Premier League Transfer News

3 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ကွင်းလယ်လူ ဖရက်ဒ်ကို ထုတ်ပယ်ဖို့အတွက် ဒိုင်လူကြီး ဒန်နီယယ်လ် အော်ဆာတိုအနေနဲ့ ခွင်ဝင်လာအောင် အဆင်သင့် စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ် လှောင်ပြောင်သွားခဲ့။

– ဖရက်ဒ်ရဲ့ ဒုတိယအဝါကတ်ဟာ ပြစ်ဒဏ်ဘော မဟုတ်ခဲ့ဘူးလို့ သူ့ရဲ့ ကစားသမားဘက်က ဆိုးလ်ရှား ကာကွယ်သွားခဲ့သလို ပထမ တစ်ဝါထိချိန် ဒုတိယပိုင်းအတွင်းမှာ လူစားလဲရမယ့်အစား ကစားပုံကောင်းမွန်နေလို့ ဆက်ကစားစေခဲ့တယ်လို့ ရှင်းလင်းသွား။

– နည်းပြ ဆိုးလ်ရှားအနေနဲ့ ကစားအားတင်ချိန်မှာ အဝါထိထားတဲ့ ဖရက်ဒ်ကို ဘေးဆီးရန်ကာ လူစားလဲရမယ်ဆိုတာကို မလုပ်ခဲ့တာအတွက် ဝိုင်းဝန်းအပြစ်တင်နေကြပြီး သူ့ရဲ့ ဝန်ဘစ်ဆာကာကို အီဂါလိုနဲ့ လဲပြီး ခံစစ်ကစားမယ့်သူ နည်းချိန်မှာ ဂိုးထပ်ပေးခဲ့ရတဲ့ အဖြစ်အတွက်လည်း အမြင်မကြည်လင်မှုတွေ ရှိနေ။

– မန်ချက်စတာယူနိုက်တက်ကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့နိုင်ဖို့ အကြိုသဘောတူညီချက်ကို ရရှိဖို့ လုပ်ဆောင်နေတဲ့ အေစီမီလန်ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးနဲ့ သဘောတူညီမှုကို ဇန်နဝါရီမှာ ရယူနိုင်ဖို့ ပိုမိုနီးစပ်လာ။

– ယူနိုက်တက်တိုက်စစ်မှူး အန်တိုနီယို မာစီယယ်လ်အနေနဲ့ သူ့ရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်သင့်ပြီဖြစ်ပြီး ပီအက်စ်ဂျီနဲ့ပွဲက အခွင့်အရေးနှစ်ကြိမ်စလုံးဟာ ဂိုးအဖြစ် ပြောင်းလဲနိုင်သင့်တယ်လို့ ပေါလ် စခိုးလ်နဲ့ ရီယို ဖာဒီနန်တို့ ဝေဖန်။

– ပီအက်စ်ဂျီကွင်းလယ်လူ ပါရေးဒက်စ်ကို ဖရက်ဒ်ရဲ့ ခေါင်းနဲ့ ဆောင့်တိုက်ချက်ဟာ ဥပဒေအရ အနီကတ်ပဲ ဖြစ်သင့်တယ်လို့ ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီး နေရာချထားရေးတာဝန်ခံဟောင်း ကိသ် ဟက်ကက်က ပြောကြားလိုက်ပြီး ဒိုင်လူကြီး အော်ဆာတိုရဲ့ ကိုင်တွယ်မှုကို မေးခွန်းထုတ်သွား။

– ပခုံးဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ မအီမသာ ခံစားနေရပေမယ့် လာမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ ပါဝင်နိုင်လောက်မယ်လို့ ယူဆရကြောင်း နည်းပြ ဆိုးလ်ရှား ခန့်မှန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.