Premier League





တစ်နေ့တာ ကရိုဏ်း




UNICODE: ၁.၁၂.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ အင်္ဂါနေ့၊ ပြဿဒါး။

တစ်နေ့တာ တိထီနှင့် ယုဂ်
ညနေ ၁၇:၅၁ အထိ တိထီ ၁ လုံး၊ ကျော်လျှင် ၂ လုံး။ ၁ လုံးတွင် အမြိတ္တယုဂ်နှင့် မတယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသော အလုပ်များရော ပြီးပြတ်ချုပ်ငြိမ်းသွားစေလိုသည့် အလုပ်များပါ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
နံနက် ၉:၂၉ အထိ ရောဟိဏီနက္ခတ်၊ ကျော်လျှင် မိဂသီနက္ခတ်။ နံနက် ၁၂:၀၆ အထိ သိဒ္ဓယုဂ်၊ ပြည့်စုံခြင်း၊ ကျွမ်းကျင်စွာဖြင့် အောင်မြင်ခြင်း၊ ဆန္ဒရှိသည့် အရာများအား စူးစိုက်လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သာဓျယုဂ်၊ အကြံဉာဏ်ကောင်းရခြင်း၊ အောင်မြင်ခြင်း၊ အဆက်အသွယ်ကောင်း ရရှိခြင်းတို့ကြောင့် အကျိုးအမြတ် အခွင့်အလမ်းများ ပွင့်လန်းမည်။

တစ်နေ့တာ ကရိုဏ်း
ညနေ ၁၇:၅၁ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၆:၃၉ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
ညနေ ၁၇:၅၁ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)