Premier League

VAR စနစ်ရဲ့ဒုက္ခကို လီဗာပူးလ် ဘယ်လောက်ထိ ခံစားခဲ့ရသလဲ

ပရီးမီယားလိဂ်မှာ VAR အဆုံးအဖြတ်စနစ်ကို ၂၀၁၉-၂၀ ဘောလုံးရာသီက စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေနဲ့အတူ ပရီးမီယားလိဂ်နည်းပြတိုင်းကို နှိပ်စက်ခဲ့ပါတယ်။ VAR စည်းမျဥ်းတွေက တပွဲထက်တပွဲ လူပိုပြောစရာ ဖြစ်လာသလို ဘရိုက်တန်နဲ့ပွဲမှာ နှစ်မှတ်နစ်နာသွားခဲ့တဲ့ လီဗာပူးလ်ရဲ့ ဖြစ်ရပ်အပြီး ပိုပြီး ပွဲဆူစရာ ဖြစ်လာခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ လီဗာပူးလ်ဟာ ဘရိုက်တန်ဂိုးပေါက်ထဲက သွင်းဂိုးနှစ်ဂိုးလုံးကို VAR ဆုံးဖြတ်ချက်ကြောင့် လက်လွှတ်ခဲ့ရတဲ့အပြင် ဘရိုက်တန်ရဲ့ နောက်ကျပင်နယ်တီဂိုးကို နားလည်ရခက်တဲ့ VAR ဆုံးဖြတ်မှုနဲ့အတူ ထပ်မံခွင့်ပြုခဲ့ရပြီး ဒီရာသီ VAR ရဲ့ ဒုက္ခပေးမှုကို အများဆုံးခံစားရတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

လီဗာပူးလ်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်က VAR မရှိဘဲ ကစားချင်တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ညည်းတွားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတာပါ။ ဘောလုံးပွဲရသကို ဖျက်ဆီးနေတယ်လို့ ဝေဖန်ခံနေရတဲ့ VAR စနစ်ကို အရေးတကြီး ပြန်စဥ်းစားဖို့ လိုနေပြီလို့ ဂျိမ်းစ်မီလ်နာကလည်း ထောက်ပြသွားခဲ့ပြီး VAR နဲ့ ဘောလုံးကစားပွဲဟာ လားလားမှမအပ်စပ်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

တဖက်မှာ လီဗာပူးလ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ VAR ​​ကြောင့် ရရှိခဲ့တဲ့ အားသာချက်တွေတော့ရှိနေပြီး ပြီးခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲစဥ်မှာတော့ မျှတမှုမရှိ၊ အဓိပ္ပာယ်မဲ့တဲ့ သတ်မှတ်မှုတွေနဲ့အတူ အဆိုးရွားဆုံး ညှင်းပန်းခံခဲ့ရပြန်ပါတယ်။ ထင်ထင်ရှားရှား VAR ဖြစ်ရပ်တွေအနေနဲ့ ထုတ်ပြရရင် ပြီးခဲ့တဲ့ရာသီက ပရီးမီယားလိဂ်မှာတော့ လီဗာပူးလ်ဟာ VAR ရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်မှုမှာ အကျိုးရှိခဲ့တာက ငါးကြိမ်ရှိခဲ့ပြီး နစ်နာမှုတွေက ၃ ကြိမ် ခံစားခဲ့ရပါတယ်။

လက်ရှိရာသီမှာတော့ မာနေးကို ဖျက်ထုတ်ဆွဲလှဲခဲ့တဲ့ ခရစ္စတန်ဆန်အထုတ်ခံခဲ့ရတဲ့ချယ်လ်ဆီးနဲ့ပွဲက ဖြစ်ရပ်မှာ အကျိုးဖြစ်ထွန်းခဲ့တဲ့ တကြိမ်သာ ရှိခဲ့ပြီး နာမည်ကြီး မာဆေးဆိုက်ဒါဘီပွဲစဥ်က ဆုံးဖြတ်ချက်၊ ရှက်ဖီးလ်နဲ့ပွဲက နှစ်ကြိမ်ဆက်နစ်နာမှု၊ ဝက်စ်ဟမ်းပွဲက ဂိုးငြင်းပယ်ခံရမှု၊ မန်စီးတီးနဲ့ပွဲက ဂျိုးဂိုမက်ဇ်လက်ထိခဲ့တဲ့ ပင်နယ်တီအပြင် လက်ရှိမှာ ကလော့ပ်ကို ခေါင်းကြီးသွားစေခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲက ၃ ကြိမ်ဆက်နစ်နာမှုတို့ဟာ လီဗာပူးလ်ကို အထူးနစ်နာစေခဲ့ပြီး ရမှတ်တွေကို ဆုံးရှုံးခခဲ့ရပါတယ်။ အချက်အလက်အနေနဲ့ လီဗာပူးလ်ရဲ့ VAR စနစ်ထံက အကျိုးခံစားခွင့်ကို ၇ကြိမ်နဲ့ နစ်နာမှုကို ၁၁ ကြိမ်အထိ ရရှိထားခဲ့ကြောင်း သိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီယားလိဂ္မွာ VAR အဆုံးအျဖတ္စနစ္ကို ၂၀၁၉-၂၀ ေဘာလုံးရာသီက စတင္က်င့္သုံးခဲ့တာျဖစ္ၿပီး အျငင္းပြားဖြယ္ရာ ဆုံးျဖတ္ခ်က္ေတြနဲ႕အတူ ပရီးမီယားလိဂ္နည္းျပတိုင္းကို ႏွိပ္စက္ခဲ့ပါတယ္။ VAR စည္းမ်ဥ္းေတြက တပြဲထက္တပြဲ လူပိုေျပာစရာ ျဖစ္လာသလို ဘရိုက္တန္နဲ႕ပြဲမွာ ႏွစ္မွတ္နစ္နာသြားခဲ့တဲ့ လီဗာပူးလ္ရဲ႕ ျဖစ္ရပ္အၿပီး ပိုၿပီး ပြဲဆူစရာ ျဖစ္လာခဲ့ပါတယ္။

