Premier League

ချယ်လ်ဆီး ၀-၀ စပါးပွဲအပြီး မှတ်မှတ်သားသား ဖြစ်ရပ် ၇ ချက်

နှစ်သင်းလုံးအတွက် မျှတတဲ့ သရေ
ဒါက နှစ်သင်းလုံး ကျေနပ်စရာ ဂိုးမရှိသရေ ရလဒ်ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ၆၀ ရာခိုင်နှုန်းအထိ ရယူပြီး စိုးမိုးကစားခဲ့ကာ တိုက်စစ်ပိုင်းမှာ ဂိုးပေါက် ၃ ကြိမ်တည့်ခဲ့ပြီး စပါးက တကြိမ်သာတည့်ခဲ့ပါတယ်။ တကယ်တမ်း ဒီပွဲမှာ နှစ်သင်းလုံးက ပြတ်သားတဲ့ အခွင့်အရေးမျိုး မရရှိခဲ့ဘဲ စပါးရဲ့တိုက်စစ်ကို ရပ်တန့်ပြခဲ့တဲ့ လမ်းပတ်ရဲ့ နည်းဗျူဟာပိုင်းက အမှတ်ပေးစရာကောင်းခဲ့သလို အဝေးကွင်းမှာ တမှတ်ယူနိုင်ခဲ့တဲ့ စပါးကတော့ ပိုပျော်ရွှင်ရတဲ့ အသင်းဖြစ်ခဲ့ပါတယ်။

ဂျိုးရိုဒွန်ရဲ့ စပါးပွဲဦးထွက်
စီးတီးနဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရခဲ့တဲ့ အဲလ်ဒါဝီးရဲလ်နေရာမှာ ဂျိုးရိုဒွန်ကို အစားထိုးပြီး ချယ်လ်ဆီးနဲ့ပွဲမှာ မော်ရင်ညိုက ကြီးကြီးမားမား စွန့်စားမှု ပြုလုပ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်သားဟာ စပါးအတွက် ပွဲဦးထွက်ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး အတွေ့အကြုံမရှိတဲ့ ဗဟိုခံစစ်မှူးကို ချယ်လ်ဆီးလို တိုက်စစ်ထိပ််ခေါင်အသင်းနဲ့ ရင်ဆိုင်စေခဲ့တာက ဘယ်သူမှ မမျှော်လင့်ထားတဲ့ ကိစ္စဖြစ်ပြီး သူက မော်ရင်ညိုရဲ့ ယုံကြည်မှုအတိုင်း ဒီပွဲရဲ့ အကောင်းဆုံးခံစစ်မှူးဖြစ်ခဲ့တာက ပိုပြီးအံ့သြစရာဖြစ်ခဲ့ပါတယ်။

သရေကို ပိုမျှော်ခဲ့တဲ့ လမ်းပတ်လေလား
လမ်းပတ်က တိုက်စစ်မှာ စွန့်စားဖို့ထက် စပါးတိုက်စစ်ကို ဂိုးမပေးရဖို့ ဦးတည်ကစားသွားခဲ့ပြီး ဒီပွဲက အားလုံးမျှော်လင့်ထားသလိုမျိုး ရင်ခုန်စရာ ရသမဲ့ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာစီးရချိန်မှာတောင် စပါးရဲ့ အချိန်မရွေး ဒုက္ခပေးသွားနိုင်တဲ့ တန်ပြန်တိုက်စစ်ကို ကြောက်ရွံ့နေဟန်နဲ့ သတိကြီးကြီးထားပြီး ကစားသွားတာကို မြင်ခဲ့ရပါတယ်။ ရင်ခုန်စရာ ချယ်လ်ဆီးတိုက်စစ်ပျောက်ဆုံးခဲ့လို့ သရေကို ပိုမျှော်ခဲ့တဲ့ လမ်းပတ်လို့သာ မှတ်ချက်ချရမှာပါ။

