Premier League

1 Dec – နေ့လည်ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

စပါးနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့လို့ ပရိသတ်တွေ ကျေနပ်နေတဲ့ ကိုဗာချစ်ဟာ ပြစ်မျိုးမှဲ့မထင်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ကြောင်း လမ်းပတ်က ထုတ်ဖော်ချီးကျူးခဲ့ပြီး သူဟာ တဦးချင်းနည်းစနစ်ပိုင်းမှာ လှည့်ကြည့်စရာမလိုအောင်ကို ပြီးပြည့်စုံသူဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့။

ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ RB လိုက်ပ်ဇစ်အသင်းရဲ့ ဘယ်နောက်ခံအစွန်လူ မက်သယူး ဘွန်းစ်ဝဲလ်ကို ဝက်စ်ဟမ်းအသင်းနဲ့အပြိုင် ခေါ်ယူသွားမှာဖြစ်ပြီး ဒါဟာ အသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ပြုလုပ်သွားမယ့် အစီအစဥ်တခုဖြစ်ကြောင်း သိရ။

လမ်းပတ်လက်အောက်ကနေ အာတီတာလက်အောက်မှာ ပြောင်းရွေ့ကစားနေတဲ့ ဝီလီယံက သူတို့နှစ်ဦးကြားက ခြားနားချက်တခုကို ပြောပြသွားခဲ့ပြီး အာတီတာက နည်းဗျူဟာပိုင်းကို ကျင်ကျင်လည်လည် နားလည်ထားသူဖြစ်ပြီး လမ်းပတ်ကတော့ နိုင်ပွဲရဖို့ ပိုဦးစားပေးသူဖြစ်ကြောင်း ထုတ်ဖော်ခဲ့။

ပရီးမီယားလိဂ်မှာ အသင်းကြီးတွေကို အနိုင်မကစားနိုင်သေးသရွေ့ လမ်းပတ်ရဲ့ချယ်လ်ဆီးအသင်းကို ဆုဖလားစိန်ခေါ်သူအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ဂရေမီ ဆောင်းနက်က ဝေဖန်သွားခဲ့ပြီး လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးထားတာကို မမေ့သင့်ကြောင်း ပြောကြား။

၂၀၁၁ ခုနှစ်က QPR နဲ့ပွဲမှာ ချယ်လ်ဆီးခံစစ်လူ ဂျွန်တယ်ရီဟာ မိမိကို လူမျိုးရေးခွဲခြားခဲ့လို့ FA ရဲ့ စုံစမ္းစစ္ေဆးမႈ အမဲစက်ထင်ခဲ့တာကို နောင်တရမိကြောင်း အန်တန်ဖာဒီနန်က ထုတ်ဖော်ခဲ့ပြီး တကယ်တော့ ဒါဟာ အဖြစ်မှန်မဟုတ်ကြောင်း မဖွင့်ဟခဲ့မိလို့ တယ်ရီအတွက် အပြစ်စိတ်ဖြစ်နေကြောင်း ဝန်ခံခဲ့။

အီဒင် ဟာဇက်ကို မြင်ဆရာအနေနဲ့ စောင့်ကြည့်ပြီး များစွာသင်ယူခဲ့ရကြောင်း ဟာကင်းမ် ဇီးယက်ရှ်က ဝန်ခဲ့သွားခဲ့ပြီး သူ့ရဲ့ ကစားပုံကို အသေးစိတ်အထိ စွဲလန်းကာ အတုယူ လေးစားခဲ့ရကြောင်း ဖွင့်ဟ။

ဒေးဗစ်ဘက်ခမ်းဟာ သူပိုင်ဆိုင်တဲ့ အမေရိကန်မေဂျာလိပ်ကလပ် အင်တာမီယာမီအသင်းထံ ဂျီရူးကို ခေါ်ယူသွားဖို့ စီစဉ်နေပြီး အသင်းမှာ သူပျော်ရွှင်ရမယ့် အစီအမံတွေကို ကြိုတင်ပြုလုပ်ထားကြောင်း သိရ။

စပါးနဲ့ပွဲမှာ ညာခြေကျင်းဝတ် လည်သွားခဲ့တဲ့ ဘန်ချေးလ်ဝဲလ်ဟာ ဒဏ်ရာအကင်းသေသွားခဲ့လို့ ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲစဥ်အတွက် အဆင်သင့်ဖြစ်နေပြီး ပါဝင်ကစားနိုင်ဖွယ်ရှိနေပေမယ့် လမ်းပတ်က အခြေအနေကို ဆုံးဖြတ်သွားဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပါးနဲ႕ပြဲမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့လို႔ ပရိသတ္ေတြ ေက်နပ္ေနတဲ့ ကိုဗာခ်စ္ဟာ ျပစ္မ်ိဳးမွဲ႕မထင္တဲ့ ေျခစြမ္းမ်ိဳးကို ျပသခဲ့ေၾကာင္း လမ္းပတ္က ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ၿပီး သူဟာ တဦးခ်င္းနည္းစနစ္ပိုင္းမွာ လွည့္ၾကည့္စရာမလိုေအာင္ကို ၿပီးျပည့္စုံသူျဖစ္တယ္လို႔ မွတ္ခ်က္ေပးသြားခဲ့။

