Premier League





တစ်နေ့တာ ကရိုဏ်း




UNICODE: ၃၀.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ တနင်္လာနေ့။

တစ်နေ့တာ တိထီနှင့် ယုဂ်
ညနေ ၁၅:၅၈ အထိ တိထီ ၁၅ လုံး၊ ကျော်လျှင် ၁ လုံး။ ၁၅ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
နံနက် ၇:၂၀ အထိ ကြတ္တိကာနက္ခတ်၊ ကျော်လျှင် ရောဟိဏီနက္ခတ်။ နံနက် ၁၁:၄၄ အထိ သီဝယုဂ်၊ မင်္ဂလာရှိခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း၊ မင်္ဂလာယူလိုသည့် အလုပ်များ၊ အခမ်းအနားများ၊ ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သိဒ္ဓယုဂ်၊ ပြည့်စုံခြင်း၊ ကျွမ်းကျင်စွာဖြင့် အောင်မြင်ခြင်း၊ ဆန္ဒရှိသည့် အရာများအား စူးစိုက်လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း
ညနေ ၁၅:၅၈ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ နံနက် ၄:၅၇ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများလုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
ညနေ ၁၅:၅၈ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)