အပိုင်အခွင့်အရေးတွေကို နှစ်သင်းလုံး ဖြုန်းတီးခဲ့
ထင်သလောက် စိတ်လှုပ်ရှားမှုမပေးတဲ့ ဒီပွဲရဲ့ အရှိန်အမြင့်ဆုံးမိနစ်တွေမှာ အနိုင်သုံးမှတ်ကို အဆုံးအဖြတ်ပေးမယ့် အပိုင်အခွင့်အရေးတွေကို နှစ်သင်းလုံးက ပိုင်ဆိုင်ခွင့်တော့ ရခဲ့ကြပါတယ်။ ထူးခြားစွာပဲ နှစ်သင်းလုံးက ဖြုန်းတီးသွားကြတယ်။ ရိုဒွန်ရဲ့ အမှားတကြိမ်ကို ဂျီရူး အသုံးမချနိုင်ခဲ့သလို ဇူးမားရဲ့ လွဲချော်မှုကတဆင့် ​ရရှိလာတဲ့ စပါးရဲ့ အပိုင်အခွင့်အရေးကိုလည်း လိုဆယလ်ဆိုက ဖြုန်းတီးသွားခဲ့ပါတယ်။

ပွဲတွေ ဆက်တိုက်ကျပ်နေတဲ့ စပါး အခွင့်သာနေဆဲ
မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့အပြီးမှာ အာဆင်နယ်၊ ခရစ္စတယ်လ် ပဲလေ့စ်၊ လက်စတာ၊ လီဗာပူးလ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်သွားရတော့မယ့် စပါးဟာ တဖက်မှာလည်း ယူရိုပါလိဂ်အုပ်စုကျွတ်ဖို့ ရုန်းကန်ရမယ့်တာဝန်ရှိနေပြီး လက်ရှိမှာတော့ ပြည်တွင်း ပွဲကျပ်နှစ်ပွဲအပြီးမှာ လေးမှတ်ရယူပြီး အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာပွဲကျပ် ၆ ပွဲဆက်ကို မော်ရင်ညိုရဲ့ စပါး တုံ့ပြန်ရဦးမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်စိန်ခေါ်သူအဖြစ် သက်သေပြဖို့ ဒါတွေကို ကျော်ဖြတ်ပြဦးမှာပါ။

ပေးဂိုးမရှိ စံချိန်ရှင် မန်ဒီ
နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားတဲ့ ချယ်လ်ဆီးအသင်းမှာ အခရာအကျဆုံးဖြစ်နေတဲ့ ဂိုးသမားမန်ဒီဟာ လက်ရှိရာသီ ပရီးမီယားလိဂ်မှာ ပေးဂိုးမရှိ Clean Sheet အများဆုံးရထားတဲ့ ဂိုးသမားဖြစ်လာခဲ့ပါတယ်။ သူ ပါဝင်ခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲအထိ Clean Sheet ယူပြခဲ့ပြီး ဂိုးပေါက်ကာကွယ်မှု ၈၉ ရာခိုင်နှုန်းအထိ အောင်မြင်ထားခဲ့သလို ဒါဟာ ပရီးမီးယားလိဂ် ပွဲစဥ် ၁၀ အပြီး ဘယ်ဂိုးသမားထက်မဆို သာလွန်တဲ့စံချိန်ဖြစ်ပါတယ်။

ပြိုင်မြင်းမဟုတ်ဘဲ မြင်းပုလေးပါဆိုတဲ့ မော်ရင်ညို
အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပေမယ့် စပါးအသင်းဟာ ချန်ပီယံဆု စိန်ခေါ်သူစာရင်းထဲမှာ မပါဝင်ဘူးလို့ မော်ရင်ညိုနှိမ့်ချပြောသွားခဲ့မျိုးက မသိုးမသန့်တော့ ခံစားခဲ့ရပါတယ်။ စပါးဟာ ချန်ပီယံဆုကို ပြိုင်ပွဲထဲမှာ ပြိုင်မြင်းမဟုတ်ဘဲ မြင်းပုလေးသာဖြစ်တယ်လို့ ‘အောက်အသင်း’ ဖြစ်ကြောင်း သူ့ရဲ့ပြောဆိုမှုဟာ အကြံကြီးကြီး ကြံစည်နေပြီ ဆိုတဲ့ သဘောမျိုးဖြစ် ကျန်အသင်းကြီးတွေအတွက် ချန်ပီယံဆုအတွက် ပိုပြီးသတိထားစရာ ကောင်းလာတဲ့ အလားအလာကို တွက်ဆထားကြရမှာပါ။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႏွစ္သင္းလုံးအတြက္ မွ်တတဲ့ သေရ – ဒါက ႏွစ္သင္းလုံး ေက်နပ္စရာ ဂိုးမရွိသေရ ရလဒ္ျဖစ္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းက ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႕ ၆၀ ရာခိုင္ႏႈန္းအထိ ရယူၿပီး စိုးမိုးကစားခဲ့ကာ တိုက္စစ္ပိုင္းမွာ ဂိုးေပါက္ ၃ ႀကိမ္တည့္ခဲ့ၿပီး စပါးက တႀကိမ္သာတည့္ခဲ့ပါတယ္။ တကယ္တမ္း ဒီပြဲမွာ ႏွစ္သင္းလုံးက ျပတ္သားတဲ့ အခြင့္အေရးမ်ိဳး မရရွိခဲ့ဘဲ စပါးရဲ႕တိုက္စစ္ကို ရပ္တန့္ျပခဲ့တဲ့ လမ္းပတ္ရဲ႕ နည္းဗ်ဴဟာပိုင္းက အမွတ္ေပးစရာေကာင္းခဲ့သလို အေဝးကြင္းမွာ တမွတ္ယူနိုင္ခဲ့တဲ့ စပါးကေတာ့ ပိုေပ်ာ္႐ႊင္ရတဲ့ အသင္းျဖစ္ခဲ့ပါတယ္။

