Premier League UCL&UEL

ကိုဗစ်ကိစ္စမှာ ကံကောင်းနေတယ်လို့ ပြောတဲ့ ပြိုင်ဘက်တွေကို ရွဲ့ပြီး ပြန်ပြောလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက မန်စီးတီးက ကိုဗစ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာချိန်မှာ ကံကောင်းနေခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ပြိုင်ဘက်အသင်းတွေကို ပြန်လည် တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူဟယ်နဲ့ လီဗာပူးလ်နောက်ခံကစားသမား ဗန်ဒိုက်တို့က မန်စီးတီးရဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ၁၀ မှတ်ဖြတ်ထားနိုင်တာက ၎င်းတို့မှာ ပြိုင်ဘက်အသင်းတွေထက် ကိုဗစ်ကူးစက်ခံရတဲ့ ကစားသမား ပိုမိုနည်းပါးလို့ဖြစ်တယ်လို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယနေ့ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မတိုင်မီ မန်စီးတီးနည်းပြ ဂွါဒီယိုလာက တူဟယ်နဲ့ ဗန်ဒိုက်တို့ရဲ့ ပြောဆိုမှုတွေဟာ မှားယွင်းနေတယ်လို့ ပြောကြားခဲ့ပြီး ၎င်းရဲ့အသင်းမှာ ကိုဗစ် ကူးစက်ခံထားရတဲ့ ကစားသမားတွေကို ထောက်ပြပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ဆွင်ဒန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်မီ ကစားသမား ၇ ဦးအပါအဝင် ကိုဗစ်ကူးစက်ခံထားရသူ ၂၁ ဦးအထိ စံချိန်တင် ရှိနေခဲ့တာဖြစ်ပြီး ဂွါဒီယိုလာကလည်း ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်ကို သီးခြားစီ နေထိုင်ရမှာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးဟာ ယနေ့ ချဲလ်ဆီးနဲ့ တွေ့ဆုံရမယ့်ပွဲစဉ်မှာ ကိုဗစ်ကြောင့် ကစားသမားအများအပြား ပိုမိုဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဂွါဒီယိုလာက သီးခြားနေထိုင်နေရာကနေ အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီးကတည်းက လေ့ကျင့်ရေး တစ်ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက မန်စီးတီးဟာ ကိုဗစ်ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ရင် ၎င်းတို့ရဲ့ ပြိုင်ဘက်အသင်းတွေ ခံစားရသလောက် ခံစားခဲ့ရတယ်လို့ အခိုင်အမာ ယုံကြည်နေတာဖြစ်ပါတယ်။ “ကျွန်တော်တို့မှာ ကိုဗစ်ကူးစက်ခံရသူအသစ် အချို့ ရှိနေပါတယ်။ ကိုဗစ်က တကမ္ဘာလုံးမှာဖြစ်ပွားနေတာဖြစ်ပြီး ဒီကမ္ဘာကြီးရဲ့ ဒီအစိတ်အပိုင်းမှာမှ ကိုဗစ်မရှိဘူးဆိုတာမဟုတ်ပါဘူး။ အဲဒါက မမှန်ပါဘူး။ ခင်ဗျားက ကျွန်တော်တို့က အပါးနပ်ဆုံးလို့ ပြောနေတာလား။ အဲဒီ အိုမီခရွန်က ကျွန်တော်တို့ဆီရော မလာဘူးတဲ့လား။ ကျွန်တော်တို့မှာ ကူးစက်ခံရသူတွေနဲ့ ဒဏ်ရာရသူတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့ အက်စတန် ဗီလာနဲ့ပွဲမှာ ပထမအသင်းကစားသမား ၁၁ ဦးတည်းနဲ့ ကစားခဲ့ရတယ်။ ကျွန်တော်တို့ ကစားခဲ့တယ်။ အဲဒါပွဲကို မရွှေ့ဆိုင်းခဲ့ဘူး”

“နောက်ဆုံး ၅ ပွဲမှာ ကျွန်တော်တို့ အရန်ခုံပေါ်က အကယ်ဒမီ ကစားသမားတွေနဲ့ ကစားခဲ့ရတယ်။ ကျွန်တော်တို့လည်း တခြားအသင်းတွေအားလုံးလိုပဲ တူညီတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျွန်တော်တို့ ကစားဖို့ ကြိုးစားတယ်။ ကျွန်တော်တို့မှာ ကစားသမား ၁၁ ဦး ဒါမှမဟုတ် ၁၂ ဦးရှိတယ်ဆိုရင် အဲဒါက လုံလောက်ပါပြီ။ ကျွန်တော်တို့မှာ ကိုး ပါလ်မာ၊ ဂျိမ်းစ် မက်ကတီးရှိပြီး တခြားကစားသမားတွေနဲ့ ကျွန်တော်တို့ ကစားဖို့ ကြိုးစားတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့ ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေ အများကြီးရှိပါတယ်။ ရာသီအစတုန်းက ကျွန်တော်တို့ ကစားသမားတွေမှာ ခက်ခဲကြမ်းတမ်းတဲ့ ဒဏ်ရာပြဿနာတွေ အများကြီးရှိခဲ့တယ်။ အဲဒီတော့ ကျွန်တော် ဘာများပြောနိုင်မှာလဲ။ သူတို့တွေ ကျွန်တော်တို့ ကံကောင်းခဲ့တယ်လို့ ယုံကြည်တယ်ဆိုရင် ကောင်းပြီ၊ ကျွန်တော်တို့ ကံကောင်းခဲ့တယ်။ ကျေးဇူးပဲ။ ကျွန်တော် ဘာများပြောနိုင်ဦးမှာလဲ”

