Premier League

ရော်နယ်လ်ဒိုရဲ့ မှတ်ချက်ကို တုံ့ပြန်ခဲ့တဲ့ ယူနိုက်တက်နဲ့ပတ်သက်ရင် စိတ်ဆတ်တဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ အင်တာဗျူးအစီအစဉ်အတွင်း အိုးထရက်ဖို့ဒ်က လူငယ်ကစားသမားအချို့ကို ဝေဖန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရုန်းကန်နေရမှုဟာ ယာယီနည်းပြအဖြစ် ရန်းနစ်ခ်ကို ခန့်အပ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဆက်လက် ရှိနေဆဲဖြစ်ပြီး ကစားသမား ၁၄ ဦးအထိလည်း ယခုလထဲမှာ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့အသင်းဖော်အချို့ရဲ့ ခံယူချက်နဲ့ပတ်သက်ပြီး စိတ်ပျက်နေခဲ့ပုံပေါ်ပြီး လက်ရှိအချိန်မှာ ၎င်းထက် ငယ်ရွယ်တဲ့အသင်းဖော်အချို့အနေနဲ့ အကြံပေးစကားတွေကို နားထောင်ချင်စိတ်မရှိပုံပေါ်တဲ့အကြောင်းကို ဘလွန်ဒေါ ၅ ဆုရှင်က အင်တာဗျူးအစီအစဉ်မှာ ထည့်ပြောသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဥပမာပေးလို့ရနိုင်တယ်။ တကယ်လို့ ခင်ဗျားကို ကျွန်တော် အကြံဉာဏ်ပေးရင် ခင်ဗျားက ကျွန်တော့်ထက် ငယ်ရွယ်တယ်ဆိုရင်တောင်မှ ခင်ဗျား နေ့စဉ်ဘဝမှာ အဲဒီအကြံဉာဏ်ကို ထည့်မတွက်ဘူးဆိုရင် အဲဒါက ခက်ခဲပါလိမ့်မယ်။ ကျွန်တော်က အကူအညီပေးတဲ့နေရာမှာ နံပါတ် တစ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ရဲ့အကူအညီကို မလိုချင်ဘူးဆိုရင် ခင်ဗျား အလုပ်ကို ခင်ဗျား မလုပ်တာ၊ ခင်ဗျားကိုယ် ခင်ဗျား ပြန်မကြည့်တာ၊ ခင်ဗျားရဲ့ အသင်းကို ကူညီဖို့အတွက် အကောင်းဆုံးမလုပ်တာပဲ”

“ကျွန်တော် ဒီလူတွေနဲ့ တစ်နေ့လုံး စကားပြောနိုင်တယ်။ ဒါပေမယ့် ခင်ဗျားကိုယ်တိုင် အသိစိတ်ဓာတ်မရှိဘူးဆိုရင် အဲဒါက မဖြစ်နိုင်ပါဘူး။ ကျွန်တော် အသက် ၁၈၊ ၁၉၊ ၂၀ လောက်တုန်းက ကျွန်တော့်ထက် အသက်ကြီးတဲ့သူအချို့ ကျွန်တော်နဲ့ စကားပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ‘ခရစ္စတီယာနို မင်း တိုးတက်အောင် လုပ်ရမယ်’ဆိုတဲ့စကားကို စိတ်ထဲမှာ အမြဲတမ်းထည့်ထားတယ်။ သူတို့တွေက ခင်ဗျားထက် ပိုပြီး သိတယ်။ သူတို့တွေက ခင်ဗျားထက် ပိုပြီး အတွေ့အကြုံရှိတယ်”

အဓိကကစားသမားအများစုရဲ့ ဆိုးရွားတဲ့ ခြေစွမ်း၊ ခံစစ်ပိုင်း အမှားတွေနဲ့ ဘောလုံးပိုင်ဆိုင်မှု လွှမ်းမိုးနိုင်စွမ်းမရှိခြင်းတို့က ရန်းနစ်ခ် အလျင်အမြန် ဖြေရှင်းရမယ့် ပြဿနာတွေဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုက ကစားသမားအများစုရဲ့ စိတ်ပိုင်းဆိုင်ရာက ပြဿနာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ တိုးတက်အောင်လုပ်ဖို့ အဝေးကြီး ကျန်သေးတယ်လို့ ကျွန်တော် ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အမြင်မှာတော့ အရေးအကြီးဆုံးအရာက စိတ်ဓာတ်ပဲ။ ခင်ဗျားကိုယ် ခင်ဗျား ကြည့်ပြီး ‘ငါ ပိုပြီးကောင်းအောင်လုပ်နိုင်တယ်’လို့ ပြောရမယ်”