ခ်ယ္လ္ဆီးအသင္းဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ RB လိုက္ပ္ဇစ္အသင္းရဲ႕ ဘယ္ေနာက္ခံအစြန္လူ မက္သယူး ဘြန္းစ္ဝဲလ္ကို ဝက္စ္ဟမ္းအသင္းနဲ႕အၿပိဳင္ ေခၚယူသြားမွာျဖစ္ၿပီး ဒါဟာ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ျပဳလုပ္သြားမယ့္ အစီအစဥ္တခုျဖစ္ေၾကာင္း သိရ။

လမ္းပတ္လက္ေအာက္ကေန အာတီတာလက္ေအာက္မွာ ေျပာင္းေ႐ြ႕ကစားေနတဲ့ ဝီလီယံက သူတို႔ႏွစ္ဦးၾကားက ျခားနားခ်က္တခုကို ေျပာျပသြားခဲ့ၿပီး အာတီတာက နည္းဗ်ဴဟာပိုင္းကို က်င္က်င္လည္လည္ နားလည္ထားသူျဖစ္ၿပီး လမ္းပတ္ကေတာ့ နိုင္ပြဲရဖို႔ ပိုဦးစားေပးသူျဖစ္ေၾကာင္း ထုတ္ေဖာ္ခဲ့။

ပရီးမီယားလိဂ္မွာ အသင္းႀကီးေတြကို အနိုင္မကစားနိုင္ေသးသေ႐ြ႕ လမ္းပတ္ရဲ႕ခ်ယ္လ္ဆီးအသင္းကို ဆုဖလားစိန္ေခၚသူအျဖစ္ မသတ္မွတ္နိုင္ဘူးလို႔ ဂေရမီ ေဆာင္းနက္က ေဝဖန္သြားခဲ့ၿပီး လီဗာပူးလ္အသင္းကို အိမ္ကြင္းမွာ ၂ ဂိုးျပတ္နဲ႕ ရႈံးထားတာကို မေမ့သင့္ေၾကာင္း ေျပာၾကား။

၂၀၁၁ ခုႏွစ္က QPR နဲ႕ပြဲမွာ ခ်ယ္လ္ဆီးခံစစ္လူ ဂြၽန္တယ္ရီဟာ မိမိကို လူမ်ိဳးေရးခြဲျခားခဲ့လို႔ FA ရဲ႕ စုံစမ္းစစ္ေဆးမွာ အမဲစက္ထင္ခဲ့တာကို ေနာင္တရမိေၾကာင္း အန္တန္ဖာဒီနန္က ထုတ္ေဖာ္ခဲ့ၿပီး တကယ္ေတာ့ ဒါဟာ အျဖစ္မွန္မဟုတ္ေၾကာင္း မဖြင့္ဟခဲ့မိလို႔ တယ္ရီအတြက္ အျပစ္စိတ္ျဖစ္ေနေၾကာင္း ဝန္ခံခဲ့။

အီဒင္ ဟာဇက္ကို ျမင္ဆရာအေနနဲ႕ ေစာင့္ၾကည့္ၿပီး မ်ားစြာသင္ယူခဲ့ရေၾကာင္း ဟာကင္းမ္ ဇီးယက္ရွ္က ဝန္ခဲ့သြားခဲ့ၿပီး သူ႕ရဲ႕ ကစားပုံကို အေသးစိတ္အထိ စြဲလန္းကာ အတုယူ ေလးစားခဲ့ရေၾကာင္း ဖြင့္ဟ။

ေဒးဗစ္ဘက္ခမ္းဟာ သူပိုင္ဆိုင္တဲ့ အေမရိကန္ေမဂ်ာလိပ္ကလပ္ အင္တာမီယာမီအသင္းထံ ဂ်ီ႐ူးကို ေခၚယူသြားဖို႔ စီစဥ္ေနၿပီး အသင္းမွာ သူေပ်ာ္႐ႊင္ရမယ့္ အစီအမံေတြကို ႀကိဳတင္ျပဳလုပ္ထားေၾကာင္း သိရ။

စပါးနဲ႕ပြဲမွာ ညာေျခက်င္းဝတ္ လည္သြားခဲ့တဲ့ ဘန္ေခ်းလ္ဝဲလ္ဟာ ဒဏ္ရာအကင္းေသသြားခဲ့လို႔ ဆီဗီလာနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ အဆင္သင့္ျဖစ္ေနၿပီး ပါဝင္ကစားနိုင္ဖြယ္ရွိေနေပမယ့္ လမ္းပတ္က အေျခအေနကို ဆုံးျဖတ္သြားဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.