Premier League

အရန်ခုံက ထလာတဲ့ ကာဗာနီ ယူနိုက်တက်ကို ဘယ်လိုအကျိုးပြုခဲ့ပြီး ဘာတွေလုပ်ခဲ့လဲ

ပြီးခဲ့တဲ့ညက သူတော်စင်နဲ့ နတ်ဆိုးတို့ရဲ့ စီးချင်းထိုးပွဲမှာ ကာဗာနီက ပထမပိုင်းမှာ အရန်ခုံမှာသာ ပရိသတ်လုပ်ပြီး ပွဲထိုင်ကြည့်နေခဲ့ရပါတယ်။ ပထမပိုင်းအပြီး ခရာမှုတ်ချိန်မှာ ယူနိုက်တက်တို့ ၂ ဂိုးရှုံးနေပါတယ်။ ဒုတိယပိုင်း ပွဲချိန်မှာတော့ သူတော်စင်တို့ ၃ ဂိုးပြန်ပေးရပြီး စိန့်မေရီကွင်းမှာ ကျဆုံးသွားခဲ့ပါတယ်။ အရန်ခုံကထလာတဲ့ ကာဗာနီ ယူနိုက်တက်ကို ဘယ်လိုအကျိုးပြုခဲ့ပြီး ဘာတွေလုပ်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

စောစောစီးစီး အခွင့်အရေး – ဒုတိယပိုင်းစပြီး ၁၁ မိနစ်မှာပဲ ကာဗာနီအတွက် အခွင့်အရေးက စောစောစီးစီး ရောက်ရှိလာခဲ့တယ်။ အပိုင်ကန်သွင်းခဲ့ပေမယ့် စိန့်နောက်ခံလူနဲ့ထိပြီး ဘားပေါ်ထောင်တက်သွားခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ မျှော်လင့်ချက်လင်းစေတဲ့ ဘရူနိုရဲ့ဂိုး – ပထမပိုင်းက ၂ ဂိုးအရှုံးကို နောက်ကနေ အသည်းအသန် လိုက်ကစားနေတဲ့ ယူနိုက်တက်တို့ ဂိုးတဂိုးကို အမှန်တကယ်လိုအပ်နေချိန်မှာ မျှော်လင့်ချက်လင်းစေခဲ့တာက ဘရူနိုရဲ့ သွင်းဂိုးပါ။ ဒီဂိုးကို ဖရက်ဒ်နဲ့ ဝမ်ဘစ်ဆာကာတို့ ဘောလုံးပြန်ဆယ်ပြီး ကာဗာနီနဲ့ တွဲခဲ့ရာမှာ ကာဗာနီက ပြိုင်ဘက်ဧရိယာထဲ အသင့်ချောင်းမြောင်းနေတဲ့ ဘရူနိုဆီ သေချာပေါက် လမ်းကြောင်းတွက်ပြီး ခင်းပေးသွားခဲ့တာပါ။

ဂိုးရဖို့ နီးစပ်ခဲ့ပြန် – ချေပဂိုး နောက်တဂိုးရဖို့ ဖိကစားလာတဲ့ ယူနိုက်တက်ရဲ့တိုက်စစ်ဖန်တီးမှုမှာ ဝမ်ဘစ်ဆာကာရဲ့ ရှားရှားပါးပါး ဖြတ်တင်ဘောက ကာဗာနီရဲ့ခေါင်းပေါ် တည့်တည့်ရောက်ခဲ့ပြီး အဝေးထောင့်ကို အားထည့်တိုက်ခဲ့ပေမယ့် တိုင်နားက ကပ်ထွက်သွားခဲ့ပါတယ်။

ဒုတိယချေပဂိုး – ၇၄ မိနစ်မှာ ကာဗာနီပြသခဲ့တာက ကမ္ဘာ့အဆင့် တိုက်စစ်မှူးတယောက်ရဲ့ နေရာယူမှုအမြင်နဲ့ ချိန်သားကိုက်တွက်ဆနိုင်မှုပါပဲ။ တဲလက်စ်ရဲ့ ထောင့်ကန်ဘာကနေတဆင့် ပြန်ရလာတဲ့ ဘောလုံးကို စိန့်ရဲ့ အန္တရာယ်ဇုန်ထိပ်ကနေ ဘရူနို အပြင်းကန်သွင်းပြီး ဒီကန်ချက်က ကာဗာနီရဲ့ လမ်းကြောင်းတွက်ဆမှုအတိုင်း ကွက်တိဖြစ်ခဲ့လို့ ကာဗာနီအတွက် ကွက်တိပြေးထွက်ပြီး အနိမ့်ဘော ခေါင်းတိုက်သွင်းခဲ့ပါတယ်။