“ခင်ဗျားအတွက် ပရော်ဖက်ရှင်နယ်ပီသဖို့၊ အသင်းကို ကူညီဖို့၊ စိတ်ဓာတ်မှန်ကန်ဖို့၊ ကိုယ့်ကိုကိုယ် ဆုံးမသွန်သင်နိုင်ဖို့နဲ့ အကောင်းမြင်ဖို့ လိုပါတယ်။ ဒီအချက်တွေအားလုံးက ခင်ဗျားအပေါ်မှာပဲ မူတည်တာပါ။ နည်းပြ၊ ပရိသတ်တွေ ဒါမှမဟုတ် သတင်းမီဒီယာတွေအပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ ခင်ဗျားသာ ခင်ဗျားကိုယ် ခင်ဗျား ဂုဏ်ယူတယ်ဆိုရင် ခင်ဗျားမှာ ဂုဏ်သိက္ခာရှိမယ်။ ခင်ဗျား ဂုဏ်ယူနိုင်ဖို့ အများကြီး ပိုပြီး လုပ်ရမှာပါ”

ဘလွန်ဒေါ ၅ ဆုရှင် ရော်နယ်လ်ဒိုက ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်အသင်းကနေ ပေါင် ၁၂.၉ သန်းနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာက ထိပ်ဆုံး ၃ သင်းထက် နိမ့်ကျတဲ့နေရာမှာ ရှိနေတာကို လက်ခံဖို့ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ၎င်းရဲ့ မြင့်မားတဲ့ စိတ်ပိုင်းဆိုင်ရာကို ပြသခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ကို အနိုင်ရသင့်တယ်။ အဲဒီလိုမှမဟုတ်ရင်လည်း ဒုတိယ ဒါမှမဟုတ် တတိယလောက် ရသင့်တယ်။ မန်ချက်စတာယူနိုက်တက်အတွက် တခြားနေရာတွေ ကျွန်တော် မမြင်ပါဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်တော် မမြင်ပါဘူး”

“ကျွန်တော့် မျက်စိထဲမှာတော့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာက ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၃ သင်းစာရင်းဝင်အသင်း ဖြစ်လာဖို့ထက် လျော့နည်းနေတာကို လက်မခံနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း ဝိန်း ရူနီက ပေါ်တူဂီကြယ်ပွင့်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ထိပ်ဆုံး ၃ သင်းဆိုတဲ့စကားဟာ မှားယွင်းနေပြီး ထိပ်ဆုံး နံပါတ် ၁ အသင်းဖြစ်တယ်လို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆန်ချို၊ ရော်နယ်လ်ဒို၊ ဗာရွန်းတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ခြင်း မရှိဘဲ ဆိုးရွားတဲ့ ရာသီကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါဘီကောင်တီ နည်းပြ ဝိန်း ရူနီဟာ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်နဲ့အတူ အိုးထရက်ဖို့ဒ်မှာ တွဲကစားခဲ့တာဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်လက်အောက်မှာ မယုံနိုင်ဖွယ်အောင်မြင်မှုတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန် တသက်တာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဝိန်း ရူနီဟာ ၂၀၁၇ ခုနှစ်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့ပြီး အဲဗာတန်၊ ဒီစီ ယူနိုက်တက်နဲ့ ဒါဘီကောင်တီအသင်းတို့ကို ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးက လက်ရှိမှာတော့ အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုရဲ့ မှတ်ချက်ကို ဖြေရှင်းခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ ပရိသတ်တွေမျှော်မှန်းထားတဲ့ တောင်းဆိုမှုကို သတိပေးခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်တန်း နံပါတ် ၁ အသင်းပဲ ဖြစ်ရမှာပါ။ ထိပ်ဆုံး ၃ သင်းထဲက အသင်းမဟုတ်ပါဘူး။ ဒါက ပရိသတ်တွေ ခင်ဗျားဆီကနေ တောင်းဆိုထားတဲ့အရာပါ။ အသင်းက တောင်းဆိုနေတဲ့အရာပါ။ သူတို့တွေ ခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောတာမမှားဘူးဆိုရင် ဒီအသင်းက ပရီးမီးယားလိဂ်ဖလားကို ရရမယ့် အသင်းဖြစ်ရမှာပါ။ ဆုဖလားတွေကို အနိုင်ရရမယ့် အသင်းဖြစ်ရမှာဖြစ်ပြီး အဲဒါက မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးဖို့ ရောက်လာတဲ့ ကစားသမားတွေအတွက် ဖိအားဖြစ်ပါတယ်”

