Premier League

ဗန္ဒိုက္ရဲ႕ အက်ႌကို မရလို႔ စိတ္ပ်က္သြားရတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဆူးခ်က္

၀က္စ္ဟမ္းကြင္းလယ္လူ ေသာမတ္စ္ ဆူးခ်က္ဟာ တနလၤာေန႔က လီဗာပူးလ္ကို အန္းဖီးလ္မွာ ရႈံးခဲ့တဲ့ပြဲအၿပီးမွာ အိမ္ရွင္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ အက်ႌခ်င္း လဲလွယ္ဖို႔ ေတာင္းဆိုခဲ့တာကို ျငင္းပယ္ခံခဲ့ရလို႔ စိတ္ပ်က္သြားခဲ့ရေၾကာင္း သိရပါတယ္။

၀က္စ္ဟမ္းအသင္းကို ေနာက္ကေန လိုက္ကစားၿပီး သံုးဂိုး-ႏွစ္ဂိုးနဲ႔ လီဗာပူးလ္က အႏိုင္ရခဲ့တဲ့ အဲဒီပြဲမွာ ဧည့္သည္ကြင္းလယ္လူ ေသာမတ္စ္ ဆူးခ်က္ရဲ႕ ေတာင္းဆိုမႈကို ဗန္ဒိုက္ ျငင္းဆိုခဲ့တာကေတာ့ တျခားကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ပါဘလို ေဖာ္နယ္လ္နဲ႔ အက်ႌခ်င္းလဲဖို႔ ေျပာထားၿပီးျဖစ္တာေၾကာင့္ပါ။

ပြဲအၿပီးလိုဏ္ေခါင္းထဲမွာ ဆူးခ်က္က “ဗာဂ်ီးလ္ေရ မင္းအက်ႌကို ရႏိုင္မလား”လို႔ ေတာင္းဆိုခဲ့ေပမယ့္ ခ်က္ခ်င္းဆိုသလုိပဲ ဗန္ဒိုက္က “ငါ သူ႔ကို ေပးထားၿပီးၿပီ”လို႔ အဝတ္လဲခန္းထိပ္မွာ ေစာင့္ဆုိင္းေနခဲ့တဲ့ ဝက္စ္ဟမ္းအသင္းသား ပါဘလို ေဖာ္နယ္လ္ကို လက္ညႇဳိးထိုးၿပီး ျပန္ေျပာခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ဗန္ဒိုက္ဟာ ေဖာ္နယ္လ္ကို လက္ဆြဲႏွဳတ္ဆက္ၿပီး သူ႕ရဲ႕ နံပါတ္ေလးအက်ႌကို ေပးအပ္စဥ္မွာ အရာအားလုံး အေကာင္းဆုံးေတြ ျဖစ္ႏုိင္ပါေစလို႔လည္း ဆုေတာင္းေပးခဲ့ၿပီး ဆူးခ်က္ကေတာ့ စိတ္ပ်က္တဲ့ အၾကည့္နဲ႔ က်န္ေနခဲ့႐ုံပဲ တတ္ႏုိင္ခဲ့ပါတယ္။

ခ်က္လက္ေရြးစင္ကြင္းလယ္လူအေနနဲ႔ ဗန္ဒိုက္ရဲ႕ တုံ႔ျပန္မႈေၾကာင့္ စိတ္ပ်က္သြားရပံုကို ဗီဒီယိုကလစ္ေတြမွာ ျမင္ေတြ႕ႏိုင္ၿပီး အဲဒီေန႔ဟာ ဆူးခ်က္အတြက္ေတာ့ ဒီေန႔ ကံမေကာင္းပါလားလို႔ ဆုိရမယ့္ ေန႔တစ္ေန႔လုိ႔လည္း ေျပာႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔အသင္း ႐ွဳံးခဲ့ရတဲ့အျပင္ ကိုယ္တုိင္ကလည္း ဒဏ္ရာေၾကာင့္ ဒုတိယပိုင္းမွာ လူစားလဲခဲ့ရတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO & LFC TV YOUTUBE
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ၀က်စ်ဟမ်းကွင်းလယ်လူ သောမတ်စ် ဆူးချက်ဟာ တနင်္လာနေ့က လီဗာပူးလ်ကို အန်းဖီးလ်မှာ ရှုံးခဲ့တဲ့ပွဲအပြီးမှာ အိမ်ရှင်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်နဲ့ အင်္ကျီချင်း လဲလှယ်ဖို့ တောင်းဆိုခဲ့တာကို ငြင်းပယ်ခံခဲ့ရလို့ စိတ်ပျက်သွားခဲ့ရကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်းကို နောက်ကနေ လိုက်ကစားပြီး သုံးဂိုး-နှစ်ဂိုးနဲ့ လီဗာပူးလ်က အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ ဧည့်သည်ကွင်းလယ်လူ သောမတ်စ် ဆူးချက်ရဲ့ တောင်းဆိုမှုကို ဗန်ဒိုက် ငြင်းဆိုခဲ့တာကတော့ တခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပါဘလို ဖော်နယ်လ်နဲ့ အင်္ကျီချင်းလဲဖို့ ပြောထားပြီးဖြစ်တာကြောင့်ပါ။

ပွဲအပြီးလိုဏ်ခေါင်းထဲမှာ ဆူးချက်က “ဗာဂျီးလ်ရေ မင်းအင်္ကျီကို ရနိုင်မလား”လို့ တောင်းဆိုခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ဗန်ဒိုက်က “ငါ သူ့ကို ပေးထားပြီးပြီ”လို့ အဝတ်လဲခန်းထိပ်မှာ စောင့်ဆိုင်းနေခဲ့တဲ့ ဝက်စ်ဟမ်းအသင်းသား ပါဘလို ဖော်နယ်လ်ကို လက်ညှိုးထိုးပြီး ပြန်ပြောခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဗန်ဒိုက်ဟာ ဖော်နယ်လ်ကို လက်ဆွဲနှုတ်ဆက်ပြီး သူ့ရဲ့ နံပါတ်လေးအင်္ကျီကို ပေးအပ်စဉ်မှာ အရာအားလုံး အကောင်းဆုံးတွေ ဖြစ်နိုင်ပါစေလို့လည်း ဆုတောင်းပေးခဲ့ပြီး ဆူးချက်ကတော့ စိတ်ပျက်တဲ့ အကြည့်နဲ့ ကျန်နေခဲ့ရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ချက်လက်ရွေးစင်ကွင်းလယ်လူအနေနဲ့ ဗန်ဒိုက်ရဲ့ တုံ့ပြန်မှုကြောင့် စိတ်ပျက်သွားရပုံကို ဗီဒီယိုကလစ်တွေမှာ မြင်တွေ့နိုင်ပြီး အဲဒီနေ့ဟာ ဆူးချက်အတွက်တော့ ဒီနေ့ ကံမကောင်းပါလားလို့ ဆိုရမယ့် နေ့တစ်နေ့လို့လည်း ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အသင်း ရှုံးခဲ့ရတဲ့အပြင် ကိုယ်တိုင်ကလည်း ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: METRO & LFC TV YOUTUBE
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.