Premier League Transfer News UCL&UEL

2 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ထရန့် အလက်ဇန်းဒါး အာနိုးလ်ဒ်ဟာ အသင်းရဲ့ ရာသီကြိုအစီအစဉ်ကို လွဲချော်ခဲ့ရတဲ့အကြောင်းရင်းကို ကလော့ပ် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ခဲ့ပြီး ကိုဗစ်ရောဂါပိုးကူးစက်မှုခံခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုသွားခဲ့။

လီဗာပူးလ်အသင်းက ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ ရှော်လ်ကာအသင်းရဲ့ တူရကီနောက်ခံလူ အိုဇန် ကာဘက်အတွက် ပြိုင်ဘက် ပေါ်လာခဲ့ပြီဖြစ်ပြီး စီးရီးအေကလပ် အေစီမီလန်အသင်းက အပြိုင်အဆိုင်ကြိုးစားဖို့ ရှိလာ။

လီဗာပူးလ်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးကောင်းရှိနေပြီး ပွဲတွင်းမှာ တစ်ကိုယ်ကောင်းဆန်ကြတယ်ဆိုတာက အဲ့ဒီလုပ်ပြီး ဂိုးသွင်းနိုင်ဖို့အတွက် အသင်းဘက်က ပိုက်ဆံပေးတာကို ခံထားရလို့ဖြစ်တယ်လို့ နောက်ခံလူ ရောဘတ်ဆန်က သူတို့ရဲ့ အလုပ်အတွက် ရှင်းလင်းသွား။

အိုင်းယက်စ်နဲ့ပွဲမှာ အက်ဒရီယန်ကို ကျော်လွန်ပြီး အိုင်းရစ်ရှ် လူငယ်ဂိုးသမား ကွီးဗင် ကယ်လေဟာကို နေရာပေးခဲ့ရခြင်းဟာ သူ့ရဲ့ ဘောလုံးနိုင်နင်းမှု နဲ့ ပင်ကိုယ်သဘာဝကစားဟန်ကို နှစ်ခြိုက်မိလို့ဖြစ်ကြောင်း ကလော့ပ်ရှင်းပြခဲ့။

အိုင်းယက်စ်နဲ့ပွဲမှာ ပွဲချိန်ပြည့် မိနစ် ၉၀ ကစားသွားခဲ့တဲ့ အန်ဒီ ရောဘတ်ဆန်ဟာ ခြေကျင်းဝတ်ကို ထိခိုက်မိကြောင်း ကလော့ပ်က အတည်ပြုသွားခဲ့ပြီး ဒဏ်ရာဖြစ်ဖို့ အလားအလာများနေကြောင်း ပြောကြား။

အိုင်းယက်စ်နဲ့ပွဲမှာ Clean Sheet ရရှိစေခဲ့တဲ့ ဖာဘင်ညိုရဲ့ ခံစစ်နိုင်နင်းမှုမျိုးကို အသင်းပရိသတ်တွေက သဘောတွေ့နှစ်ခြိုက်နေပြီး ကျောက်ဆောင်လို မာကျောတဲ့ ကစားသမားလို့ တင်စားခံနေရပြီး ခံစစ်ကို ဆက်လက်တာဝန်ယူပေးဖို့ တောင်းဆိုခံခဲ့ရ။

လီဗာပူးလ်အတွက် ပွဲဦးထွက်မှာ ၂၂ နှစ် ဆိုတဲ့ အသက်အရွယ်နဲ့မမျှအောင် ဂိုးပေါက်ကို အတည်ငြိမ်ဆုံး ကာကွယ်ပြီး တုန်လှုပ်ခြင်းမရှိဘဲ အကောင်းဆုံး လက်စွမ်းပြသွားခဲ့တဲ့ ကယ်လေဟာကို ပွဲမရှိန်တတ်ဘဲ သတ္တိကောင်းလို့ ပီတာခရော့ချ် ဂုဏ်ပြုသွားခဲ့။

အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ နောက်ကျောမှာ ဒဏ်ရာအနည်းငယ်ရှိနေခဲ့ပြီး ဒဏ်ရာအခြေအနေကိုတော့ လာမယ့်ရက်တွေမှာ စစ်ဆေးပြီးမှ သိရှိရမှာဖြစ်လို့ လက်ရှိအချိန်မှာ ကြိုတွေးပြီး မစိုးရိမ်ချင်သေးကြောင်း ကလော့ပ်ဝန်ခံ။

အိုင်းယက်စ်နဲ့ပွဲမှာ Clean Sheet ရယူခဲ့ပြီး လီဗာပူးလ်အတွက် ပွဲဦးထွက်စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် ထောက်ခံအားပေးမှုတွေနဲ့ ဂုဏ်ပြုချီးကျုးထားတဲ့ SMS တွေဟာ ဖုန်းထဲကို မရပ်မနားဝင်လာခဲ့ကြောင်း ကယ်လေဟာ ထုတ်ဖော်ခဲ့ပြီး စီနီယာဂိုးသမား အက်ဒရီယန်ရဲ့ မက်ဆေ့ချ်လည်း ပါဝင်တယ်လို့ ဖွင့်ဟ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:







လီဗာပူးလ်အတွက် ပွဲဦးထွက်မှာ ၂၂ နှစ် ဆိုတဲ့ အသက်အရွယ်နဲ့မမျှအောင် ဂိုးပေါက်ကို အတည်ငြိမ်ဆုံး ကာကွယ်ပြီး တုန်လှုပ်ခြင်းမရှိဘဲ အကောင်းဆုံး လက်စွမ်းပြသွားခဲ့တဲ့ ကယ်လေဟာကို ပွဲမရှိန်တတ်ဘဲ သတ္တိကောင်းလို့ ပီတာခရော့ခ်ျ ဂုဏ်ပြုသွားခဲ့။


အိုင်းယက်စ်နဲ့ပွဲမှာ Clean Sheet ရယူခဲ့ပြီး လီဗာပူးလ်အတွက် ပွဲဦးထွက်စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် ထောက်ခံအားပေးမှုတွေနဲ့ ဂုဏ်ပြုချီးကျုးထားတဲ့ SMS တွေဟာ ဖုန်းထဲကို မရပ်မနားဝင်လာခဲ့ကြောင်း ကယ်လေဟာ ထုတ်ဖော်ခဲ့ပြီး စီနီယာဂိုးသမား အက်ဒရီယန်ရဲ့ မက်ဆေ့ခ်ျလည်း ပါဝင်တယ်လို့ ဖွင့်ဟ။

REF: INTERNET SOURCES
SPORTS A2Z.