ့ပါတယ်။ ခန့်မှန်းရလွယ်ကူလွန်းတဲ့ ဒီကစားဟန်မျိုးက ယူနိုက်တက်ရဲ့ ရေရှည်မှာ အလုပ်ဖြစ်လာဖို့ မလွယ်ကူပါဘူး။ ပီအက်စ်ဂျီက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ယူနိုက်တက်ရဲ့ အက်ကြောင်းထပ်နေတဲ့ ကစားကွက်ကို အသာစီးယူသွားခဲ့တာပါ။

မိုက်မဲတဲ့ ဖရက်ဒ် – ဖရက်ဒ်က မိနစ် ၇၀ မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဒီဖြစ်ရပ်မတိုင်မီကတည်းက သူက မိုက်မဲတဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တာပါ။ ပါရီဒက်စ်ကို ခေါင်းနဲ့တိုက်ခဲ့တာက ကံကောင်းထောက်မစွာနဲ့ စောစောစီးစီး ကွင်းထဲက မထွက်ခဲ့ရတာ ဖြစ်ပါတယ်။ VAR မရှိစဥ်တည်းက အရေးယူခံရဖို့ သေချာတဲ့ ဒီဖြစ်ရပ်ကို VAR မှာ ပြန်လည် စစ်ဆေးခြင်း မရှိခဲ့တာက အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ဖရက်ဒ်ရဲ့ အနီကတ်မှာ ဆိုးလ်ရှား တရားခံလား – ပထမပိုင်းမှာ အဝါကတ်ထိထားပြီး အမှားမခံတောတဲ့ ဖရက်ဒ်ကို စောစောစီးစီး လူစားမလဲဘဲ ဒုတိယပိုင်းမှာ ပေပြီးဆက်သုံးခဲ့တာက ဆိုးလ်ရှားကို တရားခံ ဖြစ်စေခဲ့ပါတယ်။ ပါးနပ်မှုနဲ့ တွက်ဆမှု လိုခဲ့တာလား၊ ပိုစွန့်စားခဲ့တာလား ဆိုတာ နည်းပြကိုယ်တိုင်သာ အဖြေသိပါလိမ့်မယ်။

ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ ယူနိုက်တက်တိုက်စစ် – မာစီယယ်လ်ရဲ့ အပိုင်ဂိုးကို ဖြုန်းတီးပစ်ခဲ့မှုက အပြစ်တခုဖြစ်ခဲ့ပြီး အဆုံးသတ်ပိုင်း တုံးအထုံထိုင်းနေတဲ့ ယူနိုက်တက်တိုက်စစ်က ကိုယ့်သမိုင်း ကိုယ်ရေးပြီး ပွဲပန်းမှုကို ဖန်တီးသွားကြတာပါပဲ။ ဒီပွဲမှာ အဖိုးတန် အနိုင် ၃ မှတ်ရရင် နောက်တဆင့်ကို တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံခဲ့ကြပါတယ်။