“အဲဒါက သူတို့တွေ ပြန်ရအောင်လုပ်ဖို့လိုအပ်နေတဲ့ အဆင့်အတန်းဖြစ်ပါတယ်။ သူတို့တွေ အဲဒီနေရာကို ပြန်ယူနိုင်ဖို့အတွက် မှန်ကန်တဲ့အရာတွေကို လုပ်မယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္အတြင္း အိုးထရက္ဖို႔ဒ္က လူငယ္ကစားသမားအခ်ိဳ႕ကို ေဝဖန္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ႐ုန္းကန္ေနရမႈဟာ ယာယီနည္းျပအျဖစ္ ရန္းနစ္ခ္ကို ခန႔္အပ္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဆက္လက္ ရွိေနဆဲျဖစ္ၿပီး ကစားသမား ၁၄ ဦးအထိလည္း ယခုလထဲမွာ ထြက္ခြာဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၎ရဲ့အသင္းေဖာ္အခ်ိဳ႕ရဲ့ ခံယူခ်က္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေနခဲ့ပုံေပၚၿပီး လက္ရွိအခ်ိန္မွာ ၎ထက္ ငယ္ရြယ္တဲ့အသင္းေဖာ္အခ်ိဳ႕အေနနဲ႔ အႀကံေပးစကားေတြကို နားေထာင္ခ်င္စိတ္မရွိပုံေပၚတဲ့အေၾကာင္းကို ဘလြန္ေဒါ ၅ ဆုရွင္က အင္တာဗ်ဴးအစီအစဥ္မွာ ထည့္ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ဥပမာေပးလို႔ရနိုင္တယ္။ တကယ္လို႔ ခင္ဗ်ားကို ကၽြန္ေတာ္ အႀကံဉာဏ္ေပးရင္ ခင္ဗ်ားက ကၽြန္ေတာ့္ထက္ ငယ္ရြယ္တယ္ဆိုရင္ေတာင္မွ ခင္ဗ်ား ေန႔စဥ္ဘဝမွာ အဲဒီအႀကံဉာဏ္ကို ထည့္မတြက္ဘူးဆိုရင္ အဲဒါက ခက္ခဲပါလိမ့္မယ္။ ကၽြန္ေတာ္က အကူအညီေပးတဲ့ေနရာမွာ နံပါတ္ တစ္ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ခင္ဗ်ားက ကၽြန္ေတာ့္ရဲ့အကူအညီကို မလိုခ်င္ဘူးဆိုရင္ ခင္ဗ်ား အလုပ္ကို ခင္ဗ်ား မလုပ္တာ၊ ခင္ဗ်ားကိုယ္ ခင္ဗ်ား ျပန္မၾကည့္တာ၊ ခင္ဗ်ားရဲ့ အသင္းကို ကူညီဖို႔အတြက္ အေကာင္းဆုံးမလုပ္တာပဲ”

“ကၽြန္ေတာ္ ဒီလူေတြနဲ႔ တစ္ေန႔လုံး စကားေျပာနိုင္တယ္။ ဒါေပမယ့္ ခင္ဗ်ားကိုယ္တိုင္ အသိစိတ္ဓာတ္မရွိဘူးဆိုရင္ အဲဒါက မျဖစ္နိုင္ပါဘူး။ ကၽြန္ေတာ္ အသက္ ၁၈၊ ၁၉၊ ၂၀ ေလာက္တုန္းက ကၽြန္ေတာ့္ထက္ အသက္ႀကီးတဲ့သူအခ်ိဳ႕ ကၽြန္ေတာ္နဲ႔ စကားေျပာခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ‘ခရစၥတီယာနို မင္း တိုးတက္ေအာင္ လုပ္ရမယ္’ဆိုတဲ့စကားကို စိတ္ထဲမွာ အျမဲတမ္းထည့္ထားတယ္။ သူတို႔ေတြက ခင္ဗ်ားထက္ ပိုၿပီး သိတယ္။ သူတို႔ေတြက ခင္ဗ်ားထက္ ပိုၿပီး အေတြ႕အၾကဳံရွိတယ္”

