Premier League

နည်းပြရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရွံနေမှာမဟုတ်ဘူးလို့ ​ပြောလာတဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အသင်းရဲ့ အဆိုးရွားဆုံး ရာသီအစရလဒ်ကို လက်ခံခဲ့ရတဲ့နောက် နည်းပြ အာတီတာဟာ အသင်းတာဝန်ရှိသူတွေ ဘယ်လို ဆုံးဖြတ်ချက်မျိုး ချမှတ်သည်ဖြစ်စေ လိုက်နာသွားမယ်လို့ သိရပါတယ်။

ဝုဗ်အသင်းကို အမ်းမရိတ်မြေမှာ ရှုံးနိမ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၁၄ ကို ကျဆင်းခဲ့တာဖြစ်ပြီး အာတီတာဟာ လက်ရှိအာဆင်နယ်ရဲ့ ဆိုးရွားတဲ့အခြေအနေကို အပြည့်အဝတာဝန်ယူလက်ခံကြောင်း သိရသလို နည်းပြနေရာက ထုတ်ပယ်ခံရမှာကို စိုးရိမ်နေမှာမဟုတ်ကြောင်း ဝုဗ်နဲ့ပွဲအပြီးမှာ ပြောပြသွားခဲ့ပါတယ်။

ရာသီအစ ၁၀ ပွဲမှာ အသင်းရဲ့ ပရီးမီးယားလိဂ်တလျှောက် အဆိုးရွားဆုံး တာထွက်ရလဒ်ကို ပိုင်ဆိုင်ခဲ့ရတဲ့ အာတီတာအတွက် ဥပမာအဖြစ် အူနိုင်း အမ်မရီဟာလည်း ပြီးခဲ့တဲ့နှစ်က ဒီလိုပွဲကျပ်ကာလမှာ အဆင့် ၈ မှာသာရပ်တည်နိုင်ခဲ့လို့ ထုတ်ပယ်ခံခဲ့ရတဲ့ဖြစ်ရပ်လည်းရှိနေပြီး အာတီတာကတော့ ဒါကိုမမှုဘဲ အသင်းကို အခုထက်ပိုတိုးတက်လာအောင် လုပ်ဆောင်ဖို့သာ အာရုံစိုက်ထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။

နည်းပြအလုပ် စလုပ်မယ်ဆိုကတည်းက ကိုယ့်အသင်းကနေ တနေ့မှာ ထွက်ခွာရမယ်ဆိုတာ​ကို ကျွန်တော် နားလည်သိရှိထားပြီးသားပါ။ ဒီနေ့ စာချုပ်ချုပ်ပြီး မနက်ဖြန်အထုတ်ခံရတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။

ကျွန်တော်က ဒါကိုဂရုမစိုက်သလို စိတ်မပူပါဘူး။ ကျွန်တော့်အသင်းကို ပိုကောင်းအောင် ထုဆစ်ပြီး ကစားသမားတွေ အကောင်းဆုံးခြေစွမ်းပြနိုင်အောင် ကူညီပေးဖို့သာ အာရုံစိုက်ထားပါတယ်

“အိမ်ကွင်းမှာ ၃ ပွဲဆက် အရေးနိမ့်ခဲ့တာက တကယ်စိုးရွံ့စရာ ကိစ္စပါ။ ဒီအတွက် နည်းပြဖြစ်တဲ့ ကျွန်တော်တာဝန်ယူပါတယ်။ အသင်းက တိုးတက်ဖို့လိုနေပါတယ်။ အာဆင်နယ်ဆိုတဲ့ အဆင့်အတန်းကိုမီအောင် ကျွန်တော်မလုပ်ပြနိုင်သေးပါဘူးဆိုတာ ထင်ရှားနေပါတယ်။”လို့ အာတီတာက ရှင်းလင်းသွားခဲ့ပါတယ်။

ဒါ့အပြင် နောက်ဆုံးသတင်းတွေအရ ဗီလာနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ သောမတ်ပါတေးဟာ အာဆင်နယ်အသင်းမှာ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ဘဲ စပါးနဲ့ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဥ်တင်မက နောက်လမှာ ကစားမယ့် ဘန်လေ၊ ဆောက်သမ်တန်နဲ့ အဲဗာတန်တို့နဲ့ပွဲတွေကိုပါ လွဲချော်သွားဖို့ ရှိနေပါတယ်။

REF: TALKSPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ဝုဗ္အသင္းကို ရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အသင္းရဲ႕ အဆိုး႐ြားဆုံး ရာသီအစရလဒ္ကို လက္ခံခဲ့ရတဲ့ေနာက္ နည္းျပ အာတီတာဟာ အသင္းတာဝန္ရွိသူေတြ ဘယ္လို ဆုံးျဖတ္ခ်က္မ်ိဳး ခ်မွတ္သည္ျဖစ္ေစ လိုက္နာသြားမယ္လို႔ သိရပါတယ္။

