Premier League Transfer News

1 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများစုစည်းမှု

– အက်ဖ်အေဖလားရဲ့ တတိယအဆင့်မှာ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်လ်ယူနိုက်တက်အသင်းနဲ့ အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံယှဉ်ပြိုင်ကစားရဖို့အတွက် ရေးဆွဲခံခဲ့ရ။

– အာဆင်နယ်အသင်းအနေနဲ့ ခက်ခဲတဲ့ လေ့ကျင့်ရေး အချိန်ဇယားရေးဆွဲမှုနဲ့ ရင်ဆိုင်နေရတာက လက်ရှိ ရလဒ်တွေနဲ့ ဖန်တီးပေးပို့မှုတွေ ဆိုးရွားနေရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ နည်းပြ မီခယ်လ် အာတီတာက သုံးရက်တစ်ပွဲ ကစားရတဲ့ အခြေအနေကို လက်ညှိုးထိုးသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ လက်ရှိပြဿနာက သောမတ်စ် ပါတေး မပါဝင်နိုင်ချိန်မှာ ဂရာနစ် ချာကာနဲ့ ဒါနီ စီဘာယော့စ့်တို့ နှစ်ဦးစလုံးက ကွင်းလယ်ကို မထိန်းချုပ်နိုင်တာနဲ့ ဖန်တီးပေးပို့မှုတွေ မလုပ်နိုင်တာဖြစ်ကြောင်း အီယန်ရိုက် ညွှန်ပြ။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က အာဆင်နယ်အသင်းအနေနဲ့ အသင်းကြီးတစ်သင်းမပီသဘဲ အားနည်းလွန်းနေခဲ့သလို ဂိုးတွေ မရရှိတာကလည်း သူတို့တွေရဲ့ ယုံကြည်မှု ပျက်ယွင်းနေတဲ့ ပြယုဂ်တစ်ခုလို့ ဝေဖန်သွားခဲ့။

– နီကိုလာ ပေပေနဲ့ အလက်ဇန်းဒါး လာကာဇက်တို့အနေနဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ သွင်းဂိုးတွေအပေါ် မှီခိုနေရတဲ့ အာဆင်နယ်အသင်းကို ကူညီကယ်တင်နိုင်ဖို့ ကြိုးစားသင့်ကြောင်း စကိုင်းပို့စ်ရဲ့ ရီယို ဖာဒီနန် တိုက်တွန်း။

– စပါးစ်အသင်းကို ပြန်လည်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် မော်ရင်ညိုရဲ့ ပယ်ချခြင်းခံခဲ့ရတဲ့ ခရစ္စတီယန် အဲရစ်ဆန်ကို အင်တာမီလန် အသင်းကနေ ခေါ်ယူနိုင်ဖို့ အာဆင်နယ်နဲ့ ပရီးမီးယားအသင်းတစ်သင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ။

– အက်စ်တန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိသွားခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ ဒဏ်ရာဟာ ထင်တာထက် ဆိုးရွားခဲ့ပြီး ပြန်မကစားနိုင်သေးဘဲ နောက်ထပ် ပွဲအနည်းငယ် ထပ်မံအနားယူရမယ်လို့ အသင်းထုတ်ပြန်ခဲ့ရာမှာ သူ့လို နှစ်ပတ်ထက် ပိုမနားဖူးတဲ့ ကစားသမားမျိုးကို နှစ်လလောက် ပျောက်ဆုံးစေတဲ့ အသင်းဆေးအဖွဲ့ကို ပရိသတ်တွေ လှောင်ပြောင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက္ဖ္ေအဖလားရဲ႕ တတိယအဆင့္မွာ အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းနဲ႔ အိမ္ကြင္း အမ္းမရိတ္မွာ လက္ခံယွဥ္ၿပိဳင္ကစားရဖို႔အတြက္ ေရးဆြဲခံခဲ့ရ။

– အာဆင္နယ္အသင္းအေနနဲ႔ ခက္ခဲတဲ့ ေလ့က်င့္ေရး အခ်ိန္ဇယားေရးဆြဲမႈနဲ႔ ရင္ဆိုင္ေနရတာက လက္ရွိ ရလဒ္ေတြနဲ႔ ဖန္တီးေပးပို႔မႈေတြ ဆိုး႐ြားေနရျခင္းရဲ႕ အဓိက အေၾကာင္းရင္းျဖစ္တယ္လို႔ နည္းျပ မီခယ္လ္ အာတီတာက သုံးရက္တစ္ပြဲ ကစားရတဲ့ အေျခအေနကို လက္ညႇိဳးထိုးသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ လက္ရွိျပႆနာက ေသာမတ္စ္ ပါေတး မပါဝင္ႏိုင္ခ်ိန္မွာ ဂရာနစ္ ခ်ာကာနဲ႔ ဒါနီ စီဘာေယာ့စ့္တို႔ ႏွစ္ဦးစလုံးက ကြင္းလယ္ကို မထိန္းခ်ဳပ္ႏိုင္တာနဲ႔ ဖန္တီးေပးပို႔မႈေတြ မလုပ္ႏိုင္တာျဖစ္ေၾကာင္း အီယန္႐ိုက္ ၫႊန္ျပ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္က အာဆင္နယ္အသင္းအေနနဲ႔ အသင္းႀကီးတစ္သင္းမပီသဘဲ အားနည္းလြန္းေနခဲ့သလို ဂိုးေတြ မရရွိတာကလည္း သူတို႔ေတြရဲ႕ ယုံၾကည္မႈ ပ်က္ယြင္းေနတဲ့ ျပယုဂ္တစ္ခုလို႔ ေဝဖန္သြားခဲ့။

– နီကိုလာ ေပေပနဲ႔ အလက္ဇန္းဒါး လာကာဇက္တို႔အေနနဲ႔ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ သြင္းဂိုးေတြအေပၚ မွီခိုေနရတဲ့ အာဆင္နယ္အသင္းကို ကူညီကယ္တင္ႏိုင္ဖို႔ ႀကိဳးစားသင့္ေၾကာင္း စကိုင္းပို႔စ္ရဲ႕ ရီယို ဖာဒီနန္ တိုက္တြန္း။

– စပါးစ္အသင္းကို ျပန္လည္ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ေမာ္ရင္ညိဳရဲ႕ ပယ္ခ်ျခင္းခံခဲ့ရတဲ့ ခရစၥတီယန္ အဲရစ္ဆန္ကို အင္တာမီလန္ အသင္းကေန ေခၚယူႏိုင္ဖို႔ အာဆင္နယ္နဲ႔ ပရီးမီးယားအသင္းတစ္သင္းက စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာ။

– အက္စ္တန္ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မွာ ရရွိသြားခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးရဲ႕ ဒဏ္ရာဟာ ထင္တာထက္ ဆိုး႐ြားခဲ့ၿပီး ျပန္မကစားႏိုင္ေသးဘဲ ေနာက္ထပ္ ပြဲအနည္းငယ္ ထပ္မံအနားယူရမယ္လို႔ အသင္းထုတ္ျပန္ခဲ့ရာမွာ သူ႔လို ႏွစ္ပတ္ထက္ ပိုမနားဖူးတဲ့ ကစားသမားမ်ိဳးကို ႏွစ္လေလာက္ ေပ်ာက္ဆုံးေစတဲ့ အသင္းေဆးအဖြဲ႕ကို ပရိသတ္ေတြ ေလွာင္ေျပာင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.