Premier League Transfer News UCL&UEL

2 Dec ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အမှားတွေ ကျူးလွန်ခဲ့ပြီး အင်တိုက်အားတိုက် မကစားနိုင်ဘဲ ဒဏ်ရာမကြာခဏရနေတဲ့ ဘယ်နောက်ခံလူ လုခ်ရှောရဲ့ နေရာကို အစားထိုးဖို့အတွက် အဲလက်စ် တဲလက်စ်ကို ခေါ်ယူအပြီးမှာ ရေရှည်အတွက် စပို့တင်းလစ္စဘွန်းလူငယ်နောက်ခံလူကို နူနို မန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အေးဂျင့် အကူအညီပေးသွားမည်။

– တခြားဥရောပခံစစ်မှူးတွေကို လိုက်လံချိတ်ဆက်နေပေမယ့် အသင်းအတွက် အရေးကြီးတဲ့ ငယ်မွေးခြံပေါက်ကစားသမားမျိုးကိုလည်း ယူနိုက်တက်တို့ မေ့မထားဘဲ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကိုလည်း စောင့်ကြည့်နေ။

– ယူနိုက်တက်ရဲ့ ခေါ်ယူမှုတွေထဲက လူငယ်တောင်ပံကစားသမားတွေအတွက်တော့ ပရိသတ်တွေ စိတ်လှုပ်ရှားနေခဲ့ကြပြီး ဖာကန်ဒို ပယ်လစ္စထရီအနေနဲ့ လူငယ်အသင်းမှာ ခြေစွမ်းပြနေသလို အတ္တလန်တာနဲ့ မစ်ဂျေးလန်းပွဲမှာ လူစားဝင်ပြီး ၂၃ မိနစ် ကစားခွင့်ရခဲ့တဲ့ အာမက် ဂျယ်လိုကလည်း ဂိုးပေါက် ၃ ကြိမ် ခြိမ်းခြောက်ပြီး အခွင့်အရေး ၁ ကြိမ် ဖန်တီးနိုင်ခဲ့။

– သူတို့ရဲ့ ဗုဒ္ဓဟူးနေ့ညမှာ ရင်ဆိုင်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ ကစားသမားကောင်းတွေဖြစ်ကြပြီး ဒီလိုကစားသမားမျိုးတွေနဲ့ ရင်ဆိုင်ရမှာတော့ စိတ်ပျက်စရာကောင်းကြောင်း ပီအက်စ်ဂျီနည်းပြ သောမတ်စ် တူဟယ်လ်ပြောကြား။

– ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရယူပြီး အုပ်စုပထမနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ဖို့နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အောင်ပွဲခံနိုင်လိမ့်မယ်လို့ အသင်းနောက်ခံလူဟောင်း ဝက်စ် ဘရောင်း ပြောကြား။

– အင်္ဂလိပ်လို ကောင်းကောင်းမတတ်သေးတဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီရဲ့ စွမ်းဆောင်ရည်နဲ့ နိုင်ပွဲရခဲ့အပြီးမှာ တနင်္လာနေ့ ထရိန်နင်ကနေ အနားပေးဖို့ တောင်းဆိုခဲ့ပုံကို Tomorrow, off လို့ နှစ်လုံးတည်း ပြောသွားတယ်လို့ နည်းပြ ဆိုးလ်ရှားက ဟာသလုပ်ပြီး ထုတ်ဖော်သွားခဲ့။

– ကာဗာနီဟာ ပီအက်စ်ဂျီနဲ့ပွဲမှာလည်း ခြေစွမ်းပြဦးမယ်လို့ ယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ဟောကိန်း ထုတ်လိုက်ပြီး တခြားတိုက်စစ်မှူးတွေအနေနဲ့ သူ့ရဲ့ ရွေ့လျားမှုတွေကို အတုခိုးနေကြမှာဖြစ်သလို ထရိန်နင်မှာလည်း တကယ်ပဲ လူကပ်ဖို့ ခဲယဉ်းသူဖြစ်ကြောင်း ချီးကျူးသွား။

– ဆောက်သမ်တန်နဲ့ပွဲမှာ ဝါ့ဒ်ပရောက်စ်ရဲ့ ဖရီးကစ်ကို ကာကွယ်ဖို့ ကြိုးစားရင်း ဂိုးတိုင်နဲ့ ဆောင့်မိခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားအနေနဲ့ ပုံမှန်အတိုင်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ပီအက်စ်ဂျီနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ အခြေအနေကောင်းလာ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗီလာရီးရဲလ်နောက်ခံလူ ပါအူ တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒဏ်ရာများစွာနဲ့ နပမ်းလုံးနေရတဲ့ အဝါရောင်ရေငုပ်သင်္ဘောဟောင်းတစ်ဦးပဲဖြစ်တဲ့ အဲရစ် ဘိုင်လီကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အမွားေတြ က်ဴးလြန္ခဲ့ၿပီး အင္တိုက္အားတိုက္ မကစားႏိုင္ဘဲ ဒဏ္ရာမၾကာခဏရေနတဲ့ ဘယ္ေနာက္ခံလူ လုခ္ေရွာရဲ႕ ေနရာကို အစားထိုးဖို႔အတြက္ အဲလက္စ္ တဲလက္စ္ကို ေခၚယူအၿပီးမွာ ေရရွည္အတြက္ စပို႔တင္းလစၥဘြန္းလူငယ္ေနာက္ခံလူကို ႏူႏို မန္ဒက္စ္ကို ေခၚယူႏိုင္ဖို႔ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေအးဂ်င့္ အကူအညီေပးသြားမည္။

