Premier League

3 Dec – နေ့လည်ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုံစုံလင်လင် စုစည်းမှု

တိုက်စစ်မှူး ဂျီရူးဟာ သဘောထားပြည့်ဝပြီး အပြုံးမပျက်တတ်တဲ့သူလို့ အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်က ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ စိတ်ဓာတ်ဟာ လူငယ်ဘောလုံးသမားတိုင်းအတွက် အတုယူစရာ စံပြပုဂ္ဂိုလ်တဦးဖြစ်ကြောင်း ဖွင့်ဟ။

အလတ်ကြီးကျန်သေးတဲ့ ဂျီရူးရဲ့ ခြေစွမ်းကိုကြည့်ပြီး အာဆင်နယ်ပရိသတ်တွေ နောင်တရနေမယ်လို့ ဂျိုကိုးလ်က လှောင်ပြောင်သွားခဲ့ပြီး သူဟာ ဘယ်အသင်းနဲ့မဆို တန်ဖိုးထားခံသင့်တဲ့ ကစားသမားမျိုးဆိုတာ သက်သေပြခဲ့ပြီလို့ ပြောကြား။

ဆီဗီလားနဲ့ပွဲမှာ ချယ်လ်ဆီးအတွက် တဦးတည်း လေးဂိုးသွင်းပေးခဲ့တဲ့ ဂျီရူးဟာ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်ဂိုးနဲ့ ပင်နယ်တီဂိုး လေးမျိုးကို တပွဲတည်း ဆက်တိုက်သွင်းခဲ့လို့ Perfect Hatrick အပြင် Super Hatrick စံချိန်ပါတင်သွားခဲ့။

ဆီဗီလားနဲ့ပွဲမှာသာ ပရိသတ်တွေရှိနေရင် သူတို့ အထူးတလည်ဂုဏ်ပြုရတဲ့ တကွင်းလုံး မတ်တပ်ရပ်ပြီး လက်ခုပ်တီးတဲ့ အားပေးမှုကို ဂျီရူး ရရှိမှာဖြစ်တယ်လို့ ပြင်သစ်သားကို လမ်းပတ် ချီးကျူးမှု ပြုလုပ်ခဲ့ပြီး သူ့ရဲ့ မယုံနိုင်ဖွယ်ရာ စွမ်းဆောင်ရည်ကြောင့် ​ပြောမပြတတ်အောင် ဝမ်းသာနေကြောင်းသိရ။

Perfect ဟက်ထရစ်ဆိုတဲ့ သဘောသဘာဝကို အရင်က သိပင်မသိရှိခဲ့ကြောင်း ဆီဗီလာနဲ့ပွဲအပြီးမှာ ဂျီရူးဝန်ခံသွားခဲ့ပြီး ဒီသွင်းဂိုးတွေဟာ မိမိတဦးကောင်း သွင်းယူလို့မရသလို အသင်းဖော်တွေသာ မပံ့ပိုးပေးရင် မဖြစ်နိုင်ကြောင်းပြောကြား။

၂၀၁၁-၁၂ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် လေးပွဲဆက် အနိုင်ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းအတွက် အဲဒီရာသီကအတိုင်းထပ်တူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးသွား​မယ်လို့ ပရိသတ်တွေရဲ့ အံ့အားတသင့် မျှော်လင့်ချက်တွေရှိလာပြီး ဒီဆန်းကြယ်မှုအတိုင်းဖြစ်လာဖို့ ယုံကြည်နေ။

ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့လို လာလီဂါဘီလူးကြီးတွေထက် ချယ်လ်ဆီးအသင်းက ပိုသာလွန်နေတယ်လို့ ဂလန်း ဟော်ဒယ်လ်က မှတ်ချက်ချခဲ့ပြီး ချန်ပီယံလိဂ်မှာ အနိမ့်ဆုံး ဆီမီးဖိုင်နယ်တက်မယ်လို့ ဟောကိန်းထုတ်။

ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြစ်လာမယ့် ဒေးဗစ် အလာဘာကို ချယ်လ်ဆီးအသင်းက သုံးနှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပြီး အေးဂျင့်က လေးနှစ်ချုပ်ဆိုဖို့ အကြောင်းပြန်ခဲ့။ ဇန်နဝါရီဈေးကွက်လှုပ်ရှားမှုမှာ ဒေးဗစ် အလာဘာအပြင် ဒက်ကလန် ရိုက်စ်၊ နဲ့ မက်သယူး ဘွန်းစ်ဝဲလ်တို့က အမိအရ ခေါ်ယူသွားဖို့ရှိလာပြီး အမြန်ဆန်ဆုံးနည်းလမ်းနဲ့ အကောင်အထည်ဖြစ်လာဖို့ ချိန်ရွယ်ထား။

ဟဒ်ဆန်-အိုဒွိုင်းဟာ လမ်းပတ်ရဲ့ လမ်းညွှန်ထိန်းကျောင်းမှုအောက်မှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးဖြစ်လာ​စေရမယ်လို့ ဂျိုကိုးလ်က လောင်းကြေးထပ်ခဲ့ပြီး မကြာခင်မှာ မရှိမဖြစ် တိုက်စစ်မှူးအနေနဲ့ အသင်းကို အကျိုးပြုလာမယ်လို့ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တိုက္စစ္မႉး ဂ်ီ႐ူးဟာ သေဘာထားျပည့္ဝၿပီး အၿပဳံးမပ်က္တတ္တဲ့သူလို႔ အသင္းေဖာ္ေဟာင္း ဖာဘရီဂတ္စ္က ခ်ီးက်ဴးသြားခဲ့ၿပီး သူ႔ရဲ႕ စိတ္ဓာတ္ဟာ လူငယ္ေဘာလုံးသမားတိုင္းအတြက္ အတုယူစရာ စံျပပုဂၢိဳလ္တဦးျဖစ္ေၾကာင္း ဖြင့္ဟ။

