Premier League Transfer News UCL&UEL

1 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများစုစည်းမှု

– အက်ဖ်အေဖလားရဲ့ တတိယအဆင့်မှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ လိဂ်ချန်ပီယံရှစ်ကလပ်အသင်း ဘာမင်ဂမ်စီးတီးအသင်းနဲ့ အိမ်ကွင်း အစ်တီဟတ်မှာ လက်ခံယှဉ်ပြိုင်ကစားရဖို့အတွက် ရေးဆွဲခံခဲ့ရ။

– အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုအတွက် အစားထိုးမှုအဖြစ် ခေါ်ယူလိုနေတဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားအတွက် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကပါ စိတ်ဝင်စားလာနေလို့ မန်စီးတီးရဲ့ ရတက်မအေးရဘဲဖြစ်လာ။

– အသင်းရဲ့ အဓိကတိုက်စစ်မှူးနဲ့ ဂိုးသွင်းစံချိန်ရှင် ဆာဂျီယို အဂွေရိုအတွက် တိုက်ရိုက်အစားထိုးမှုအဖြစ် နည်းပြ ဂွါဒီယိုလာကတော့ ဘင်ဖီကာအသင်းရဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို ခေါ်ယူဖို့ သဘောကျနှစ်သက်နေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ တာဝန်ရှိသူတွေကတော့ အသင်းရဲ့ အနာဂတ်အတွက် အာဂျင်တီးနားကလပ် အက်စ်တူဒီယန်တေးအသင်းက လူငယ်တောင်ပံကစားသမား ဒါရီယို ဆာမီယန်တိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူရို သန်း ၂၀ ကျော် ကုန်ကျဖွယ်ရှိ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ပင်နယ်တီတွေကို ကန်ဖို့ တိုက်စစ်ကစားသမားတွေ ဖိအားရှိနေတယ်ဆိုရင် သူ့အနေနဲ့ တာဝန်ယူပေးနိုင်ပြီး ဒီအတွက် ကောင်းကောင်းလေ့ကျင့်ထားခဲ့တယ်လို့ အသင်းဂိုးသမား အီဒါဆန် မိုရေးစ် ပြောကြား။

– လူငယ်နောက်ခံလူ အဲရစ် ဂါစီယာရဲ့ အသင်းနဲ့ အဆင်မပြေတဲ့ ပုံစံကြောင့် ရူဘင် ဒီယက်စ်နဲ့ အေးမရစ် လာပေါ့တ်တို့နှစ်ဦးကို အလှည့်ကျ အနားပေးချိန်တွေမှာ တတိယဦးစားပေးနောက်ခံလူအဖြစ် ဂျွန်စတုန်းစ်ရဲ့ ပွဲထွက်ခွင့် မျှော်လင့်နိုင်မှု တိုးတက်လာ။

– ပေါ်တိုအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွက် လူစာရင်းမှာ ပေါင်နောက်ကြောဒဏ်ရာကနေ သက်သာလာခဲ့တဲ့ နောက်ခံလူ နာသန် အေကီ ပါဝင်လာခဲ့ပြီး လူငယ်ကစားသမား သောမတ်စ် ဒွိုင်းလ်ကိုလည်း ခေါ်ယူထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက္ဖ္ေအဖလားရဲ႕ တတိယအဆင့္မွာ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လိဂ္ခ်န္ပီယံရွစ္ကလပ္အသင္း ဘာမင္ဂမ္စီးတီးအသင္းနဲ႔ အိမ္ကြင္း အစ္တီဟတ္မွာ လက္ခံယွဥ္ၿပိဳင္ကစားရဖို႔အတြက္ ေရးဆြဲခံခဲ့ရ။

– အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳအတြက္ အစားထိုးမႈအျဖစ္ ေခၚယူလိုေနတဲ့ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားအတြက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ကပါ စိတ္ဝင္စားလာေနလို႔ မန္စီးတီးရဲ႕ ရတက္မေအးရဘဲျဖစ္လာ။

– အသင္းရဲ႕ အဓိကတိုက္စစ္မႉးနဲ႔ ဂိုးသြင္းစံခ်ိန္ရွင္ ဆာဂ်ီယို အေဂြ႐ိုအတြက္ တိုက္႐ိုက္အစားထိုးမႈအျဖစ္ နည္းျပ ဂြါဒီယိုလာကေတာ့ ဘင္ဖီကာအသင္းရဲ႕ ဥ႐ုေဂြးတိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကို ေခၚယူဖို႔ သေဘာက်ႏွစ္သက္ေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ တာဝန္ရွိသူေတြကေတာ့ အသင္းရဲ႕ အနာဂတ္အတြက္ အာဂ်င္တီးနားကလပ္ အက္စ္တူဒီယန္ေတးအသင္းက လူငယ္ေတာင္ပံကစားသမား ဒါရီယို ဆာမီယန္တိုကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ယူ႐ို သန္း ၂၀ ေက်ာ္ ကုန္က်ဖြယ္ရွိ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပင္နယ္တီေတြကို ကန္ဖို႔ တိုက္စစ္ကစားသမားေတြ ဖိအားရွိေနတယ္ဆိုရင္ သူ႔အေနနဲ႔ တာဝန္ယူေပးႏိုင္ၿပီး ဒီအတြက္ ေကာင္းေကာင္းေလ့က်င့္ထားခဲ့တယ္လို႔ အသင္းဂိုးသမား အီဒါဆန္ မိုေရးစ္ ေျပာၾကား။

– လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာရဲ႕ အသင္းနဲ႔ အဆင္မေျပတဲ့ ပုံစံေၾကာင့္ ႐ူဘင္ ဒီယက္စ္နဲ႔ ေအးမရစ္ လာေပါ့တ္တို႔ႏွစ္ဦးကို အလွည့္က် အနားေပးခ်ိန္ေတြမွာ တတိယဦးစားေပးေနာက္ခံလူအျဖစ္ ဂြၽန္စတုန္းစ္ရဲ႕ ပြဲထြက္ခြင့္ ေမွ်ာ္လင့္ႏိုင္မႈ တိုးတက္လာ။

– ေပၚတိုအသင္းနဲ႔ အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အတြက္ လူစာရင္းမွာ ေပါင္ေနာက္ေၾကာဒဏ္ရာကေန သက္သာလာခဲ့တဲ့ ေနာက္ခံလူ နာသန္ ေအကီ ပါဝင္လာခဲ့ၿပီး လူငယ္ကစားသမား ေသာမတ္စ္ ဒြိဳင္းလ္ကိုလည္း ေခၚယူထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.