– တျခားဥေရာပခံစစ္မႉးေတြကို လိုက္လံခ်ိတ္ဆက္ေနေပမယ့္ အသင္းအတြက္ အေရးႀကီးတဲ့ ငယ္ေမြးၿခံေပါက္ကစားသမားမ်ိဳးကိုလည္း ယူႏိုက္တက္တို႔ ေမ့မထားဘဲ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ေခၚယူႏိုင္မယ့္ အခြင့္အေရးကိုလည္း ေစာင့္ၾကည့္ေန။

– ယူႏိုက္တက္ရဲ႕ ေခၚယူမႈေတြထဲက လူငယ္ေတာင္ပံကစားသမားေတြအတြက္ေတာ့ ပရိသတ္ေတြ စိတ္လႈပ္ရွားေနခဲ့ၾကၿပီး ဖာကန္ဒို ပယ္လစၥထရီအေနနဲ႔ လူငယ္အသင္းမွာ ေျခစြမ္းျပေနသလို အတၱလန္တာနဲ႔ မစ္ေဂ်းလန္းပြဲမွာ လူစားဝင္ၿပီး ၂၃ မိနစ္ ကစားခြင့္ရခဲ့တဲ့ အာမက္ ဂ်ယ္လိုကလည္း ဂိုးေပါက္ ၃ ႀကိမ္ ၿခိမ္းေျခာက္ၿပီး အခြင့္အေရး ၁ ႀကိမ္ ဖန္တီးႏိုင္ခဲ့။

– သူတို႔ရဲ႕ ဗုဒၶဟူးေန႔ညမွာ ရင္ဆိုင္ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ဟာ ကစားသမားေကာင္းေတြျဖစ္ၾကၿပီး ဒီလိုကစားသမားမ်ိဳးေတြနဲ႔ ရင္ဆိုင္ရမွာေတာ့ စိတ္ပ်က္စရာေကာင္းေၾကာင္း ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္ တူဟယ္လ္ေျပာၾကား။

– ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္မွာ အႏိုင္ရယူၿပီး အုပ္စုပထမနဲ႔ ၁၆ သင္း ရႈံးထြက္အဆင့္ကို တက္လွမ္းသြားႏိုင္ဖို႔နဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ေအာင္ပြဲခံႏိုင္လိမ့္မယ္လို႔ အသင္းေနာက္ခံလူေဟာင္း ဝက္စ္ ဘေရာင္း ေျပာၾကား။

– အဂၤလိပ္လို ေကာင္းေကာင္းမတတ္ေသးတဲ့ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီရဲ႕ စြမ္းေဆာင္ရည္နဲ႔ ႏိုင္ပြဲရခဲ့အၿပီးမွာ တနလၤာေန႔ ထရိန္နင္ကေန အနားေပးဖို႔ ေတာင္းဆိုခဲ့ပုံကို Tomorrow, off လို႔ ႏွစ္လုံးတည္း ေျပာသြားတယ္လို႔ နည္းျပ ဆိုးလ္ရွားက ဟာသလုပ္ၿပီး ထုတ္ေဖာ္သြားခဲ့။

– ကာဗာနီဟာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာလည္း ေျခစြမ္းျပဦးမယ္လို႔ ယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ေဟာကိန္း ထုတ္လိုက္ၿပီး တျခားတိုက္စစ္မႉးေတြအေနနဲ႔ သူ႔ရဲ႕ ေ႐ြ႕လ်ားမႈေတြကို အတုခိုးေနၾကမွာျဖစ္သလို ထရိန္နင္မွာလည္း တကယ္ပဲ လူကပ္ဖို႔ ခဲယဥ္းသူျဖစ္ေၾကာင္း ခ်ီးက်ဴးသြား။

– ေဆာက္သမ္တန္နဲ႔ပြဲမွာ ဝါ့ဒ္ပေရာက္စ္ရဲ႕ ဖရီးကစ္ကို ကာကြယ္ဖို႔ ႀကိဳးစားရင္း ဂိုးတိုင္နဲ႔ ေဆာင့္မိခဲ့တဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားအေနနဲ႔ ပုံမွန္အတိုင္း ေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔ အေျခအေနေကာင္းလာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူ ေတာရက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ဒဏ္ရာမ်ားစြာနဲ႔ နပမ္းလုံးေနရတဲ့ အဝါေရာင္ေရငုပ္သေဘၤာေဟာင္းတစ္ဦးပဲျဖစ္တဲ့ အဲရစ္ ဘိုင္လီကို အလိုက္ေပးၿပီး ကမ္းလွမ္းသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.