Premier League

30 Nov ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ဗဟိုနောက်ခံလူ တစ်ဒါဇင်လောက်နဲ့ သတင်းထွက်နေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီမှာ အိုင်းယက်စ်နောက်တန်းက အသက် ၂၁ နှစ်အရွယ် ဗဟိုခံစစ်မှူး ပါးရှူးစ်ကို ခေါ်ယူဖို့ တိုက်တွန်းခံထားရသလို အသင်းရဲ့ ပေါ်လစီနဲ့ ကိုက်ညီတဲ့ ဒီကစားသမားအတွက် ယူရိုသန်း ၃၀ (ပေါင် ၂၇ သန်း) အသုံးပြုသွားဖွယ်ရှိနေ။

ကစားသမား ၈ ဦးအထိ ဒဏ်ရာရထားတဲ့ လီဗာပူးလ်အသင်းဟာ ပေါင်သန်း ၃၃၀ တန်ဖိုးရှိ လူအင်အားကို လက်လွှတ်ဆုံးရှူံးထားရတာဖြစ်ပြီ အရေးကြီး ကစားသမားတွေ အမြန်ဆုံး ပြန်မကစားနိုင်မှာကို ကလော့ပ် အဓိကစိတ်ပူနေ။

သူ့ရဲ့ မိသားစုဟာ အန်းဖီးလ်နဲ့ လီဗာပူးလ်မြို့မှာ နေထိုင်ရတာကို နှစ်နှစ်ကာကာ ချစ်ကျွမ်းဝင်နေပြီဖြစ်တာမို့ အသင်းမှာ ကာလကြာရှည်စွာ ဆက်လက်ရှိသွားဖို့ လိုလားနေတယ်လို့ အသင်းရဲ့ အမာခံ ဘယ်နောက်ခံလူ အန်ဒရူး ရောဘတ်ဆန် ပြောကြား။

အိုရီဂီဟာ နေရာမရတော့တဲ့ လီဗာပူးလ်ကို စွန့်ခွာပြီး လွတ်လွတ်လပ်လပ် ကစားခွင့်ရမယ့် လိဒ်စ်အသင်းထံ ပူးပေါင်းလိုက်ခြင်းက အသင့်တော်ဆုံးဖြစ်တယ်လို့ ကီဗင် ဖီးလစ်က အကြံပေးခဲ့ပြီး လာမယ့်ဇန်နဝါရီမှာ အမြန်ဆုံး ပြောင်းရွှေ့သင့်တယ်လို့ တွန်းအားပေး။

လီဗာပူးလ်ရဲ့ အနာဂတ်နည်းပြသစ်နေရာကို ဆက်ခံဖိုြ ပစ်မှတ်ထားခံရတဲ့ အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်း စတီဗင် ဂျရတ်ဟာ ရိန်းဂျားအသင်းနဲ့ ယူရိုပါလိဂ်မှာ အခြေအနေကောင်းနေပြီး ပြည်တွင်းလိဂ်မှာလည်း အမှတ်ပေးဇယားကို အပြတ်အသတ် ဦးဆောင်ထားကာ တိုက်စစ်ပိုင်း ကစားပုံမှာ နာမည်ကောင်းထွက်နေ။

အခက်အခဲတွေဟာ အသင်းကို အားမယုတ်စေဘဲ ပိုလို့ တောင့်တင်းသန်မာစေပြီး VAR ဆုံးဖြတ်ချက်အမှားတွေကြောင့် အသင်းရဲ့ခွန်အားကို အဆိုးသက်ရောက်မှုမခံဘူးလို့ စိတ်ဓာတ်ကျစရာ ဘရိုက်တန်နဲ့ရလဒ်အပြီးမှာ ဟန်ဒါဆန်ကြုံးဝါး။

ဂိုးသွင်းခြေတွေ့ပြီး အမြင်ဆုံးအဆင့် ခြေစွမ်းကို ရောက်ရှိနေတဲ့ ဒီယိုဂို ဂျိုတာကို အဓိကတိုက်စစ်မှူးအဖြစ် ဂိုးသွင်းစေပြီး ခြေစွမ်းကျဆင်းနေတဲ့ မိုဆာလားကို ဂျိူတာနောက်က ပံ့ပိုးပေးသူအဖြစ် ထားကစားဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို နည်းပြကလော့ပ် ချမှတ်သွားဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗဟိုေနာက္ခံလူ တစ္ဒါဇင္ေလာက္နဲ႔ သတင္းထြက္ေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဇန္နဝါရီမွာ အုိင္းယက္စ္ေနာက္တန္းက အသက္ ၂၁ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴး ပါးရွဴးစ္ကို ေခၚယူဖို႔ တုိက္တြန္းခံထားရသလို အသင္းရဲ႕ ေပၚလစီနဲ႔ ကိုက္ညီတဲ့ ဒီကစားသမားအတြက္ ယူ႐ိုသန္း ၃၀ (ေပါင္ ၂၇ သန္း) အသုံးျပဳသြားဖြယ္ရွိေန။

