Premier League Transfer News

30 Nov ညနေခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းအနေနဲ့ တော့တင်ဟမ်နဲ့ပွဲမှာ ပိုကောင်းတဲ့အသင်းဖြစ်တယ်လို့ ရွိုင်းကီးန်သုံးသပ်ခဲ့ပြီး ဒုတိယပိုင်းမှာ အပိုင်အခွင့်အရေးတွေကို လွှင့်ပစ်ပြီး ဖြုန်းတီးပစ်ခဲ့တာက စိတ်ပျက်စရာကောင်းကြောင်းပြောကြား။

အခွင့်အရေး ၃ ကြိမ်ကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့ တန်မီအေဘရာဟမ်ဟာ ကိုယ့်ကိုကိုယ်ဟုတ်လှပြီ ထင်မနေဘဲ အခုထက် ပိုတိုးတက်အောင်လုပ်သင့်တယ်လို့ တိုက်စစ်မှူးဟောင်း ဟက်ဆယ်လ်ဘိန့်ခ်က ဝေဖန်သွားခဲ့ပြီး သူဟာ ပြီးခဲ့တဲ့ ပွဲတွေက ပုံစံတွေကို ပြန်ကြည့်ဖို့ကောင်းကြောင်းဆို။

၂၀၀၄ ခုနှစ်၊ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ်က စပါးနဲ့ရင်ဆိုင်ခဲ့တဲ့ မော်ရင်ညိုဟာ စပါးအသင်းက ဂိုးရှေ့မှာ ဘတ်စ်ကားတစီး ထိုးရပ်ထားသလို ပိတ်ဆော့နေပြီး သရေတစ်မှတ်ယူဖို့ ဘောလုံးကစားတာဟာ ရှက်ဖို့ကောင်းကြောင်း ထိုးနှက်ခဲ့ဖူးပေမယ့် လမ်းပတ်ကတော့ ပြီးခဲ့တဲ့ညက ခံစစ်ပိတ်ဆော့သွားခဲ့တဲ့ မော်ရင်ညိုရဲ့ ကစားကွက်ကို ဝေဖန်ဖို့ ငြင်းဆန်သွားခဲ့။

စပါးနဲ့ပွဲဟာ တချက်မှ အမှားမခံဘဲ အန္တရာယ်ကြီးခဲ့ကြောင်း ဘန်ချေးလ်ဝဲလ်က ဝန်ခံသွားခဲ့ပြီး ပေးဂိုးမရှိစံချိန် ဆက်ထိန်းနိုင်ခဲ့တာ ဂုဏ်ယူကြောင်း ပြောကြားခဲ့သလို ပွဲချိန်အတွင်းမှာ ရရှိသွားခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကလည်း တစ်စုံတစ်ရာ စိုးရိမ်စရာမရှိဘဲ ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အဆင်ပြေကြောင်းဆို။

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းမှာ နေရာပုံမှန်မရတဲ့ လူငယ်နောက်ခံလူ ဖီကာယို တိုမိုရီကို လာမယ့် ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေပြီး ကစားသမားနဲ့ အသင်းဘက်ကလည်း တိုးတက်မှုအတွက် လက်ခံသွားဖို့များနေ။

မိမိတို့တိုက်စစ်ကို ရှိန်ပြီး ကြောက်ရွံ့နေတဲ့ ချယ်လ်ဆီးအသင်းကသာ ခံစစ်ကို အဓိက ကစားခဲ့တာဖြစ်ကြောင်း မော်ရင်ညိုက အံ့အားသင့်ဖွယ် မှတ်ချက်ကို ပေးသွားခဲ့ပြီး စပါးကို စိုးရွံ့နေလို့ ဂိုးမပေးရအောင် ဦးတည်ကစားခဲ့ကြောင်း ထုတ်ဖော်ခဲ့။

ချဲလ်ဆီးတိုက်စစ်မှူးတွေမှာ မှော်ဆန်ဆန် အဆုံးသတ်နိုင်ဖို့ အင်အားအနည်းငယ်လိုအပ်နေပြီး ခက်ခဲတဲ့ ပွဲတွေမှာ ပိုမိုရလဒ်ကောင်းအောင် ကြိုးစားသင့်တယ်လို့ စပါးစ်နဲ့ပွဲက ကျည်ဆန်မထွက်ခဲ့တဲ့ ရှေ့တန်းလူတွေကို နည်းပြ လမ်းပတ် အားပေးတိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းအေနနဲ႕ ေတာ့တင္ဟမ္နဲ႕ပြဲမွာ ပိုေကာင္းတဲ့အသင္းျဖစ္တယ္လို႔ ရြဳိင္းကီးန္သုံးသပ္ခဲ့ၿပီး ဒုတိယပိုင္းမွာ အပိုင္အခြင့္အေရးေတြကို လႊင့္ပစ္ၿပီး ျဖဳန္းတီးပစ္ခဲ့တာက စိတ္ပ်က္စရာေကာင္းေၾကာင္းေျပာၾကား။