ဂ်ိဳးရိုဒြန္ရဲ႕ စပါးပြဲဦးထြက္ – စီးတီးနဲ႕ပြဲမွာ ေပါင္ၿခံဒဏ္ရာရခဲ့တဲ့ အဲလ္ဒါဝီးရဲလ္ေနရာမွာ ဂ်ိဳးရိုဒြန္ကို အစားထိုးၿပီး ခ်ယ္လ္ဆီးနဲ႕ပြဲမွာ ေမာ္ရင္ညိုက ႀကီးႀကီးမားမား စြန့္စားမႈ ျပဳလုပ္လာခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္သားဟာ စပါးအတြက္ ပြဲဦးထြက္ျပဳလုပ္နိုင္ခဲ့တာျဖစ္ၿပီး အေတြ႕အႀကဳံမရွိတဲ့ ဗဟိုခံစစ္မႉးကို ခ်ယ္လ္ဆီးလို တိုက္စစ္ထိပ္္ေခါင္အသင္းနဲ႕ ရင္ဆိုင္ေစခဲ့တာက ဘယ္သူမွ မေမွ်ာ္လင့္ထားတဲ့ ကိစၥျဖစ္ၿပီး သူက ေမာ္ရင္ညိုရဲ႕ ယုံၾကည္မႈအတိုင္း ဒီပြဲရဲ႕ အေကာင္းဆုံးခံစစ္မႉးျဖစ္ခဲ့တာက ပိုၿပီးအံ့ၾသစရာျဖစ္ခဲ့ပါတယ္။

သေရကို ပိုေမွ်ာ္ခဲ့တဲ့ လမ္းပတ္ေလလား – လမ္းပတ္က တိုက္စစ္မွာ စြန့္စားဖို႔ထက္ စပါးတိုက္စစ္ကို ဂိုးမေပးရဖို႔ ဦးတည္ကစားသြားခဲ့ၿပီး ဒီပြဲက အားလုံးေမွ်ာ္လင့္ထားသလိုမ်ိဳး ရင္ခုန္စရာ ရသမဲ့ခဲ့ပါတယ္။ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရခ်ိန္မွာေတာင္ စပါးရဲ႕ အခ်ိန္မေ႐ြး ဒုကၡေပးသြားနိုင္တဲ့ တန္ျပန္တိုက္စစ္ကို ေၾကာက္႐ြံ႕ေနဟန္နဲ႕ သတိႀကီးႀကီးထားၿပီး ကစားသြားတာကို ျမင္ခဲ့ရပါတယ္။ ရင္ခုန္စရာ ခ်ယ္လ္ဆီးတိုက္စစ္ေပ်ာက္ဆုံးခဲ့လို႔ သေရကို ပိုေမွ်ာ္ခဲ့တဲ့ လမ္းပတ္လို႔သာ မွတ္ခ်က္ခ်ရမွာပါ။

အပိုင္အခြင့္အေရးေတြကို ႏွစ္သင္းလုံး ျဖဳန္းတီးခဲ့ – ထင္သေလာက္ စိတ္လႈပ္ရွားမႈမေပးတဲ့ ဒီပြဲရဲ႕ အရွိန္အျမင့္ဆုံးမိနစ္ေတြမွာ အနိုင္သုံးမွတ္ကို အဆုံးအျဖတ္ေပးမယ့္ အပိုင္အခြင့္အေရးေတြကို ႏွစ္သင္းလုံးက ပိုင္ဆိုင္ခြင့္ေတာ့ ရခဲ့ၾကပါတယ္။ ထူးျခားစြာပဲ ႏွစ္သင္းလုံးက ျဖဳန္းတီးသြားၾကတယ္။ ရိုဒြန္ရဲ႕ အမွားတႀကိမ္ကို ဂ်ီ႐ူး အသုံးမခ်နိဳင္ခဲ့သလို ဇူးမားရဲ႕ လြဲေခ်ာ္မႈကတဆင့္ ​ရရွိလာတဲ့ စပါးရဲ႕ အပိုင္အခြင့္အေရးကိုလည္း လိုဆယလ္ဆိုက ျဖဳန္းတီးသြားခဲ့ပါတယ္။

