Premier League

ဇာကာရီးယားနဲ့ ဘင်ဝှိုက်တို့ကို အရခေါ်ယူဖို့ ချိန်ရွယ်ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ခံစစ်ကြောင်းကို အားဖြည်ဖို့ မိုချန်ဂလာဘတ်ရဲ့ ဘွန်ဒက်လီဂါကြယ်ပွင့်ကွင်းလယ်လူ ဇာကာရီးယားကို ခေါ်ယူဖို့ အတည်တကျလှုပ်ရှားနေကြောင်း SportsBild သတင်းထောက် ခရစ္စတီယန် ဖော့ခ်ရဲ့ စိတ်ချရတဲ့ ရင်းမြစ်ကနေ သိရသလို ဘရိုက်တန်ဗဟိုခံစစ်မှူးကို ဘန်ဝှိုက်ကိုပါ တပြိုင်နယ်တည်း ခေါ်ယူသွားဖို့ စီစဥ်နေကြောင်း သိရပါတယ်။

ဇာကာရီးယားကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းကလည်း အပြိုင်ကြိုးစားနေပြီး ဖာနန်ဒင်ညိုနေရာ အစားထိုးလိုတဲ့ မန်စီးတီးက ငွေပုံအောသုံးစွဲသွားဖွယ် ရှိနေပေမယ့် ယူနိုက်တက်အနေနဲ့ စီးတီးကို နောက်ကောက်ချနိုင်မယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။

ဒါ့အပြင် Sky Sports ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ ဘရိုက်တက် လူငယ်ခံစစ်လူ ဘန်ဝှိုက်ရဲ့ တိုးတက်မှုကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သိရပြီး ၂၃ နှစ်အရွယ် အင်္ဂလန်သားဟာ Wyscout ရဲ့ သတ်မှတ်ချက်အရ ကတ်ဇူးမား၊ သီယာဂို ဆေးလ်ဗားနဲ့ ဂါဘရီယယ်လ်တို့ပြီးရင် လက်ရှိပရီးမီးလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးအဖြစ် စာရင်းပေါက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက လိဒ်စ်အသင်းကို တန်းတက်လာစေခဲ့ရာမှာ မြင့်မားတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသခဲ့တဲ့ ဘန်ဝှိုက်ကို ချယ်လ်ဆီးနဲ့ စပါးတို့ကလည်း စောင့်ကြည့်နေကြပြီး မက်ဂွိုင်းယား၊ လင်ဒလော့ဖ်တို့ရဲ့နောက်မှာ ဒေါင်ဒေါင်မြည် ဗဟိုခံစစ်မှူး လိုအပ်ချက်ရှိနေလို့ ပွဲကစားခွင့် အာမခံချက်ပေးနိုင်တဲ့ ယူနိုက်တက်က အသာစီး ရယူသွားနိုင်ဖို့ ရှိပါတယ်။

ဇာကာရီးယားလို အရည်အသွေးမြင့် ကွင်းလယ်ခံစစ်မှူး အမျိုးအစားကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ရတာဟာ စိတ်လှုပ်ရှားဖို့ကောင်းလာမှာ ဖြစ်ပြီး ယူနိုက်တက်အနေနဲ့ တည်ငြိမ်မှုမရှိဘဲ ယိုယွင်းနေတဲ့ ခံစစ်ကြောင်းနဲ့ မာတစ်ချ်နေရာ အင်အားဖြည့်တင်းဖို့ ဘန်ဝှိုက်နဲ့ ဇာကာရီးယားတို့ကို အဓိကလက်နက်အနေနဲ့ ဝယ်ယူသွားဖို့ အခွင့်သာနေချိန်မှာ မတွေဝေဘဲ လှုပ်ရှားသွားဖို့သာ စောင့်ကြည့်ရတော့မှာပါ။