အဓိကကစားသမားအမ်ားစုရဲ့ ဆိုးရြားတဲ့ ေျခစြမ္း၊ ခံစစ္ပိုင္း အမွားေတြနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ လႊမ္းမိုးနိုင္စြမ္းမရွိျခင္းတို႔က ရန္းနစ္ခ္ အလ်င္အျမန္ ေျဖရွင္းရမယ့္ ျပႆနာေတြျဖစ္ေပမယ့္လည္း ေရာ္နယ္လ္ဒိုက ကစားသမားအမ်ားစုရဲ့ စိတ္ပိုင္းဆိုင္ရာက ျပႆနာရွိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ တိုးတက္ေအာင္လုပ္ဖို႔ အေဝးႀကီး က်န္ေသးတယ္လို႔ ကၽြန္ေတာ္ ေျပာခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ့္အျမင္မွာေတာ့ အေရးအႀကီးဆုံးအရာက စိတ္ဓာတ္ပဲ။ ခင္ဗ်ားကိုယ္ ခင္ဗ်ား ၾကည့္ၿပီး ‘ငါ ပိုၿပီးေကာင္းေအာင္လုပ္နိုင္တယ္’လို႔ ေျပာရမယ္”

“ခင္ဗ်ားအတြက္ ပေရာ္ဖက္ရွင္နယ္ပီသဖို႔၊ အသင္းကို ကူညီဖို႔၊ စိတ္ဓာတ္မွန္ကန္ဖို႔၊ ကိုယ့္ကိုကိုယ္ ဆုံးမသြန္သင္နိုင္ဖို႔နဲ႔ အေကာင္းျမင္ဖို႔ လိုပါတယ္။ ဒီအခ်က္ေတြအားလုံးက ခင္ဗ်ားအေပၚမွာပဲ မူတည္တာပါ။ နည္းျပ၊ ပရိသတ္ေတြ ဒါမွမဟုတ္ သတင္းမီဒီယာေတြအေပၚမွာ မူတည္တာမဟုတ္ပါဘူး။ ခင္ဗ်ားသာ ခင္ဗ်ားကိုယ္ ခင္ဗ်ား ဂုဏ္ယူတယ္ဆိုရင္ ခင္ဗ်ားမွာ ဂုဏ္သိကၡာရွိမယ္။ ခင္ဗ်ား ဂုဏ္ယူနိုင္ဖို႔ အမ်ားႀကီး ပိုၿပီး လုပ္ရမွာပါ”

ဘလြန္ေဒါ ၅ ဆုရွင္ ေရာ္နယ္လ္ဒိုက ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗင္တပ္အသင္းကေန ေပါင္ ၁၂.၉ သန္းနဲ႔ မန္ခ်က္စတာယူနိုက္တက္ကို ျပန္လည္ေျပာင္းေရႊ႕လာခဲ့တာက ထိပ္ဆုံး ၃ သင္းထက္ နိမ့္က်တဲ့ေနရာမွာ ရွိေနတာကို လက္ခံဖို႔ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ့ ျမင့္မားတဲ့ စိတ္ပိုင္းဆိုင္ရာကို ျပသခဲ့ပါတယ္။

“မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ကို အနိုင္ရသင့္တယ္။ အဲဒီလိုမွမဟုတ္ရင္လည္း ဒုတိယ ဒါမွမဟုတ္ တတိယေလာက္ ရသင့္တယ္။ မန္ခ်က္စတာယူနိုက္တက္အတြက္ တျခားေနရာေတြ ကၽြန္ေတာ္ မျမင္ပါဘူး။ ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ္ မျမင္ပါဘူး”

