Premier League

ေႏြရာသီမွာ အသင္းကို အေျပာင္းအလဲႀကီးႀကီးမားမားလုပ္မယ့္ ခ်ဲလ္ဆီး

ၿပဳိင္ပြဲအရပ္ရပ္မွာ ေအာင္ျမင္မႈေတြ ရယူႏိုင္ေလာက္တဲ့ အဆင့္အတန္းေရာက္ေအာင္ အသင္းကို အသစ္ျပန္လည္တည္ေဆာက္ဖို႔ ျပင္ဆင္ေနတဲ့ ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ လက္ရွိအသင္းမွာ သူ မလုိခ်င္တဲ့ ကစားသမား ၈ ေယာက္ကို လာမယ့္ေႏြရာသီမွာ ထုတ္ေရာင္းေတာ့မယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

လမ္းပတ္ ထုတ္ေရာင္းမယ့္ ကစားသမားေတြထဲမွာ နည္းျပေဟာင္း ေမာ္ရီဇီယို ဆာရီလက္ထက္က ကမာၻ႕စံခ်ိန္တင္ဂိုးသမားေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚခဲ့တဲ့ စပိန္ဂိုးသမား ကီပါ အာရီဇာဘာလာဂါနဲ႔ ေပါင္သန္း ၅၀ နဲ႔ ေခၚယူထားခဲ့တဲ့ အီတလီကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုတို႔လည္း ပါဝင္ေနခဲ့ပါတယ္။

အဂၤါေန႔က ဘို္င္ယန္ျမဴးနစ္ကို အိမ္ကြင္းမွာ ဂိုးျပတ္ရႈံးခဲ့အၿပီးမွာ ဥေရာပအဆင့္ကို တိုးႏိုင္ဖို႔ ဘယ္ေလာက္အထိ အဆင့္ျမင့္ဖို႔လိုသလဲကို လမ္းပတ္အေနနဲ႔ ေကာင္းေကာင္းသင္ခန္းစာရသြားတာျဖစ္ႏုိင္သလို တစ္ဆက္တည္းမွာပဲ သူ႕ရဲ႕ကစားသမားအင္အားက ဘယ္ေလာက္ပဲရွိသလဲကို လမ္းပတ္ ပိုသိသြားခဲ့ပါတယ္။

အခုဆိုရင္ ခ်ဲလ္ဆီးအသင္းကို လမ္းပတ္ နည္းျပလာတာ ၈ လခန္႔ရွိၿပီျဖစ္ၿပီး ဒီကာလအတြင္း ကစားသမားတစ္ဦးခ်င္းစီရဲ႕ ေျခစြမ္းကိုလည္း သူ ေကာင္းေကာင္းသိလာၿပီျဖစ္လို႔ လာမယ့္ရာသီအတြက္ သူ႔အစီအစဥ္မွာ မပါတဲ့ ကစားသမားေတြကို ထုတ္ေရာင္းၿပီး ကစားသမားအင္အားသစ္ ထပ္ျဖည့္ဖို႔ စတင္ျပင္ဆင္ေနၿပီလည္းျဖစ္ပါတယ္။

ေသခ်ာတာကေတာ့ ရာသီကုန္ရင္ စာခ်ဳပ္သက္တမ္းေစ့ေတာ့မယ့္ ေတာင္ပံကစားသမား ပက္ဒ႐ိုနဲ႔ ၀ီလ်ံတို႔ကိုေတာ့ သက္တမ္းတုိးဖြယ္မရွိသလို ကြင္းလယ္လူ ဘာကေလ၊ ဗဟိုခံစစ္မွဴး ဇူးမား၊ ဘယ္ေနာက္ခံလူေတြျဖစ္ၾကတဲ့ အလြန္ဆိုနဲ႔ အီမာဆင္တို႔ကိုလည္း လာမယ့္ေႏြရာသီမွာ ထုတ္ေရာင္းဖို႔ စီစဥ္ထားၿပီး သူတုိ႔ေနရာမွာ လက္စတာရဲ႕ ေခ်းလ္ဝဲလ္၊ အက္သလက္တီကိုဂိုးသမား ေအာ့ဘလက္နဲ႔ ေတာင္ပံတုိက္စစ္အတြက္ေတာ့ ေခၚယူဖို႔ သေဘာတူညီထားၿပီးျဖစ္တဲ့ ဇီယက္ခ်္အျပင္ ေဒါ့မြန္ရဲ႕ ဆန္ခ်ဳိကိုပါ ႀကဳိးစားသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပြိုင်ပွဲအရပ်ရပ်မှာ အောင်မြင်မှုတွေ ရယူနိုင်လောက်တဲ့ အဆင့်အတန်းရောက်အောင် အသင်းကို အသစ်ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ လက်ရှိအသင်းမှာ သူ မလိုချင်တဲ့ ကစားသမား ၈ ယောက်ကို လာမယ့်နွေရာသီမှာ ထုတ်ရောင်းတော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