ပိုခက်ခဲမယ့် လိုက်ပ်ဇစ်ပွဲ – လိုက်ပ်ဇစ်ဆီက တမှတ်ရရင် အုပ်စုက ကျွတ်ပြီဆိုတာ ယူနိုက်တက်တို့ နားလည်ထားမှာဖြစ်ပေမယ့် ဒီအခွင့်အရေးကြောင့်ပဲ ဒီပွဲက ပိုခက်ခဲလာပါလိမ့်မယ်။ ချန်ပီယံလိဂ်မှာ ဆက်ရှိနေဖို့ အရည်အသွေးပြည့်မီကြောင်း သက်သေတဖန်ပြသရမယ့်ပွဲပါ။ အစ္စတန်ဘူလ်နဲ့ ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီက အလွယ်လေးအမှတ်ပြည့်ယူသွားဖို့ သေချာသလောက် ရှိနေတာကို ကြိုတင်တွက်ဆထားရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ရက်ရှ်ဖို့ဒ် – ဒီပွဲမှာ ချေပဂိုး တဂိုးသွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ချန်ပီယံလိဂ်သွင်းဂိုး ၆ ဂိုးနဲ့အတူ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဟာလန်း၊ မိုရာတာတို့နဲ့ ပူးတွဲရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီက ၁၈ ပွဲမှာ သွင်းခဲ့တဲ့ ဂိုးအရေအတွက်ထက်ပိုပြီး ဒီရာသီ ချန်ပီယံလိဂ် ၅ ပွဲမှာ ဂိုးပိုသွင်းထားတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ တိုးတက်မှုကို မြင်ရမှာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် ဒဏ်ရာရသွားခဲ့လေလား – ပေါ့ဂ်ဘာနဲ့ လူစားလဲခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချပြီး ဥမင်ထဲကနေ အဝတ်လဲခန်းထဲ ဝင်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒဏ်ရာရပြဿနာလို့ ယူဆစရာရှိနေပြီး ပွဲကျပ်ကာလမှာ သူသာ ဒဏ်ရာရခဲ့ရင် ယူနိုက်တက်တို့ အခုထက်ပို ခက်ခဲကျပ်တည်းသွားပါလိိမ့်မယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေကာင္တာကို အားကိုးလြန္းခဲ့တဲ့ ဆိုးလ္ရွား – အေရွ႕မွာ ပီအက္စ္ဂ်ီကို တန္ျပန္တိုက္စစ္နဲ႕ ႏွစ္ပြဲဆက္ အနိုင္ရထားတဲ့ ဆိုးလ္ရွားက ပီအက္စ္ဂ်ီကို ဒီေထာင္ေခ်ာက္နဲ႕ပဲ တူညီစြာ ထပ္ဆင္ခဲ့လို႔ ေျပာစရာျဖစ္ခဲ့ပါတယ္။ ခန့္မွန္းရလြယ္ကူလြန္းတဲ့ ဒီကစားဟန္မ်ိဳးက ယူနိုက္တက္ရဲ႕ ေရရွည္မွာ အလုပ္ျဖစ္လာဖို႔ မလြယ္ကူပါဘူး။ ပီအက္စ္ဂ်ီက ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႕ ယူနိုက္တက္ရဲ႕ အက္ေၾကာင္းထပ္ေနတဲ့ ကစားကြက္ကို အသာစီးယူသြားခဲ့တာပါ။

မိုက္မဲတဲ့ ဖရက္ဒ္ – ဖရက္ဒ္က မိနစ္ ၇၀ မွာ အနီကတ္နဲ႕ ထုတ္ပယ္ခံခဲ့ရၿပီး ဒီျဖစ္ရပ္မတိုင္မီကတည္းက သူက မိုက္မဲတဲ့လုပ္ရပ္ကို က်ဴးလြန္ခဲ့တာပါ။ ပါရီဒက္စ္ကို ေခါင္းနဲ႕တိုက္ခဲ့တာက ကံေကာင္းေထာက္မစြာနဲ႕ ေစာေစာစီးစီး ကြင္းထဲက မထြက္ခဲ့ရတာ ျဖစ္ပါတယ္။ VAR မရွိစဥ္တည္းက အေရးယူခံရဖို႔ ေသခ်ာတဲ့ ဒီျဖစ္ရပ္ကို VAR မွာ ျပန္လည္ စစ္ေဆးျခင္း မရွိခဲ့တာက အျငင္းပြားဖြယ္ရာ ျဖစ္ခဲ့ပါတယ္။

ဖရက္ဒ္ရဲ႕ အနီကတ္မွာ ဆိုးလ္ရွား တရားခံလား – ပထမပိုင္းမွာ အဝါကတ္ထိထားၿပီး အမွားမခံေတာတဲ့ ဖရက္ဒ္ကို ေစာေစာစီးစီး လူစားမလဲဘဲ ဒုတိယပိုင္းမွာ ေပၿပီးဆက္သုံးခဲ့တာက ဆိုးလ္ရွားကို တရားခံ ျဖစ္ေစခဲ့ပါတယ္။ ပါးနပ္မႈနဲ႕ တြက္ဆမႈ လိုခဲ့တာလား၊ ပိုစြန့္စားခဲ့တာလား ဆိုတာ နည္းျပကိုယ္တိုင္သာ အေျဖသိပါလိမ့္မယ္။