“ကၽြန္ေတာ့္ မ်က္စိထဲမွာေတာ့ ကၽြန္ေတာ္တို႔ရဲ့ စိတ္ပိုင္းဆိုင္ရာက ပရီးမီးယားလိဂ္မွာ ထိပ္ဆုံး ၃ သင္းစာရင္းဝင္အသင္း ျဖစ္လာဖို႔ထက္ ေလ်ာ့နည္းေနတာကို လက္မခံနိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုရဲ့ ယူနိုက္တက္အသင္းေဖာ္ေဟာင္း ဝိန္း ႐ူနီက ေပၚတူဂီၾကယ္ပြင့္ရဲ့ မန္ခ်က္စတာယူနိုက္တက္ဟာ ထိပ္ဆုံး ၃ သင္းဆိုတဲ့စကားဟာ မွားယြင္းေနၿပီး ထိပ္ဆုံး နံပါတ္ ၁ အသင္းျဖစ္တယ္လို႔ တုံ႔ျပန္ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဆန္ခ်ိဳ၊ ေရာ္နယ္လ္ဒို၊ ဗာရြန္းတို႔လို ကစားသမားေတြကို ေခၚယူနိုင္ခဲ့ေပမယ့္လည္း ယခုရာသီ ပရီးမီးယားလိဂ္ဆုဖလားကို စိန္ေခၚနိုင္ျခင္း မရွိဘဲ ဆိုးရြားတဲ့ ရာသီကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒါဘီေကာင္တီ နည္းၿပ ဝိန္း ႐ူနီဟာ အသက္ ၃၆ ႏွစ္အရြယ္ ေပၚတူဂီၾကယ္ပြင့္နဲ႔အတူ အိုးထရက္ဖို႔ဒ္မွာ တြဲကစားခဲ့တာျဖစ္ၿပီး ၎တို႔ ၂ ဦးဟာ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္လက္ေအာက္မွာ မယုံနိုင္ဖြယ္ေအာင္ျမင္မႈေတြ ရရွိခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နဲ႔ အဂၤလန္ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ဝိန္း ႐ူနီဟာ ၂၀၁၇ ခုႏွစ္မွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခဲ့ၿပီး အဲဗာတန္၊ ဒီစီ ယူနိုက္တက္နဲ႔ ဒါဘီေကာင္တီအသင္းတို႔ကို ေျပာင္းေရႊ႕ကစားခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္မွာ ကစားသမားဘဝကေန အနားယူခဲ့တာျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အရြယ္ အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးက လက္ရွိမွာေတာ့ အသင္းေဖာ္ေဟာင္း ေရာ္နယ္လ္ဒိုရဲ့ မွတ္ခ်က္ကို ေျဖရွင္းခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ ယူနိုက္တက္နဲ႔ ပရိသတ္ေတြေမၽွာ္မွန္းထားတဲ့ ေတာင္းဆိုမႈကို သတိေပးခဲ့ပါတယ္။

“မန္ခ်က္စတာယူနိုက္တက္အသင္းက ထိပ္တန္း နံပါတ္ ၁ အသင္းပဲ ျဖစ္ရမွာပါ။ ထိပ္ဆုံး ၃ သင္းထဲက အသင္းမဟုတ္ပါဘူး။ ဒါက ပရိသတ္ေတြ ခင္ဗ်ားဆီကေန ေတာင္းဆိုထားတဲ့အရာပါ။ အသင္းက ေတာင္းဆိုေနတဲ့အရာပါ။ သူတို႔ေတြ ခက္ခဲတဲ့ ကာလကို ျဖတ္သန္းေနရတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ေျပာတာမမွားဘူးဆိုရင္ ဒီအသင္းက ပရီးမီးယားလိဂ္ဖလားကို ရရမယ့္ အသင္းျဖစ္ရမွာပါ။ ဆုဖလားေတြကို အနိုင္ရရမယ့္ အသင္းျဖစ္ရမွာျဖစ္ၿပီး အဲဒါက မန္ခ်က္စတာယူနိုက္တက္အတြက္ ကစားေပးဖို႔ ေရာက္လာတဲ့ ကစားသမားေတြအတြက္ ဖိအားျဖစ္ပါတယ္”

“အဲဒါက သူတို႔ေတြ ျပန္ရေအာင္လုပ္ဖို႔လိုအပ္ေနတဲ့ အဆင့္အတန္းျဖစ္ပါတယ္။ သူတို႔ေတြ အဲဒီေနရာကို ျပန္ယူနိုင္ဖို႔အတြက္ မွန္ကန္တဲ့အရာေတြကို လုပ္မယ္ဆိုတာ ကၽြန္ေတာ္ ေသခ်ာသိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.