အခြင့္အေရး ၃ ႀကိမ္ကို ဂိုးအျဖစ္ မေျပာင္းလဲနိုင္ခဲ့တဲ့ တန္မီေအဘရာဟမ္ဟာ ကိုယ့္ကိုကိုယ္ဟုတ္လွၿပီ ထင္မေနဘဲ အခုထက္ ပိုတိုးတက္ေအာင္လုပ္သင့္တယ္လို႔ တိုက္စစ္မွဴးေဟာင္း ဟက္ဆယ္လ္ဘိန္႔ခ္က ေဝဖန္သြားခဲ့ၿပီး သူဟာ ၿပီးခဲ့တဲ့ ပြဲေတြက ပုံစံေတြကို ျပန္ၾကည့္ဖို႔ေကာင္းေၾကာင္းဆို။

၂၀၀၄ ခုႏွစ္၊ ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္စဥ္က စပါးနဲ႕ရင္ဆိုင္ခဲ့တဲ့ ေမာ္ရင္ညိဳဟာ စပါးအသင္းက ဂိုးေရွ႕မွာ ဘတ္စ္ကားတစီး ထိုးရပ္ထားသလို ပိတ္ေဆာ့ေနၿပီး သေရတစ္မွတ္ယူဖို႔ ေဘာလုံးကစားတာဟာ ရွက္ဖို႔ေကာင္းေၾကာင္း ထိုးႏွက္ခဲ့ဖူးေပမယ့္ လမ္းပတ္ကေတာ့ ၿပီးခဲ့တဲ့ညက ခံစစ္ပိတ္ေဆာ့သြားခဲဲ့တဲ့ ေမာ္ရင္ညိဳရဲ႕ ကစားကြက္ကို ေဝဖန္ဖို႔ ျငင္းဆန္သြားခဲ့။

စပါးနဲ႕ပြဲဟာ တခ်က္မွ အမွားမခံဘဲ အႏၱရာယ္ႀကီးခဲ့ေၾကာင္း ဘန္ေခ်းလ္ဝဲလ္က ဝန္ခံသြားခဲ့ၿပီး ေပးဂိုးမရွိစံခ်ိန္ ဆက္ထိန္းနိုင္ခဲ့တာ ဂုဏ္ယူေၾကာင္း ေျပာၾကားခဲ့သလို ပြဲခ်ိန္အတြင္းမွာ ရရွိသြားခဲ့တဲ့ ေျခက်င္းဝတ္ဒဏ္ရာကလည္း တစ္စုံတစ္ရာ စိုးရိမ္စရာမရွိဘဲ ဆီဗီလာနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပါဝင္ႏုိင္ဖို႔ အဆင္ေျပေၾကာင္းဆို။

နယူးကာဆယ္လ္ယူႏုိက္တက္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ ေနရာပုံမွန္မရတဲ့ လူငယ္ေနာက္ခံလူ ဖီကာယို တုိမိုရီကို လာမယ့္ ဇန္နဝါရီမွာ အငွားနဲ႔ ေခၚယူဖို႔ ႀကဳိးစားဖြယ္ရွိေနၿပီး ကစားသမားနဲ႔ အသင္းဘက္ကလည္း တုိးတက္မွဳအတြက္ လက္ခံသြားဖို႔မ်ားေန။

မိမိတို႔တိုက္စစ္ကို ရွိန္ၿပီး ေၾကာက္႐ြံ႕ေနတဲ့ ခ်ယ္လ္ဆီးအသင္းကသာ ခံစစ္ကို အဓိက ကစားခဲ့တာျဖစ္ေၾကာင္း ေမာ္ရင္ညဳိက အံ့အားသင့္ဖြယ္ မွတ္ခ်က္ကို ေပးသြားခဲ့ၿပီး စပါးကို စိုး႐ြံ႕ေနလို႔ ဂိုးမေပးရေအာင္ ဦးတည္ကစားခဲ့ေၾကာင္း ထုတ္ေဖာ္ခဲ့။

ခ်ဲလ္ဆီးတိုက္စစ္မွဴးေတြမွာ ေမွာ္ဆန္ဆန္ အဆုံးသတ္ႏုိင္ဖို႔ အင္အားအနည္းငယ္လိုအပ္ေနၿပီး ခက္ခဲတဲ့ ပြဲေတြမွာ ပိုမိုရလဒ္ေကာင္းေအာင္ ႀကဳိးစားသင့္တယ္လို႔ စပါးစ္နဲ႔ပြဲက က်ည္ဆန္မထြက္ခဲ့တဲ့ ေရွ႕တန္းလူေတြကို နည္းျပ လမ္းပတ္ အားေပးတုိက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.