Premier League

1 Dec – နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

အန်ဒီ ရော်ဘတ်ဆန်ဟာ နေ့စဥ်နဲ့အမျှ ချစ်မြတ်နိုးလာရတဲ့ လီဗာပူးလ်အသင်းမှာ တသက်တာ ကစားသွားချင်ကြောင်း ထုတ်ဖော်ခဲ့ပြီး အဆင့်အတန်းမီ ခြေစွမ်းကို ထိပ်တန်းအဆင့်မှာ ဆက်လက်ပြသသွားမယ်လို့ ကြုံးဝါး။

အတ္တလန်တာနဲ့ပွဲမှာ ခြေချော်ခဲ့တဲ့ လူငယ်ခံစစ်မှူး ရီးစ်ဝီလီယမ်းစ်ကို အိုင်းယက်စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ထပ်မံအခွင့်အရေးပေးဖို့ နည်းပြ ကလော့ပ်အနေနဲ့ စွန့်စားသွားတော့မှာ မဟုတ်ဘဲ အရေးကြီးတဲ့ပွဲစဥ်မှာ မာတစ်ပ်နဲ့ ဖာဘင်ညိုတို့အတွဲကို ပွဲထုတ်သွားဖွယ်ရှိ။

ဘရိုက်တန်နဲ့ပွဲမှာ လူစားလဲခံခဲဲ့ရလို့ မိုဆာလားဟာ စိတ်ပျက် ဒေါသထွက်ခဲ့တယ်လို့ ကလော့ပ်က အတည်ပြုခဲ့ပြီး အိုင်းယတ်စ်နဲ့ပွဲမှာ ချန်ပီယံလိဂ်အုပ်စုကျွတ်ဖို့ အဖိုးတန် ၃ မှတ်အတွက် လန်းဆန်းနေတဲ့ မိုဆာလားကို လိုအပ်တယ်လို့ ဝန်ခံခဲ့။

ပရိသတ်မပါဝင်တဲ့ပွဲမှာ လီဗာပူးလ်အနေနဲ့ သူလိုကိုယ်လို သာမန်အသင်းတသင်းလို ရုန်းကန်ကစားရမှာဖြစ်ပြီး မိမိတို့အသင်းကို အန်းဖီးလ်မှာ အနိုင်ရဖို့ဆိုတာ အိပ်မက်တခုလိုဖြစ်ကြောင်း အိုင်းယတ််စ်အသင်းမန်နေဂျာက သတိပေးသွားခဲ့။

အဓိက ကစားသမား ၈ ဦးအထိ ဒဏ်ရာရထားတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒဏ်ရာအကျပ်အတည်းကို ကျော်လွှားကာ ပရီးမီးယားလိဂ်က ချန်ပီယံဆုကို ဆွတ်ခူးဖို့ရာ နည်းလမ်းတခုတည်းကာ ရှိနေပြီး အဲဒီအ​ဖြေဟာ တရာသီလုံး ခြေစွမ်းပြမယ့် ဒီယိုဂို ဂျိုတာဖြစ်တယ်လို့ ပေါလ်အင့်စ် ဟောကိန်းထုတ်။

လီဗာပူးလ်အသင်းဟာ FA ဖလားပြိုင်ပွဲ၊ တတိယအဆင့်မှာ အက်စတန် ဗီလာအသင်းနဲ့ပြန်လည်တွေ့ဆုံမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၇ ဂိုးပေးခဲ့ရတဲ့ ဗီလာကို အခုတကြိမ်မှာ မညှာစတမ်း ဂိုးမိုးရွာပြီး အပြတ်အသတ်လက်စားချေဖို့ လိုတယ်လို့ အသင်းပရိသတ်တွေက တညီတညွတ်တည်း ဖိအားပေး။

ကလော့ပ်ဟာ ယူနိုက်တက်ရဲ့ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ခြေရာနင်းပြီး သူ့ရဲ့လမ်းစဥ်အတိုင်း လုပ်ဆောင်ဖို့ အားထုတ်နေတယ်လို့ နဗီးလ်က သုံးသပ်ခဲ့ပြီး ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေကို မီဒီယာမှာ အတိအကျ အသိပေးခြင်း မရှိဘဲ လျှို့ဝှက်ထားတာဟာ စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးဖြစ်ကြောင်း ဝေဖန်ခဲ့။

အာနိုးလ်ဟာ ဒီတပတ်အတွင်း ကြံ့ခိုင်မှုပြည့်ဝလာဖွယ်ရှိလို့ ကလော့ပ်အတွက် သတင်းကောင်းတခုဖြစ်လာပြီး အိုင်းယက်စ်နဲ့ပွဲအတွက် မာတစ်ပ် လေ့ကျင့်ခန်းဆင်းနေပေမယ့် နာဘီ ကီတာ လွဲချော်သွားဦးမှာဖြစ်သလို သီယာဂို အယ်လ်ကန်တာရာကိုလည်း ဒီနှစ်အကုန်အထိ လက်လွှတ်သွားရဖွယ်ရှိ။

ဒလစ်နဲ့ ခိုင်းနှိုင်းချီးကျူးခံနေရတဲ့ အိုင်းယတ်စ် ဗဟိုခံစစ်မှူး ပါရှူးစ်ကို လာမယ့် အိုင်းယတ်စ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းက အထူးစောင့်ကြည့်သွားဖို့ရှိပြီး ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္ဒီ ေရာ္ဘတ္ဆန္ဟာ ေန႔စဥ္နဲ႔အမွ် ခ်စ္ျမတ္ႏိုးလာရတဲ့ လီဗာပူးလ္အသင္းမွာ တသက္တာ ကစားသြားခ်င္ေၾကာင္း ထုတ္ေဖာ္ခဲ့ၿပီး အဆင့္အတန္းမီ ေျခစြမ္းကို ထိပ္တန္းအဆင့္မွာ ဆက္လက္ျပသသြားမယ္လို႔ ႀကဳံးဝါး။

