Premier League Transfer News

1 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု

– အက်ဖ်အေဖလားရဲ့ တတိယအဆင့်မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်တန်းဆင်း ချန်ပီယံရှစ်ကလပ် ဝတ်ဖို့ဒ်နဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားရဖို့ ရေးဆွဲခံခဲ့ရ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို အသင်းရဲ့ ထက်မြက်မှုနည်းပါးနေတဲ့ တောင်ပံတိုက်စစ်အတွက် အားဖြည့်သွားဖို့ စီစဉ်နေပြီး ဆွေးနွေးမှုတွေ စတင်နေပြီလို့ စပိန်အသိုင်းအဝိုင်း ဖော်ပြ။

– အသင်းရဲ့ ဝါရင့် ဥရုဂွေးတိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီး နိုင်ပွဲရှာဖွေပေးခဲ့အပြီးမှာ ပရိသတ်တွေအပြင် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကပါ အမြန်ဆုံးပွဲထွက်အဖြစ် ထည့်သွင်းဖို့ တောင်းဆို။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက် သတင်းကောင်းအဖြစ် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး မော်ရို အီကာဒီနဲ့ ကွင်းလယ်လူ ပါဘလို ဆာရားဘီးယားတို့နှစ်ဦးဟာ ဒဏ်ရာကြောင့် အိုးလ်ထရက်ဖို့ဒ်ကို လိုက်ပါလာနိုင်မှာ မဟုတ်ကြောင်း သိရ။

– ခံစစ်ပိုင်း ကောင်းမွန်ပေမယ့် တိုက်စစ်လိုက်ပါမှုတွေမှာ အားနည်းပြီး ညာခြမ်းမှာ တောင်ပံကစားသမားတစ်ဦးတည်း ကစားရသလိုမျိုး မကြာခဏဖြစ်နေစေခဲ့တဲ့ နောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာနဲ့ အပြောင်းအလဲပြုလုပ်ကစားနိုင်ဖို့ ဘက်တစ်မှာ အငှားကစားနေတဲ့ ဘာစီလိုနာရဲ့ အီမာဆန် ရွိုင်ရယ်လ်ကို ခေါ်ယူဖို့ ယူနိုက်တက် ကြိုးစားဖွယ်ရှိ။

– တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီဟာ သူတွဲဖက်ကစားဖူးခဲ့သမျှ အသင်းဖော်တွေထဲမှာ အကောင်းဆုံးလို့ ဆောက်သမ်တန်နဲ့ အဝေးကွင်းနိုင်ပွဲအပြီးမှာ နှစ်ဦးသားအတူ ခြေစွမ်းပြနိုင်ခဲ့အပြီးမှာ ဘရူနို ဖာနန်ဒက်စ် ထုတ်ဖော်ပြောကြား။

– ရင်းနေးအသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့် အီဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ် မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ သုံးသင်းကသာ အဓိက ယှဉ်ပြိုင်ရလိမ့်မယ်လို့ ဒေးလီးမေးလ် ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက္ဖ္ေအဖလားရဲ႕ တတိယအဆင့္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္တန္းဆင္း ခ်န္ပီယံရွစ္ကလပ္ ဝတ္ဖို႔ဒ္နဲ႔ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ ကစားရဖို႔ ေရးဆြဲခံခဲ့ရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဘာစီလိုနာအသင္းရဲ႕ ျပင္သစ္ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို အသင္းရဲ႕ ထက္ျမက္မႈနည္းပါးေနတဲ့ ေတာင္ပံတိုက္စစ္အတြက္ အားျဖည့္သြားဖို႔ စီစဥ္ေနၿပီး ေဆြးေႏြးမႈေတြ စတင္ေနၿပီလို႔ စပိန္အသိုင္းအဝိုင္း ေဖာ္ျပ။

– အသင္းရဲ႕ ဝါရင့္ ဥ႐ုေဂြးတိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ ေဆာက္သမ္တန္နဲ႔ပြဲမွာ ႏွစ္ဂိုးသြင္းၿပီး ႏိုင္ပြဲရွာေဖြေပးခဲ့အၿပီးမွာ ပရိသတ္ေတြအျပင္ တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္ကပါ အျမန္ဆုံးပြဲထြက္အျဖစ္ ထည့္သြင္းဖို႔ ေတာင္းဆို။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ သတင္းေကာင္းအျဖစ္ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္မႉး ေမာ္႐ို အီကာဒီနဲ႔ ကြင္းလယ္လူ ပါဘလို ဆာရားဘီးယားတို႔ႏွစ္ဦးဟာ ဒဏ္ရာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကို လိုက္ပါလာႏိုင္မွာ မဟုတ္ေၾကာင္း သိရ။

– ခံစစ္ပိုင္း ေကာင္းမြန္ေပမယ့္ တိုက္စစ္လိုက္ပါမႈေတြမွာ အားနည္းၿပီး ညာျခမ္းမွာ ေတာင္ပံကစားသမားတစ္ဦးတည္း ကစားရသလိုမ်ိဳး မၾကာခဏျဖစ္ေနေစခဲ့တဲ့ ေနာက္ခံလူ အာ႐ြန္ ဝန္ဘစ္ဆာကာနဲ႔ အေျပာင္းအလဲျပဳလုပ္ကစားႏိုင္ဖို႔ ဘက္တစ္မွာ အငွားကစားေနတဲ့ ဘာစီလိုနာရဲ႕ အီမာဆန္ ႐ြိဳင္ရယ္လ္ကို ေခၚယူဖို႔ ယူႏိုက္တက္ ႀကိဳးစားဖြယ္ရွိ။

– တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီဟာ သူတြဲဖက္ကစားဖူးခဲ့သမွ် အသင္းေဖာ္ေတြထဲမွာ အေကာင္းဆုံးလို႔ ေဆာက္သမ္တန္နဲ႔ အေဝးကြင္းႏိုင္ပြဲအၿပီးမွာ ႏွစ္ဦးသားအတူ ေျခစြမ္းျပႏိုင္ခဲ့အၿပီးမွာ ဘ႐ူႏို ဖာနန္ဒက္စ္ ထုတ္ေဖာ္ေျပာၾကား။

– ရင္းေနးအသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္ကြင္းလယ္ၾကယ္ပြင့္ အီဒူယာဒို ကာမာဗင္ဂါကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္ မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီတို႔ သုံးသင္းကသာ အဓိက ယွဥ္ၿပိဳင္ရလိမ့္မယ္လို႔ ေဒးလီးေမးလ္ ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.