အလတ္ႀကီးက်န္ေသးတဲ့ ဂ်ီ႐ူးရဲ႕ ေျခစြမ္းကိုၾကည့္ၿပီး အာဆင္နယ္ပရိသတ္ေတြ ေနာင္တရေနမယ္လို႔ ဂ်ိဳကိုးလ္က ေလွာင္ေျပာင္သြားခဲ့ၿပီး သူဟာ ဘယ္အသင္းနဲ႔မဆို တန္ဖိုးထားခံသင့္တဲ့ ကစားသမားမ်ိဳးဆိုတာ သက္ေသျပခဲ့ၿပီလို႔ ေျပာၾကား။

ဆီဗီလားနဲ႔ပြဲမွာ ခ်ယ္လ္ဆီးအတြက္ တဦးတည္း ေလးဂိုးသြင္းေပးခဲ့တဲ့ ဂ်ီ႐ူးဟာ ဘယ္ေျခ၊ ညာေျခ၊ ေခါင္းတိုက္ဂိုးနဲ႔ ပင္နယ္တီဂိုး ေလးမ်ိဳးကို တပြဲတည္း ဆက္တိုက္သြင္းခဲ့လို႔ Perfect Hatrick အျပင္ Super Hatrick စံခ်ိန္ပါတင္သြားခဲ့။

ဆီဗီလားနဲ႔ပြဲမွာသာ ပရိသတ္ေတြရွိေနရင္ သူတို႔ အထူးတလည္ဂုဏ္ျပဳရတဲ့ တကြင္းလုံး မတ္တပ္ရပ္ၿပီး လက္ခုပ္တီးတဲ့ အားေပးမႈကို ဂ်ီ႐ူး ရရွိမွာျဖစ္တယ္လို႔ ျပင္သစ္သားကို လမ္းပတ္ ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့ၿပီး သူ႔ရဲ႕ မယုံႏိုင္ဖြယ္ရာ စြမ္းေဆာင္ရည္ေၾကာင့္ ​ေျပာမျပတတ္ေအာင္ ဝမ္းသာေနေၾကာင္းသိရ။

Perfect ဟက္ထရစ္ဆိုတဲ့ သေဘာသဘာဝကို အရင္က သိပင္မသိရွိခဲ့ေၾကာင္း ဆီဗီလာနဲ႔ပြဲအၿပီးမွာ ဂ်ီ႐ူးဝန္ခံသြားခဲ့ၿပီး ဒီသြင္းဂိုးေတြဟာ မိမိတဦးေကာင္း သြင္းယူလို႔မရသလို အသင္းေဖာ္ေတြသာ မပံ့ပိုးေပးရင္ မျဖစ္ႏိုင္ေၾကာင္းေျပာၾကား။

၂၀၁၁-၁၂ ေဘာလုံးရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ ေလးပြဲဆက္ အႏိုင္ရရွိခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းအတြက္ အဲဒီရာသီကအတိုင္းထပ္တူ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးသြား​မယ္လို႔ ပရိသတ္ေတြရဲ႕ အံ့အားတသင့္ ေမွ်ာ္လင့္ခ်က္ေတြရွိလာၿပီး ဒီဆန္းၾကယ္မႈအတိုင္းျဖစ္လာဖို႔ ယုံၾကည္ေန။

ဘာစီလိုနာ၊ ရီးယဲလ္မက္ဒရစ္တို႔လို လာလီဂါဘီလူးႀကီးေတြထက္ ခ်ယ္လ္ဆီးအသင္းက ပိုသာလြန္ေနတယ္လို႔ ဂလန္း ေဟာ္ဒယ္လ္က မွတ္ခ်က္ခ်ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ အနိမ့္ဆုံး ဆီမီးဖိုင္နယ္တက္မယ္လို႔ ေဟာကိန္းထုတ္။

ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖစ္လာမယ့္ ေဒးဗစ္ အလာဘာကို ခ်ယ္လ္ဆီးအသင္းက သုံးႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းထားၿပီး ေအးဂ်င့္က ေလးႏွစ္ခ်ဳပ္ဆိုဖို႔ အေၾကာင္းျပန္ခဲ့။ ဇန္နဝါရီေဈးကြက္လႈပ္ရွားမႈမွာ ေဒးဗစ္ အလာဘာအျပင္ ဒက္ကလန္ ႐ိုက္စ္၊ နဲ႔ မက္သယူး ဘြန္းစ္ဝဲလ္တို႔က အမိအရ ေခၚယူသြားဖို႔ရွိလာၿပီး အျမန္ဆန္ဆုံးနည္းလမ္းနဲ႔ အေကာင္အထည္ျဖစ္လာဖို႔ ခ်ိန္႐ြယ္ထား။

ဟဒ္ဆန္-အိုဒြိဳင္းဟာ လမ္းပတ္ရဲ႕ လမ္းၫႊန္ထိန္းေက်ာင္းမႈေအာက္မွာ ကမာၻ႔အဆင့္ တိုက္စစ္မႉးျဖစ္လာ​ေစရမယ္လို႔ ဂ်ိဳကိုးလ္က ေလာင္းေၾကးထပ္ခဲ့ၿပီး မၾကာခင္မွာ မရွိမျဖစ္ တိုက္စစ္မႉးအေနနဲ႔ အသင္းကို အက်ိဳးျပဳလာမယ္လို႔ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.