ဘရိုက္တန္နဲ႕ပြဲမွာ လီဗာပူးလ္ဟာ ဘရိုက္တန္ဂိုးေပါက္ထဲက သြင္းဂိုးႏွစ္ဂိုးလုံးကို VAR ဆုံးျဖတ္ခ်က္ေၾကာင့္ လက္လႊတ္ခဲ့ရတဲ့အျပင္ ဘရိုက္တန္ရဲ႕ ေနာက္က်ပင္နယ္တီဂိုးကို နားလည္ရခက္တဲ့ VAR ဆုံးျဖတ္မႈနဲ႕အတူ ထပ္မံခြင့္ျပဳခဲ့ရၿပီး ဒီရာသီ VAR ရဲ႕ ဒုကၡေပးမႈကို အမ်ားဆုံးခံစားရတဲ့ အသင္းျဖစ္လာခဲ့ပါတယ္။

လီဗာပူးလ္ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္က VAR မရွိဘဲ ကစားခ်င္တယ္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္ညည္းတြားခဲ့ရတဲ့အထိ ျဖစ္ခဲ့ရတာပါ။ ေဘာလုံးပြဲရသကို ဖ်က္ဆီးေနတယ္လို႔ ေဝဖန္ခံေနရတဲ့ VAR စနစ္ကို အေရးတႀကီး ျပန္စဥ္းစားဖို႔ လိုေနၿပီလို႔ ဂ်ိမ္းစ္မီလ္နာကလည္း ေထာက္ျပသြားခဲ့ၿပီး VAR နဲ႕ ေဘာလုံးကစားပြဲဟာ လားလားမွမအပ္စပ္ဘူးလို႔ ေဝဖန္သြားခဲ့ပါတယ္။

တဖက္မွာ လီဗာပူးလ္ဟာ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ VAR ​​ေၾကာင့္ ရရွိခဲ့တဲ့ အားသာခ်က္ေတြေတာ့ရွိေနၿပီး ၿပီးခဲ့တဲ့ မာေဆးဆိုက္ဒါဘီပြဲစဥ္မွာေတာ့ မွ်တမႈမရွိ၊ အဓိပၸာယ္မဲ့တဲ့ သတ္မွတ္မႈေတြနဲ႕အတူ အဆိုး႐ြားဆုံး ညွင္းပန္းခံခဲ့ရျပန္ပါတယ္။ ထင္ထင္ရွားရွား VAR ျဖစ္ရပ္ေတြအေနနဲ႕ ထုတ္ျပရရင္ ၿပီးခဲ့တဲ့ရာသီက ပရီးမီယားလိဂ္မွာေတာ့ လီဗာပူးလ္ဟာ VAR ရဲ႕ အျငင္းပြားဖြယ္ရာ ဆုံးျဖတ္မႈမွာ အက်ိဳးရွိခဲ့တာက ငါးႀကိမ္ရွိခဲ့ၿပီး နစ္နာမႈေတြက ၃ ႀကိမ္ ခံစားခဲ့ရပါတယ္။

လက္ရွိရာသီမွာေတာ့ မာေနးကို ဖ်က္ထုတ္ဆြဲလွဲခဲ့တဲ့ ခရစၥတန္ဆန္အထုတ္ခံခဲ့ရတဲ့ခ်ယ္လ္ဆီးနဲ႕ပြဲက ျဖစ္ရပ္မွာ အက်ိဳးျဖစ္ထြန္းခဲ့တဲ့ တႀကိမ္သာ ရွိခဲ့ၿပီး နာမည္ႀကီး မာေဆးဆိုက္ဒါဘီပြဲစဥ္က ဆုံးျဖတ္ခ်က္၊ ရွက္ဖီးလ္နဲ႕ပြဲက ႏွစ္ႀကိမ္ဆက္နစ္နာမႈ၊ ဝက္စ္ဟမ္းပြဲက ဂိုးျငင္းပယ္ခံရမႈ၊ မန္စီးတီးနဲ႕ပြဲက ဂ်ိဳးဂိုမက္ဇ္လက္ထိခဲ့တဲ့ ပင္နယ္တီအျပင္ လက္ရွိမွာ ကေလာ့ပ္ကို ေခါင္းႀကီးသြားေစခဲ့တဲ့ ဘရိုက္တန္နဲ႕ပြဲက ၃ ႀကိမ္ဆက္နစ္နာမႈတို႔ဟာ လီဗာပူးလ္ကို အထူးနစ္နာေစခဲ့ၿပီး ရမွတ္ေတြကို ဆုံးရႈံးခခဲ့ရပါတယ္။ အခ်က္အလက္အေနနဲ႕ လီဗာပူးလ္ရဲ႕ VAR စနစ္ထံက အက်ိဳးခံစားခြင့္ကို ၇ႀကိမ္နဲ႕ နစ္နာမႈကို ၁၁ ႀကိမ္အထိ ရရွိထားခဲ့ေၾကာင္း သိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.