အဖိုးတန် အနိုင်ဂိုး – သိပ်အရေးပါတဲ့ ခေါင်းတိုက်ဂိုးကို သွင်းယူပြီး နာကျင်အချိန်ပိုမှာ အဖိုးတန်အနိုင်ဂိုးနဲ့ ၃ မှတ်စုဆောင်းပေးသွားခဲ့တဲ့ ကာဗာနီက သူ့ Trademark အတိုင်း ကစားသွားခဲ့ပါတယ်။ ပြိုင်ဘက်ခံစစ်ကို အရူးလုပ်ပြီး နေရာလွတ်ကျယ်ကျယ်ယူတတ်တဲ့ ကာဗာနီက ခြောက်ကိုက်စည်းတဲ့ ရက်ရှ်ဖို့ဒ် အတိအကျ ဖြတ်တင်ပေးလာတဲ့ ဘောလုံးကို သူ ကြိုတင်တွက်ဆထားတဲ့အတိုင်း ခေါင်းတိုက်ယူသွားခဲ့တာပါ။

ယူနိုက်တက်မှာ ပျောက်ဆုံးနေတဲ့အရာ – ဟုတ်ပါတယ်။ အီဘရာမိုဗစ်ချ်နဲ့ လူကာကူနောက်ပိုင်း ယူနိုက်တက်မှာ ပျောက်ဆုံးနေတဲ့အရာက အထောင်တိုက်စစ်မှူးစစ်စစ်ပါပဲ။ ဒီထက်ပိုရရင် ပါးနပ်ဖျတ်လတ်ပြီး အရွေ့၊ အလှုပ်၊ အတိုး၊ ခွန်အား၊ တိုက်စစ်ဦးဆောင်မှုနဲဲ့ တိကျသေချာတဲ့ အဆုံးသတ်မှုတွေ ပေါင်းစပ်ပြည့်ဝနေတဲ့ ကမ္ဘာ့အဆင့် အထောင်တိုက်စစ်မှူးစစ်စစ်၊ သွေးဆာနေတဲ့ နတ်ဆိုးတကောင်လို ဂိုးအမြဲဆာလောင်နေတဲ့ ဂိုးမုဆိုးတဦးပါပဲ။ အဲ့ဒါက ကာဗာနီပါပဲလို့ ဒါကို သူကြေငြာသွားခဲ့တာ ဖြစ်ပါတယ်။

REF: SKYSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက သူေတာ္စင္နဲ႕ နတ္ဆိုးတို႔ရဲ႕ စီးခ်င္းထိုးပြဲမွာ ကာဗာနီက ပထမပိုင္းမွာ အရန္ခုံမွာသာ ပရိသတ္လုပ္ၿပီး ပြဲထိုင္ၾကည့္ေနခဲ့ရပါတယ္။ ပထမပိုင္းအၿပီး ခရာမႈတ္ခ်ိန္မွာ ယူနိုက္တက္တို႔ ၂ ဂိုးရႈံးေနပါတယ္။ ဒုတိယပိုင္း ပြဲခ်ိန္မွာေတာ့ သူေတာ္စင္တို႔ ၃ ဂိုးျပန္ေပးရၿပီး စိန့္ေမရီကြင္းမွာ က်ဆဳံးသြားခဲ့ပါတယ္။ အရန္ခုံကထလာတဲ့ ကာဗာနီ ယူနိုက္တက္ကို ဘယ္လိုအက်ိဳးျပဳခဲ့ၿပီး ဘာေတြလုပ္ခဲ့လဲဆိုတာ စိတ္ဝင္စားစရာေကာင္းပါတယ္။

ေစာေစာစီးစီး အခြင့္အေရး – ဒုတိယပိုင္းစၿပီး ၁၁ မိနစ္မွာပဲ ကာဗာနီအတြက္ အခြင့္အေရးက ေစာေစာစီးစီး ေရာက္ရွိလာခဲ့တယ္။ အပိုင္ကန္သြင္းခဲ့ေပမယ့္ စိန့္ေနာက္ခံလူနဲ႕ထိၿပီး ဘားေပၚေထာင္တက္သြားခဲ့လို႔ ယူနိုက္တက္တို႔ နစ္နာခဲ့ပါတယ္။

ယူနိုက္တက္ရဲ႕ ေမွ်ာ္လင့္ခ်က္လင္းေစတဲ့ ဘ႐ူနိုရဲ႕ဂိုး – ပထမပိုင္းက ၂ ဂိုးအရႈံးကို ေနာက္ကေန အသည္းအသန္ လိုက္ကစားေနတဲ့ ယူနိုက္တက္တို႔ ဂိုးတဂိုးကို အမွန္တကယ္လိုအပ္ေနခ်ိန္မွာ ေမွ်ာ္လင့္ခ်က္လင္းေစခဲ့တာက ဘ႐ူနိုရဲ႕ သြင္းဂိုးပါ။ ဒီဂိုးကို ဖရက္ဒ္နဲ႕ ဝမ္ဘစ္ဆာကာတို႔ ေဘာလုံးျပန္ဆယ္ၿပီး ကာဗာနီနဲ႕ တြဲခဲ့ရာမွာ ကာဗာနီက ၿပိဳင္ဘက္ဧရိယာထဲ အသင့္ေခ်ာင္းေျမာင္းေနတဲ့ ဘ႐ူနိုဆီ ေသခ်ာေပါက္ လမ္းေၾကာင္းတြက္ၿပီး ခင္းေပးသြားခဲ့တာပါ။