“ကပ်ရောဂါက ကမ္ဘာတလွှားနဲ့ နေရာတိုင်းမှာ ရှိနေပါတယ်။ ကျွန်တော်တို့ မိနစ်တိုင်းမှာ အဲဒီရောဂါပိုးနဲ့ ထိတွေ့နေရပါတယ်။ ကျွန်တော်တို့က ချွင်းချက်မဟုတ်ပါဘူး။ သူတို့တွေက မန်စီးတီးက အဲဒီအကြောင်းအရင်းကြောင့် သူတို့ထက် ရှေ့ရောက်နေတယ်လို့ ယုံကြည်နေတယ်ဆိုရင်လည်း အဲဒီလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ခါတလေကျရင် ကျွန်တော်တို့မှာ ရှိတာက ပိုက်ဆံ။ တစ်ခါတလေကျ ရှိတာက ကိုဗစ်။ ကျွန်တော် မသိတော့ဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာက မန္စီးတီးက ကိုဗစ္ကူးစက္ပ်ံ႕ႏွံ့မႈ ျဖစ္ပြားလာခ်ိန္မွာ ကံေကာင္းေနခဲ့တယ္လို႔ ေျပာၾကားခဲ့တဲ့ ၿပိဳင္ဘက္အသင္းေတြကို ျပန္လည္ တုံ႔ျပန္ေျပာဆိုသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းၿပ တူဟယ္နဲ႔ လီဗာပူးလ္ေနာက္ခံကစားသမား ဗန္ဒိုက္တို႔က မန္စီးတီးရဲ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁ ေနရာမွာ ၁၀ မွတ္ျဖတ္ထားနိုင္တာက ၎တို႔မွာ ၿပိဳင္ဘက္အသင္းေတြထက္ ကိုဗစ္ကူးစက္ခံရတဲ့ ကစားသမား ပိုမိုနည္းပါးလို႔ျဖစ္တယ္လို႔ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယေန႔ ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္မတိုင္မီ မန္စီးတီးနည္းၿပ ဂြါဒီယိုလာက တူဟယ္နဲ႔ ဗန္ဒိုက္တို႔ရဲ့ ေျပာဆိုမႈေတြဟာ မွားယြင္းေနတယ္လို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ့အသင္းမွာ ကိုဗစ္ ကူးစက္ခံထားရတဲ့ ကစားသမားေတြကို ေထာက္ျပၿပီး ေျပာဆိုသြားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ၿပီးခဲ့တဲ့အပတ္က ဆြင္ဒန္နဲ႔ အက္ဖ္ေအဖလားပြဲစဥ္မတိုင္မီ ကစားသမား ၇ ဦးအပါအဝင္ ကိုဗစ္ကူးစက္ခံထားရသူ ၂၁ ဦးအထိ စံခ်ိန္တင္ ရွိေနခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာကလည္း ၄-၁ နဲ႔ အနိုင္ရခဲ့တဲ့ အဲဒီပြဲစဥ္ကို သီးျခားစီ ေနထိုင္ရမွာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ လက္ရွိ ခ်န္ပီယံ မန္စီးတီးဟာ ယေန႔ ခ်ဲလ္ဆီးနဲ႔ ေတြ႕ဆုံရမယ့္ပြဲစဥ္မွာ ကိုဗစ္ေၾကာင့္ ကစားသမားအမ်ားအျပား ပိုမိုဆုံးရႈံးခဲ့ရတာျဖစ္ၿပီး ဂြါဒီယိုလာက သီးျခားေနထိုင္ေနရာကေန အသင္းနဲ႔ ျပန္လည္ပူးေပါင္းၿပီးကတည္းက ေလ့က်င့္ေရး တစ္ႀကိမ္သာ ျပဳလုပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက မန္စီးတီးဟာ ကိုဗစ္ကပ္ေရာဂါရဲ့ အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ရင္ ၎တို႔ရဲ့ ၿပိဳင္ဘက္အသင္းေတြ ခံစားရသေလာက္ ခံစားခဲ့ရတယ္လို႔ အခိုင္အမာ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ကၽြန္ေတာ္တို႔မွာ ကိုဗစ္ကူးစက္ခံရသူအသစ္ အခ်ိဳ႕ ရွိေနပါတယ္။ ကိုဗစ္က တကမၻာလုံးမွာျဖစ္ပြားေနတာျဖစ္ၿပီး ဒီကမၻာႀကီးရဲ့ ဒီအစိတ္အပိုင္းမွာမွ ကိုဗစ္မရွိဘူးဆိုတာမဟုတ္ပါဘူး။ အဲဒါက မမွန္ပါဘူး။ ခင္ဗ်ားက ကၽြန္ေတာ္တို႔က အပါးနပ္ဆုံးလို႔ ေျပာေနတာလား။ အဲဒီ အိုမီခရြန္က ကၽြန္ေတာ္တို႔ဆီေရာ မလာဘူးတဲ့လား။ ကၽြန္ေတာ္တို႔မွာ ကူးစက္ခံရသူေတြနဲ႔ ဒဏ္ရာရသူေတြ အမ်ားႀကီးရွိခဲ့တယ္။ ကၽြန္ေတာ္တို႔ အက္စတန္ ဗီလာနဲ႔ပြဲမွာ ပထမအသင္းကစားသမား ၁၁ ဦးတည္းနဲ႔ ကစားခဲ့ရတယ္။ ကၽြန္ေတာ္တို႔ ကစားခဲ့တယ္။ အဲဒါပြဲကို မေရႊ႕ဆိုင္းခဲ့ဘူး”