အတၱလန္တာနဲ႔ပြဲမွာ ေျခေခ်ာ္ခဲ့တဲ့ လူငယ္ခံစစ္မႉး ရီးစ္ဝီလီယမ္းစ္ကို အိုင္းယက္စ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ထပ္မံအခြင့္အေရးေပးဖို႔ နည္းျပ ကေလာ့ပ္အေနနဲ႔ စြန္႔စားသြားေတာ့မွာ မဟုတ္ဘဲ အေရးႀကီးတဲ့ပြဲစဥ္မွာ မာတစ္ပ္နဲ႔ ဖာဘင္ညိဳတို႔အတြဲကို ပြဲထုတ္သြားဖြယ္ရွိ။

ဘ႐ိုက္တန္နဲ႔ပြဲမွာ လူစားလဲခံခဲဲ့ရလို႔ မိုဆာလားဟာ စိတ္ပ်က္ ေဒါသထြက္ခဲ့တယ္လို႔ ကေလာ့ပ္က အတည္ျပဳခဲ့ၿပီး အိုင္းယတ္စ္နဲ႔ပြဲမွာ ခ်န္ပီယံလိဂ္အုပ္စုကြၽတ္ဖို႔ အဖိုးတန္ ၃ မွတ္အတြက္ လန္းဆန္းေနတဲ့ မိုဆာလားကို လိုအပ္တယ္လို႔ ဝန္ခံခဲ့။

ပရိသတ္မပါဝင္တဲ့ပြဲမွာ လီဗာပူးလ္အေနနဲ႔ သူလိုကိုယ္လို သာမန္အသင္းတသင္းလို ႐ုန္းကန္ကစားရမွာျဖစ္ၿပီး မိမိတို႔အသင္းကို အန္းဖီးလ္မွာ အႏိုင္ရဖို႔ဆိုတာ အိပ္မက္တခုလိုျဖစ္ေၾကာင္း အိုင္းယတ္္စ္အသင္းမန္ေနဂ်ာက သတိေပးသြားခဲ့။

အဓိက ကစားသမား ၈ ဦးအထိ ဒဏ္ရာရထားတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဒဏ္ရာအက်ပ္အတည္းကို ေက်ာ္လႊားကာ ပရီးမီးယားလိဂ္က ခ်န္ပီယံဆုကို ဆြတ္ခူးဖို႔ရာ နည္းလမ္းတခုတည္းကာ ရွိေနၿပီး အဲဒီအ​ေျဖဟာ တရာသီလုံး ေျခစြမ္းျပမယ့္ ဒီယိုဂို ဂ်ိဳတာျဖစ္တယ္လို႔ ေပါလ္အင့္စ္ ေဟာကိန္းထုတ္။

လီဗာပူးလ္အသင္းဟာ FA ဖလားၿပိဳင္ပြဲ၊ တတိယအဆင့္မွာ အက္စတန္ ဗီလာအသင္းနဲ႔ျပန္လည္ေတြ႕ဆုံမွာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ၇ ဂိုးေပးခဲ့ရတဲ့ ဗီလာကို အခုတႀကိမ္မွာ မညႇာစတမ္း ဂိုးမိုး႐ြာၿပီး အျပတ္အသတ္လက္စားေခ်ဖို႔ လိုတယ္လို႔ အသင္းပရိသတ္ေတြက တညီတၫြတ္တည္း ဖိအားေပး။

ကေလာ့ပ္ဟာ ယူႏိုက္တက္ရဲ႕ နည္းျပေဟာင္း ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ ေျခရာနင္းၿပီး သူ႔ရဲ႕လမ္းစဥ္အတိုင္း လုပ္ေဆာင္ဖို႔ အားထုတ္ေနတယ္လို႔ နဗီးလ္က သုံးသပ္ခဲ့ၿပီး ဒဏ္ရာရ ကစားသမားေတြရဲ႕ အေျခအေနကို မီဒီယာမွာ အတိအက် အသိေပးျခင္း မရွိဘဲ လွ်ိဳ႕ဝွက္ထားတာဟာ စိတ္ပိုင္းဆိုင္ရာ စစ္ဆင္ေရးျဖစ္ေၾကာင္း ေဝဖန္ခဲ့။

အာႏိုးလ္ဟာ ဒီတပတ္အတြင္း ႀကံ့ခိုင္မႈျပည့္ဝလာဖြယ္ရွိလို႔ ကေလာ့ပ္အတြက္ သတင္းေကာင္းတခုျဖစ္လာၿပီး အိုင္းယက္စ္နဲ႔ပြဲအတြက္ မာတစ္ပ္ ေလ့က်င့္ခန္းဆင္းေနေပမယ့္ နာဘီ ကီတာ လြဲေခ်ာ္သြားဦးမွာျဖစ္သလို သီယာဂို အယ္လ္ကန္တာရာကိုလည္း ဒီႏွစ္အကုန္အထိ လက္လႊတ္သြားရဖြယ္ရွိ။

ဒလစ္နဲ႔ ခိုင္းႏႈိင္းခ်ီးက်ဴးခံေနရတဲ့ အိုင္းယတ္စ္ ဗဟိုခံစစ္မႉး ပါရႉးစ္ကို လာမယ့္ အိုင္းယတ္စ္နဲ႔ပြဲမွာ လီဗာပူးလ္အသင္းက အထူးေစာင့္ၾကည့္သြားဖို႔ရွိၿပီး ေပါင္သန္း ၃၀ နဲ႔ ေခၚယူဖို႔ ပစ္မွတ္ထားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.