Premier League

1 Dec ပရီးမီးယားလိဂ် နောက်ဆုံးရသတင်းများ စုစည်းမှု

အာဆင်နယ်နဲ့ပွဲမှာ ခေါင်းခွံရိုး အက်သွားပြီး ဆေးရုံပို့ခဲ့ရတဲ့ ဝုလ်ဗာဟမ့်ပ်တန်တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်အနေနဲ့ ပြန်လည်စကားပြောနိုင်နေပြီဖြစ်ပြီး ယနေ့မှာတော့ တွစ်တာကတစ်ဆင့် သူ့အတွက် သတင်းစကားမေး ဆုတောင်းအားပေးကြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ ရည်ရွယ်ထားကြောင်း ထုတ်ပြန်ပြောကြားသွားခဲ့။

– ခြေချော်လက်ချော်ဖြစ်ပြီး အမှတ်လျော့ခဲ့တဲ့ အသင်းတွေကြောင့် တော့တင်ဟမ်ဟော့စပါးစ်အသင်းကတော့ ပရီးမီးယားလိဂ်ကို နှစ်ပတ်ဆက်တိုက် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး လက်စတာစီးတီးအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ Upset ပွဲကတော့ အားလုံးပဲ အံ့အားသင့်ခဲ့ရ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ သူတို့ရဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာ ရှုံးခဲ့ပြီး ၅ ပွဲ အနိုင်ရရှိထားခဲ့သလို ၂၀၁၉ မေလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သုံးပွဲဆက်အနိုင်ကိုလည်း ရရှိခဲ့ခြင်းဖြစ်လာ။

– အက်စတန်ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်ကတော့ သူ့ရဲ့ နောက်ဆုံး ပင်နယ်တီ ၆ လုံးမှာ ၄ လုံး လွဲချော်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ပင်နယ်တီ လွဲချော်ခဲ့တဲ့အပြင် လက်မောင်းကျွံနေတဲ့ ချေပဂိုးကိုလည်း ပယ်ဖျက်ခံရပြီး ကံဆိုးခဲ့။

– ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းရဲ့ မှတ်တမ်းကောင်းတစ်ခုဖြစ်တဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်း ပွဲစစချင်း ၂ မိနစ်စီအတွင်းမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကို အက်စ်တန်ဗီလာအသင်းဘက်ကို သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းတို့ လိုက်မီနိုင်ခဲ့။

– ဘောလုံးလောကအတွက်တော့ လက်ထိဘောစည်းမျဉ်းနဲ့ ပုခုံးနဲ့ လက်တွေက လူကျွံတယ်ဆိုတဲ့ စည်းမျဉ်းဟာ လုံးဝ အဓိပ္ပါယ်မရှိတဲ့ ရယ်စရာ စည်းမျဉ်းတွေဖြစ်တာကြောင့် အမြန်ဆုံး ပယ်ဖျက်ဖို့နဲ့ VAR ဆိုတာ လူအများလက်ခံနိုင်စရာဖြစ်အောင် လုပ်ဆောင်ဖို့ ဂယ်ရီ နဗီးလ် တိုက်တွန်းသွား။

– စပါးစ်အသင်းတိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ ဂိုးပါဝင်ပတ်သက်မှု ၁၆ ကြိမ်နဲ့ ၁၁ ကြိမ်ကို အက်စတန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်က ၁၀ ကြိမ်နဲ့ တတိယနေရာက လိုက်မီဖို့ ချဉ်းကပ်လာနိုင်ခဲ့။

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းရဲ့ ဘင်တန်လေ့ကျင့်ရေးကွင်းမှာ ကိုဗစ်-၁၉ ပေါ့စတစ်ဖြစ်သူ ၅ ဦးအထိ တွေ့ရှိထားရပြီး ကစားသမားတွေ ပါဝင်နေသလားဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိခဲ့၊ အကယ်၍ လာမယ့် ဗီလာနဲ့ပွဲအတွက် ကစားသမား ၁၄ ဦးထက် ပိုပြီး မရရှိနိုင်ခဲ့ဘူးဆိုရင်တော့ ပရီးမီးယားလိဂ်ဆီကို ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နဲ႔ပြဲမွာ ေခါင္းခြံ႐ိုး အက္သြားၿပီး ေဆး႐ုံပုိ႔ခဲ့ရတဲ့ ဝုလ္ဗာဟမ့္ပ္တန္တုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္အေနနဲ႔ ျပန္လည္စကားေျပာႏုိင္ေနၿပီျဖစ္ၿပီး ယေန႔မွာေတာ့ တြစ္တာကတစ္ဆင့္ သူ႕အတြက္ သတင္းစကားေမး ဆုေတာင္းအားေပးၾကသူေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ အျမန္ဆုံး ျပန္ကစားႏုိင္ဖို႔ ရည္ရြယ္ထားေၾကာင္း ထုတ္ျပန္ေျပာၾကားသြားခဲ့။

– ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ၿပီး အမွတ္ေလ်ာ့ခဲ့တဲ့ အသင္းေတြေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေတာ့ ပရီးမီးယားလိဂ္ကို ႏွစ္ပတ္ဆက္တိုက္ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီး လက္စတာစီးတီးအသင္းနဲ႔ ဖူလ္ဟမ္အသင္းတို႔ရဲ႕ Upset ပြဲကေတာ့ အားလုံးပဲ အံ့အားသင့္ခဲ့ရ။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ သူတို႔ရဲ႕ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး ေနာက္ဆုံး ၈ ပြဲမွာ ၁ ပြဲသာ ရႈံးခဲ့ၿပီး ၅ ပြဲ အႏိုင္ရရွိထားခဲ့သလို ၂၀၁၉ ေမလ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ သုံးပြဲဆက္အႏိုင္ကိုလည္း ရရွိခဲ့ျခင္းျဖစ္လာ။

– အက္စတန္ဗီလာတိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္ကေတာ့ သူ႔ရဲ႕ ေနာက္ဆုံး ပင္နယ္တီ ၆ လုံးမွာ ၄ လုံး လြဲေခ်ာ္ခဲ့ၿပီး ဝက္စ္ဟမ္းနဲ႔ပြဲမွာလည္း ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့အျပင္ လက္ေမာင္းကြၽံေနတဲ့ ေခ်ပဂိုးကိုလည္း ပယ္ဖ်က္ခံရၿပီး ကံဆိုးခဲ့။

– ပရီးမီးယားလိဂ္မွာ မန္စီးတီးအသင္းရဲ႕ မွတ္တမ္းေကာင္းတစ္ခုျဖစ္တဲ့ ပထမပိုင္းနဲ႔ ဒုတိယပိုင္း ပြဲစစခ်င္း ၂ မိနစ္စီအတြင္းမွာ ဂိုးေတြ သြင္းယူႏိုင္ခဲ့တဲ့ စြမ္းေဆာင္ရည္ကို အက္စ္တန္ဗီလာအသင္းဘက္ကို သြင္းယူခဲ့ၿပီး ဝက္စ္ဟမ္းတို႔ လိုက္မီႏိုင္ခဲ့။

– ေဘာလုံးေလာကအတြက္ေတာ့ လက္ထိေဘာစည္းမ်ဥ္းနဲ႔ ပုခုံးနဲ႔ လက္ေတြက လူကြၽံတယ္ဆိုတဲ့ စည္းမ်ဥ္းဟာ လုံးဝ အဓိပၸါယ္မရွိတဲ့ ရယ္စရာ စည္းမ်ဥ္းေတြျဖစ္တာေၾကာင့္ အျမန္ဆုံး ပယ္ဖ်က္ဖို႔နဲ႔ VAR ဆိုတာ လူအမ်ားလက္ခံႏိုင္စရာျဖစ္ေအာင္ လုပ္ေဆာင္ဖို႔ ဂယ္ရီ နဗီးလ္ တိုက္တြန္းသြား။

– စပါးစ္အသင္းတိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ရဲ႕ ဂိုးပါဝင္ပတ္သက္မႈ ၁၆ ႀကိမ္နဲ႔ ၁၁ ႀကိမ္ကို အက္စတန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္က ၁၀ ႀကိမ္နဲ႔ တတိယေနရာက လိုက္မီဖို႔ ခ်ဥ္းကပ္လာႏိုင္ခဲ့။

– နယူးကာဆယ္လ္ယူႏိုက္တက္အသင္းရဲ႕ ဘင္တန္ေလ့က်င့္ေရးကြင္းမွာ ကိုဗစ္-၁၉ ေပါ့စတစ္ျဖစ္သူ ၅ ဦးအထိ ေတြ႕ရွိထားရၿပီး ကစားသမားေတြ ပါဝင္ေနသလားဆိုတာကိုေတာ့ ထုတ္ျပန္ျခင္းမရွိခဲ့၊ အကယ္၍ လာမယ့္ ဗီလာနဲ႔ပြဲအတြက္ ကစားသမား ၁၄ ဦးထက္ ပိုၿပီး မရရွိႏိုင္ခဲ့ဘူးဆိုရင္ေတာ့ ပရီးမီးယားလိဂ္ဆီကို ပြဲေ႐ႊ႕ဆိုင္းဖို႔ ေတာင္းဆိုရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.