ပြဲေတြ ဆက္တိုက္က်ပ္ေနတဲ့ စပါး အခြင့္သာေနဆဲ – မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔နဲ႕အၿပီးမွာ အာဆင္နယ္၊ ခရစၥတယ္လ္ ပဲေလ့စ္၊ လက္စတာ၊ လီဗာပူးလ္တို႔နဲ႕ ဆက္တိုက္ရင္ဆိုင္သြားရေတာ့မယ့္ စပါးဟာ တဖက္မွာလည္း ယူရိုပါလိဂ္အုပ္စုကြၽတ္ဖို႔ ႐ုန္းကန္ရမယ့္တာဝန္ရွိေနၿပီး လက္ရွိမွာေတာ့ ျပည္တြင္း ပြဲက်ပ္ႏွစ္ပြဲအၿပီးမွာ ေလးမွတ္ရယူၿပီး အေျခအေနေကာင္းေနဆဲ ျဖစ္ပါတယ္။ ဒီဇင္ဘာပြဲက်ပ္ ၆ ပြဲဆက္ကို ေမာ္ရင္ညိုရဲ႕ စပါး တုံ႕ျပန္ရဦးမွာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္စိန္ေခၚသူအျဖစ္ သက္ေသျပဖို႔ ဒါေတြကို ေက်ာ္ျဖတ္ျပဦးမွာပါ။

ေပးဂိုးမရွိ စံခ်ိန္ရွင္ မန္ဒီ – ေနာက္ဆုံး ၉ ပြဲမွာ ၇ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားတဲ့ ခ်ယ္လ္ဆီးအသင္းမွာ အခရာအက်ဆဳံးျဖစ္ေနတဲ့ ဂိုးသမားမန္ဒီဟာ လက္ရွိရာသီ ပရီးမီယားလိဂ္မွာ ေပးဂိုးမရွိ Clean Sheet အမ်ားဆုံးရထားတဲ့ ဂိုးသမားျဖစ္လာခဲ့ပါတယ္။ သူ ပါဝင္ခဲ့တဲ့ ၆ ပြဲမွာ ၅ ပြဲအထိ Clean Sheet ယူျပခဲ့ၿပီး ဂိုးေပါက္ကာကြယ္မႈ ၈၉ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ထားခဲ့သလို ဒါဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၀ အၿပီး ဘယ္ဂိုးသမားထက္မဆို သာလြန္တဲ့စံခ်ိန္ျဖစ္ပါတယ္။

ၿပိဳင္ျမင္းမဟုတ္ဘဲ ျမင္းပုေလးပါဆိုတဲ့ ေမာ္ရင္ညို – အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္ေနေပမယ့္ စပါးအသင္းဟာ ခ်န္ပီယံဆု စိန္ေခၚသူစာရင္းထဲမွာ မပါဝင္ဘူးလို႔ ေမာ္ရင္ညိုႏွိမ့္ခ်ေျပာသြားခဲ့မ်ိဳးက မသိုးမသန့္ေတာ့ ခံစားခဲ့ရပါတယ္။ စပါးဟာ ခ်န္ပီယံဆုကို ၿပိဳင္ပြဲထဲမွာ ၿပိဳင္ျမင္းမဟုတ္ဘဲ ျမင္းပုေလးသာျဖစ္တယ္လို႔ ‘ေအာက္အသင္း’ ျဖစ္ေၾကာင္း သူ႕ရဲ႕ေျပာဆိုမႈဟာ အႀကံႀကီးႀကီး ႀကံစည္ေနၿပီ ဆိုတဲ့ သေဘာမ်ိဳးျဖစ္ က်န္အသင္းႀကီးေတြအတြက္ ခ်န္ပီယံဆုအတြက္ ပိုၿပီးသတိထားစရာ ေကာင္းလာတဲ့ အလားအလာကို တြက္ဆထားၾကရမွာပါ။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.