“ေနာက္ဆုံး ၅ ပြဲမွာ ကၽြန္ေတာ္တို႔ အရန္ခုံေပၚက အကယ္ဒမီ ကစားသမားေတြနဲ႔ ကစားခဲ့ရတယ္။ ကၽြန္ေတာ္တို႔လည္း တျခားအသင္းေတြအားလုံးလိုပဲ တူညီတဲ့ အေျခအေနမွာ ရွိေနပါတယ္။ ကၽြန္ေတာ္တို႔ ကစားဖို႔ ႀကိဳးစားတယ္။ ကၽြန္ေတာ္တို႔မွာ ကစားသမား ၁၁ ဦး ဒါမွမဟုတ္ ၁၂ ဦးရွိတယ္ဆိုရင္ အဲဒါက လုံေလာက္ပါၿပီ။ ကၽြန္ေတာ္တို႔မွာ ကိုး ပါလ္မာ၊ ဂ်ိမ္းစ္ မက္ကတီးရွိၿပီး တျခားကစားသမားေတြနဲ႔ ကၽြန္ေတာ္တို႔ ကစားဖို႔ ႀကိဳးစားတယ္။ ကၽြန္ေတာ္တို႔မွာ လုံေလာက္တဲ့ ကစားသမားေတြ ရွိပါတယ္။ ကၽြန္ေတာ္တို႔မွာ ကိုဗစ္ကူးစက္ခံထားရတဲ့ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြ အမ်ားႀကီးရွိပါတယ္။ ရာသီအစတုန္းက ကၽြန္ေတာ္တို႔ ကစားသမားေတြမွာ ခက္ခဲၾကမ္းတမ္းတဲ့ ဒဏ္ရာျပႆနာေတြ အမ်ားႀကီးရွိခဲ့တယ္။ အဲဒီေတာ့ ကၽြန္ေတာ္ ဘာမ်ားေျပာနိုင္မွာလဲ။ သူတို႔ေတြ ကၽြန္ေတာ္တို႔ ကံေကာင္းခဲ့တယ္လို႔ ယုံၾကည္တယ္ဆိုရင္ ေကာင္းၿပီ၊ ကၽြန္ေတာ္တို႔ ကံေကာင္းခဲ့တယ္။ ေက်းဇူးပဲ။ ကၽြန္ေတာ္ ဘာမ်ားေျပာနိုင္ဦးမွာလဲ”

“ကပ္ေရာဂါက ကမၻာတလႊားနဲ႔ ေနရာတိုင္းမွာ ရွိေနပါတယ္။ ကၽြန္ေတာ္တို႔ မိနစ္တိုင္းမွာ အဲဒီေရာဂါပိုးနဲ႔ ထိေတြ႕ေနရပါတယ္။ ကၽြန္ေတာ္တို႔က ခၽြင္းခ်က္မဟုတ္ပါဘူး။ သူတို႔ေတြက မန္စီးတီးက အဲဒီအေၾကာင္းအရင္းေၾကာင့္ သူတို႔ထက္ ေရွ႕ေရာက္ေနတယ္လို႔ ယုံၾကည္ေနတယ္ဆိုရင္လည္း အဲဒီလိုျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ တစ္ခါတေလက်ရင္ ကၽြန္ေတာ္တို႔မွာ ရွိတာက ပိုက္ဆံ။ တစ္ခါတေလက် ရွိတာက ကိုဗစ္။ ကၽြန္ေတာ္ မသိေတာ့ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.