ကိုယ့္သမိုင္း ကိုယ္ေရးတဲ့ ယူနိုက္တက္တိုက္စစ္ – မာစီယယ္လ္ရဲ႕ အပိုင္ဂိုးကို ျဖဳန္းတီးပစ္ခဲ့မႈက အျပစ္တခုျဖစ္ခဲ့ၿပီး အဆုံးသတ္ပိုင္း တုံးအထုံထိုင္းေနတဲ့ ယူနိုက္တက္တိုက္စစ္က ကိုယ့္သမိုင္း ကိုယ္ေရးၿပီး ပြဲပန္းမႈကို ဖန္တီးသြားၾကတာပါပဲ။ ဒီပြဲမွာ အဖိုးတန္ အနိုင္ ၃ မွတ္ရရင္ ေနာက္တဆင့္ကို တက္နိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခံခဲ့ၾကပါတယ္။

ပိုခက္ခဲ့မယ့္ လိုက္ပ္ဇစ္ပြဲ – လိုက္ပ္ဇစ္ဆီက တမွတ္ရရင္ အုပ္စုက ကြၽတ္ၿပီဆိုတာ ယူနိုက္တက္တို႔ နားလည္ထားမွာျဖစ္ေပမယ့္ ဒီအခြင့္အေရးေၾကာင့္ပဲ ဒီပြဲက ပိုခက္ခဲလာပါလိမ့္မယ္။ ခ်န္ပီယံလိဂ္မွာ ဆက္ရွိေနဖို႔ အရည္အေသြးျပည့္မီေၾကာင္း သက္ေသတဖန္ျပသရမယ့္ပြဲပါ။ အစၥတန္ဘူလ္နဲ႕ ရင္ဆိုင္ရမယ့္ ပီအက္စ္ဂ်ီက အလြယ္ေလးအမွတ္ျပည့္ယူသြားဖို႔ ေသခ်ာသေလာက္ ရွိေနတာကို ႀကိဳတင္တြက္ဆထားရမွာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံး ရက္ရွ္ဖို႔ဒ္ – ဒီပြဲမွာ ေခ်ပဂိုး တဂိုးသြင္းယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ခ်န္ပီယံလိဂ္သြင္းဂိုး ၆ ဂိုးနဲ႕အတူ ၿပိဳင္ပြဲရဲ႕ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ဟာလန္း၊ မိုရာတာတို႔နဲ႕ ပူးတြဲရပ္တည္ေနပါတယ္။ ၿပီးခဲ့တဲ့ ၂ ရာသီက ၁၈ ပြဲမွာ သြင္းခဲ့တဲ့ ဂိုးအေရအတြက္ထက္ပိုၿပီး ဒီရာသီ ခ်န္ပီယံလိဂ္ ၅ ပြဲမွာ ဂိုးပိုသြင္းထားတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ တိုးတက္မႈကို ျမင္ရမွာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ ဒဏ္ရာရသြားခဲ့ေလလား – ေပါ့ဂ္ဘာနဲ႕ လူစားလဲခံခဲ့ရတဲ့ ရက္ရွ္ဖို႔ဒ္က စိတ္ပ်က္လက္ပ်က္နဲ႕ ေခါင္းငိုက္စိုက္ခ်ၿပီး ဥမင္ထဲကေန အဝတ္လဲခန္းထဲ ဝင္သြားတာကို ေတြ႕ခဲ့ရပါတယ္။ ဒဏ္ရာရျပႆနာလို႔ ယူဆစရာရွိေနၿပီး ပြဲက်ပ္ကာလမွာ သူသာ ဒဏ္ရာရခဲ့ရင္ ယူနိုက္တက္တို႔ အခုထက္ပို ခက္ခဲက်ပ္တည္းသြားပါလိိမ့္မယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.