ဂိုးရဖို႔ နီးစပ္ခဲ့ျပန္ – ေခ်ပဂိုး ေနာက္တဂိုးရဖို႔ ဖိကစားလာတဲ့ ယူနိုက္တက္ရဲ႕တိုက္စစ္ဖန္တီးမႈမွာ ဝမ္ဘစ္ဆာကာရဲ႕ ရွားရွားပါးပါး ျဖတ္တင္ေဘာက ကာဗာနီရဲ႕ေခါင္းေပၚ တည့္တည့္ေရာက္ခဲ့ၿပီး အေဝးေထာင့္ကို အားထည့္တိုက္ခဲ့ေပမယ့္ တိုင္နားက ကပ္ထြက္သြားခဲ့ပါတယ္။

ဒုတိယေခ်ပဂိုး – ၇၄ မိနစ္မွာ ကာဗာနီျပသခဲ့တာက ကမၻာ့အဆင့္ တိုက္စစ္မႉးတေယာက္ရဲ႕ ေနရာယူမႈအျမင္နဲ႕ ခ်ိန္သားကိုက္တြက္ဆနိုင္မႈပါပဲ။ တဲလက္စ္ရဲ႕ ေထာင့္ကန္ဘာကေနတဆင့္ ျပန္ရလာတဲ့ ေဘာလုံးကို စိန့္ရဲ႕ အႏၱရာယ္ဇုန္ထိပ္ကေန ဘ႐ူနို အျပင္းကန္သြင္းၿပီး ဒီကန္ခ်က္က ကာဗာနီရဲ႕ လမ္းေၾကာင္းတြက္ဆမႈအတိုင္း ကြက္တိျဖစ္ခဲ့လို႔ ကာဗာနီအတြက္ ကြက္တိေျပးထြက္ၿပီး အနိမ့္ေဘာ ေခါင္းတိုက္သြင္းခဲ့ပါတယ္။

အဖိုးတန္ အနိုင္ဂိုး – သိပ္အေရးပါတဲ့ ေခါင္းတိုက္ဂိုးကို သြင္းယူၿပီး နာက်င္အခ်ိန္ပိုမွာ အဖိုးတန္အနိုင္ဂိုးနဲ႕ ၃ မွတ္စုေဆာင္းေပးသြားခဲ့တဲ့ ကာဗာနီက သူ႕ Trademark အတိုင္း ကစားသြားခဲ့ပါတယ္။ ၿပိဳင္ဘက္ခံစစ္ကို အ႐ူးလုပ္ၿပီး ေနရာလြတ္က်ယ္က်ယ္ယူတတ္တဲ့ ကာဗာနီက ေျခာက္ကိုက္စည္းတဲ့ ရက္ရွ္ဖို႔ဒ္ အတိအက် ျဖတ္တင္ေပးလာတဲ့ ေဘာလုံးကို သူ ႀကိဳတင္တြက္ဆထားတဲ့အတိုင္း ေခါင္းတိုက္ယူသြားခဲ့တာပါ။

ယူနိုက္တက္မွာ ေပ်ာက္ဆုံးေနတဲ့အရာ – ဟုတ္ပါတယ္။ အီဘရာမိုဗစ္ခ်္နဲ႕ လူကာကူေနာက္ပိုင္း ယူနိုက္တက္မွာ ေပ်ာက္ဆုံးေနတဲ့အရာက အေထာင္တိုက္စစ္မႉးစစ္စစ္ပါပဲ။ ဒီထက္ပိုရရင္ ပါးနပ္ဖ်တ္လတ္ၿပီး အေ႐ြ႕၊ အလႈပ္၊ အတိုး၊ ခြန္အား၊ တိုက္စစ္ဦးေဆာင္မႈနဲဲ့ တိက်ေသခ်ာတဲ့ အဆုံးသတ္မႈေတြ ေပါင္းစပ္ျပည့္ဝေနတဲ့ ကမၻာ့အဆင့္ အေထာင္တိုက္စစ္မႉးစစ္စစ္၊ ေသြးဆာေနတဲ့ နတ္ဆိုးတေကာင္လို ဂိုးအၿမဲဆာေလာင္ေနတဲ့ ဂိုးမုဆိုးတဦးပါပဲ။ အဲ့ဒါက ကာဗာနီပါပဲလို႔ ဒါကို သူေၾကျငာသြားခဲ့တာ ျဖစ္ပါတယ္။

REF: SKYSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.