REF: SKYSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ခံစစ္ေၾကာင္းကို အားျဖည္ဖို႔ မိုခ်န္ဂလာဘတ္ရဲ႕ ဘြန္ဒက္လီဂါၾကယ္ပြင့္ကြင္းလယ္လူ ဇာကာရီးယားကို ေခၚယူဖို႔ အတည္တက်လႈပ္ရွားေနေၾကာင္း SportsBild သတင္းေထာက္ ခရစၥတီယန္ ေဖာ့ခ္ရဲ႕ စိတ္ခ်ရတဲ့ ရင္းျမစ္ကေန သိရသလို ဘရိုက္တန္ဗဟိုခံစစ္မႉးကို ဘန္ဝွိုက္ကိုပါ တၿပိဳင္နယ္တည္း ေခၚယူသြားဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဇာကာရီးယားကို ေခၚယူဖို႔ ခ်ယ္လ္ဆီးအသင္းနဲ႕ မန္စီးတီးအသင္းကလည္း အၿပိဳင္ႀကိဳးစားေနၿပီး ဖာနန္ဒင္ညိုေနရာ အစားထိုးလိုတဲ့ မန္စီးတီးက ေငြပုံေအာသုံးစြဲသြားဖြယ္ ရွိေနေပမယ့္ ယူနိုက္တက္အေနနဲ႕ စီးတီးကို ေနာက္ေကာက္ခ်နိဳင္မယ္လို႔ အခိုင္အမာယုံၾကည္ေနပါတယ္။

ဒါ့အျပင္ Sky Sports ရဲ႕ ေဖာ္ျပခ်က္အရ ယူနိုက္တက္ရဲ႕ ဘရိုက္တက္ လူငယ္ခံစစ္လူ ဘန္ဝွိုက္ရဲ႕ တိုးတက္မႈကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနတယ္လို႔ သိရၿပီး ၂၃ ႏွစ္အ႐ြယ္ အဂၤလန္သားဟာ Wyscout ရဲ႕ သတ္မွတ္ခ်က္အရ ကတ္ဇူးမား၊ သီယာဂို ေဆးလ္ဗားနဲ႕ ဂါဘရီယယ္လ္တို႔ၿပီးရင္ လက္ရွိပရီးမီးလိဂ္ရဲ႕ အေကာင္းဆုံး ဗဟိုခံစစ္မႉးအျဖစ္ စာရင္းေပါက္ထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရာသီက လိဒ္စ္အသင္းကို တန္းတက္လာေစခဲ့ရာမွာ ျမင့္မားတဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ျပသခဲ့တဲ့ ဘန္ဝွိုက္ကို ခ်ယ္လ္ဆီးနဲ႕ စပါးတို႔ကလည္း ေစာင့္ၾကည့္ေနၾကၿပီး မက္ဂြိုင္းယား၊ လင္ဒေလာ့ဖ္တို႔ရဲ႕ေနာက္မွာ ေဒါင္ေဒါင္ျမည္ ဗဟိုခံစစ္မႉး လိုအပ္ခ်က္ရွိေနလို႔ ပြဲကစားခြင့္ အာမခံခ်က္ေပးနိုင္တဲ့ ယူနိုက္တက္က အသာစီး ရယူသြားနိုင္ဖို႔ ရွိပါတယ္။

ဇာကာရီးယားလို အရည္အေသြးျမင့္ ကြင္းလယ္ခံစစ္မႉး အမ်ိဳးအစားကို ပရီးမီးယားလိဂ္မွာ ျမင္ေတြ႕ရတာဟာ စိတ္လႈပ္ရွားဖို႔ေကာင္းလာမွာ ျဖစ္ၿပီး ယူနိုက္တက္အေနနဲ႕ တည္ၿငိမ္မႈမရွိဘဲ ယိုယြင္းေနတဲ့ ခံစစ္ေၾကာင္းနဲ႕ မာတစ္ခ်္ေနရာ အင္အားျဖည့္တင္းဖို႔ ဘန္ဝွိုက္နဲ႕ ဇာကာရီးယားတို႔ကို အဓိကလက္နက္အေနနဲ႕ ဝယ္ယူသြားဖို႔ အခြင့္သာေနခ်ိန္မွာ မေတြေဝဘဲ လႈပ္ရွားသြားဖို႔သာ ေစာင့္ၾကည့္ရေတာ့မွာပါ။

REF: SKYSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.