လမ်းပတ် ထုတ်ရောင်းမယ့် ကစားသမားတွေထဲမှာ နည်းပြဟောင်း မော်ရီဇီယို ဆာရီလက်ထက်က ကမ္ဘာ့စံချိန်တင်ဂိုးသမားပြောင်းရွှေ့ကြေးနဲ့ ခေါ်ခဲ့တဲ့ စပိန်ဂိုးသမား ကီပါ အာရီဇာဘာလာဂါနဲ့ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူထားခဲ့တဲ့ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့လည်း ပါဝင်နေခဲ့ပါတယ်။

အင်္ဂါနေ့က ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့အပြီးမှာ ဥရောပအဆင့်ကို တိုးနိုင်ဖို့ ဘယ်လောက်အထိ အဆင့်မြင့်ဖို့လိုသလဲကို လမ်းပတ်အနေနဲ့ ကောင်းကောင်းသင်ခန်းစာရသွားတာဖြစ်နိုင်သလို တစ်ဆက်တည်းမှာပဲ သူ့ရဲ့ကစားသမားအင်အားက ဘယ်လောက်ပဲရှိသလဲကို လမ်းပတ် ပိုသိသွားခဲ့ပါတယ်။

အခုဆိုရင် ချဲလ်ဆီးအသင်းကို လမ်းပတ် နည်းပြလာတာ ၈ လခန့်ရှိပြီဖြစ်ပြီး ဒီကာလအတွင်း ကစားသမားတစ်ဦးချင်းစီရဲ့ ခြေစွမ်းကိုလည်း သူ ကောင်းကောင်းသိလာပြီဖြစ်လို့ လာမယ့်ရာသီအတွက် သူ့အစီအစဉ်မှာ မပါတဲ့ ကစားသမားတွေကို ထုတ်ရောင်းပြီး ကစားသမားအင်အားသစ် ထပ်ဖြည့်ဖို့ စတင်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။

သေချာတာကတော့ ရာသီကုန်ရင် စာချုပ်သက်တမ်းစေ့တော့မယ့် တောင်ပံကစားသမား ပက်ဒရိုနဲ့ ဝီလျံတို့ကိုတော့ သက်တမ်းတိုးဖွယ်မရှိသလို ကွင်းလယ်လူ ဘာကလေ၊ ဗဟိုခံစစ်မှူး ဇူးမား၊ ဘယ်နောက်ခံလူတွေဖြစ်ကြတဲ့ အလွန်ဆိုနဲ့ အီမာဆင်တို့ကိုလည်း လာမယ့်နွေရာသီမှာ ထုတ်ရောင်းဖို့ စီစဉ်ထားပြီး သူတို့နေရာမှာ လက်စတာရဲ့ ချေးလ်ဝဲလ်၊ အက်သလက်တီကိုဂိုးသမား အော့ဘလက်နဲ့ တောင်ပံတိုက်စစ်အတွက်တော့ ခေါ်ယူဖို့ သဘောတူညီထားပြီးဖြစ်တဲ့ ဇီယက်ချ်အပြင် ဒေါ့မွန်ရဲ့ ဆန်ချိုကိုပါ ကြိုးစားသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.