ကစားသမား ၈ ဦးအထိ ဒဏ္ရာရထားတဲ့ လီဗာပူးလ္အသင္းဟာ ေပါင္သန္း ၃၃၀ တန္ဖိုးရွိ လူအင္အားကို လက္လႊတ္ဆုံးရႉံးထားရတာျဖစ္ၿပီ အေရးႀကီး ကစားသမားေတြ အျမန္ဆုံး ျပန္မကစားနိုင္မွာကို ကေလာ့ပ္ အဓိကစိတ္ပူေန။

သူ႕ရဲ႕ မိသားစုဟာ အန္းဖီးလ္နဲ႔ လီဗာပူးလ္ၿမဳိ႕မွာ ေနထိုင္ရတာကို ႏွစ္ႏွစ္ကာကာ ခ်စ္ကၽြမ္းဝင္ေနၿပီျဖစ္တာမုိ႔ အသင္းမွာ ကာလၾကာရွည္စြာ ဆက္လက္ရွိသြားဖို႔ လိုလားေနတယ္လို႔ အသင္းရဲ႕ အမာခံ ဘယ္ေနာက္ခံလူ အန္ဒ႐ူး ေရာဘတ္ဆန္ ေျပာၾကား။

အိုရီဂီဟာ ေနရာမရေတာ့တဲ့ လီဗာပူးလ္ကို စြန့္ခြာၿပီး လြတ္လြတ္လပ္လပ္ ကစားခြင့္ရမယ့္ လိဒ္စ္အသင္းထံ ပူးေပါင္းလိုက္ျခင္းက အသင့္ေတာ္ဆုံးျဖစ္တယ္လို႔ ကီဗင္ ဖီးလစ္က အႀကံေပးခဲ့ၿပီး လာမယ့္ဇန္နဝါရီမွာ အျမန္ဆုံး ေျပာင္းေ႐ႊ႕သင့္တယ္လို႔ တြန္းအားေပး။

လီဗာပူးလ္ရဲ႕ အနာဂတ္နည္းျပသစ္ေနရာကို ဆက္ခံဖို​ျ ပစ္မွတ္ထားခံရတဲ့ အသင္းရဲ႕ ဂႏၳဝင္ ကစားသမားေဟာင္း စတီဗင္ ဂ်ရတ္ဟာ ရိန္းဂ်ားအသင္းနဲ႕ ယူရိုပါလိဂ္မွာ အေျခအေနေကာင္းေနၿပီး ျပည္တြင္းလိဂ္မွာလည္း အမွတ္ေပးဇယားကို အျပတ္အသတ္ ဦးေဆာင္ထားကာ တိုက္စစ္ပိုင္း ကစားပုံမွာ နာမည္ေကာင္းထြက္ေန။

အခက္အခဲေတြဟာ အသင္းကို အားမယုတ္ေစဘဲ ပိုလို႔ ေတာင့္တင္းသန္မာေစၿပီး VAR ဆုံးျဖတ္ခ်က္အမွားေတြေၾကာင့္ အသင္းရဲ႕ခြန္အားကို အဆိုးသက္ေရာက္မႈမခံဘူးလို႔ စိတ္ဓာတ္က်စရာ ဘရိုက္တန္နဲ႕ရလဒ္အၿပီးမွာ ဟန္ဒါဆန္ႀကဳံးဝါး။

ဂိုးသြင္း​ေျခေတြ႕ၿပီး အျမင္ဆုံးအဆင့္ ေျခစြမ္းကို ေရာက္ရွိေနတဲ့ ဒီယိုဂို ဂ်ိဳတာကို အဓိကတိုက္စစ္မႉးအျဖစ္ ဂိုးသြင္းေစၿပီး ေျခစြမ္းက်ဆင္းေနတဲ့ မိုဆာလားကို ဂ်ိဴတာေနာက္က ပံ့ပိုးေပးသူအျဖစ္ ထားကစားဖို႔ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ကို နည္းျပကေလာ့ပ္ ခ်မွတ္သြားဖြယ္ရွိ။ ​

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.