ဝုဗ္အသင္းကို အမ္းမရိတ္ေျမမွာ ရႈံးနိမ္ခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းဟာ အမွတ္ေပးဇယား အဆင့္ ၁၄ ကို က်ဆင္းခဲ့တာျဖစ္ၿပီး အာတီတာဟာ လက္ရွိအာဆင္နယ္ရဲ႕ ဆိုး႐ြားတဲ့အေျခအေနကို အျပည့္အဝတာဝန္ယူလက္ခံေၾကာင္း သိရသလို နည္းျပေနရာက ထုတ္ပယ္ခံရမွာကို စိုးရိမ္ေနမွာမဟုတ္ေၾကာင္း ဝုဗ္နဲ႔ပြဲအၿပီးမွာ ေျပာျပသြားခဲ့ပါတယ္။

ရာသီအစ ၁၀ ပြဲမွာ အသင္းရဲ႕ ပရီးမီးယားလိဂ္တေလွ်ာက္ အဆိုး႐ြားဆုံး တာထြက္ရလဒ္ကို ပိုင္ဆိုင္ခဲ့ရတဲ့ အာတီတာအတြက္ ဥပမာအျဖစ္ အူႏိုင္း အမ္မရီဟာလည္း ၿပီးခဲ့တဲ့ႏွစ္က ဒီလိုပြဲက်ပ္ကာလမွာ အဆင့္ ၈ မွာသာရပ္တည္ႏိုင္ခဲ့လို႔ ထုတ္ပယ္ခံခဲ့ရတဲ့ျဖစ္ရပ္လည္းရွိေနၿပီး အာတီတာကေတာ့ ဒါကိုမမႈဘဲ အသင္းကို အခုထက္ပိုတိုးတက္လာေအာင္ လုပ္ေဆာင္ဖို႔သာ အာ႐ုံစိုက္ထားေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

နည္းျပအလုပ္ စလုပ္မယ္ဆိုကတည္းက ကိုယ့္အသင္းကေန တေန႔မွာ ထြက္ခြာရမယ္ဆိုတာ​ကို ကြၽန္ေတာ္ နားလည္သိရွိထားၿပီးသားပါ။ ဒီေန႔ စာခ်ဳပ္ခ်ဳပ္ၿပီး မနက္ျဖန္အထုတ္ခံရတာလည္း ျဖစ္ႏိုင္တာပဲ မဟုတ္လား။

ကြၽန္ေတာ္က ဒါကိုဂ႐ုမစိုက္သလို စိတ္မပူပါဘူး။ ကြၽန္ေတာ့္အသင္းကို ပိုေကာင္းေအာင္ ထုဆစ္ၿပီး ကစားသမားေတြ အေကာင္းဆုံးေျခစြမ္းျပႏိုင္ေအာင္ ကူညီေပးဖို႔သာ အာ႐ုံစိုက္ထားပါတယ္

“အိမ္ကြင္းမွာ ၃ ပြဲဆက္ အေရးနိမ့္ခဲ့တာက တကယ္စိုး႐ြံ႕စရာ ကိစၥပါ။ ဒီအတြက္ နည္းျပျဖစ္တဲ့ ကြၽန္ေတာ္တာဝန္ယူပါတယ္။ အသင္းက တိုးတက္ဖို႔လိုေနပါတယ္။ အာဆင္နယ္ဆိုတဲ့ အဆင့္အတန္းကိုမီေအာင္ ကြၽန္ေတာ္မလုပ္ျပႏိုင္ေသးပါဘူးဆိုတာ ထင္ရွားေနပါတယ္။”လို႔ အာတီတာက ရွင္းလင္းသြားခဲ့ပါတယ္။

ဒါ့အျပင္ ေနာက္ဆုံးသတင္းေတြအရ ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ေသာမတ္ပါေတးဟာ အာဆင္နယ္အသင္းမွာ ပါဝင္ကစားႏိုင္ဦးမွာ မဟုတ္ဘဲ စပါးနဲ႔ကစားမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္တင္မက ေနာက္လမွာ ကစားမယ့္ ဘန္ေလ၊ ေဆာက္သမ္တန္နဲ႔ အဲဗာတန္တို႔နဲ႔ပြဲေတြကိုပါ လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။

REF: TALKSPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

နည္းျပရာထူးကေန ထုတ္ပယ္ခံရမွာကို စိုး႐ြံေနမွာမဟုတ္ဘူးလို႔ ​ေျပာလာတဲ့ အာတီတာ