Premier League

ဆောက်သမ်တန် ၂-၃ ယူနိုက်တက်ပွဲအပြီး မှတ်မှတ်သားသားဖြစ်ရပ် ၇ ချက်

သေရေးရှင်ရေးမှာ သူရဲကောင်း ကာဗာနီ
ကာဗာနီက ကမ္ဘာ့အဆင့် ဂိုးသွင်းစက်ဖြစ်တယ်ဆိုတာကို ယူနိုက်တက်မှာလည်း ထပ်ပြီးသက်သေပြခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂရင်းဝုဒ်နေရာ လူစားဝင်လာခဲ့ပြီး ၂ ဂိုးပြတ်နဲ့ နောက်က လိုက်ကစားနေတဲ့ ယူနိုက်တက်ရဲ့ သေရေးရှင်ရေးမှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီပြီး ဒီပွဲရဲ့ သူရဲကောင်းအဖြစ် ဝံ့ဝံ့ကြွားကြွား ရင်ကော့နိုင်ခဲ့ပါတယ်။ ခိုကိုးရာမဲ့ ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်နေရာမှာ ဆိုးလ်ရှားအတွက် အထောင်တိုက်စစ်မှူးစစ်စစ် ရခဲ့ပြီလို့ သေချာပေါက် ပြောနိုင်ခဲ့ပါပြီ။

မက်မောတိမ်းမူးစေတဲ့ ဘရူနိုရဲ့ခြေစွမ်း
ဘရူနိုရဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို ယူနိုက်တက်တို့ ဆက်တိုက်ရရှိနေတာက အရသာအပြည့်အဝ ပေးစွမ်းခဲ့ပါတယ်။ သူ့ရဲ့ တိုက်စစ်အရည်အသွေးစစ်စစ်ကို တပွဲထက်တပွဲ ကြေငြာခဲ့ပြီး ဒီနေ့ ယူနိုက်တက်ရဲ့ လှပတဲ့ Come back နိုင်ပွဲမှာလည်း သူက အခရာကျခဲ့ပါတယ်။ ကာဗာနီရဲ့ ချေပဂိုးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်သွင်းယူခဲ့တဲ့ တဂိုးက ယူနိုက်တက်အတွက် သူ့ရဲ့ ၂၂ ဂိုးပြည့်မြောက်ခဲ့ပါတယ်။

အဝေးကွင်းနိုင်ပွဲ စံချိန်
ယူနိုက်တက်ရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း ၈ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကို အိုလေက ရေးထိုးမှတ်တမ်းလိုက်ပါပြီ။ ပရီးမီးယားလိဂ်သမိုင်းမှာလည်း အဝေးကွင်းလေးပွဲဆက် နိုင်ပွဲရတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ နောက်ထပ်စံချိန်အနေနဲ့ သူတော်စင်တွေကို နောက်ကလိုက်ကစားပြီး အလဲထိုးခဲ့တဲ့ နတ်ဆိုးတွေရဲ့ ၁၀ ကြိမ်မြောက်ပွဲစဥ်လည်း ဖြစ်လာခဲ့ပါတယ်။

ပွဲဦးထွက်ပြုလုပ်နိုင်ခဲ့တဲ့ ဒွန်နီ
ဒွန်နီအတွက် ယူနိုက်တက်မှာ ပရီးမီးယားလိဂ် ပွဲထွက်အဖြစ် ပထမဆုံးပါဝင်ခဲ့ရတဲ့ အမှတ်ရစရာပွဲပါ။ အစ္စတန်ဘူလ်နဲ့ပွဲမှာ ချီးကျူးစရာ ခြေစွမ်းကို ပြခဲ့တဲ့ ဒွန်နီကို ကွင်းလယ်မှာ မာတစ်ချ်၊ ဖရက်ဒ်တို့နဲ့တွဲကာ ပွဲထုတ်ခဲ့တဲ့ အိုလေရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့သလို ဒီနေ့ပွဲမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေထဲ စာရင်းပေါက်ခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသသွားခဲ့ပါတယ်။

အိုလေရဲ့ နည်းဗျူဟာထက်မြက်မှု
အစ္စတန်ဘူလ်နဲ့ပွဲမှာ ၄၂၃၁ ကို ပွဲထုတ်ခဲ့တဲ့ အိုလေဟာ သူတော်စင်တွေကို နှိပ်ကွပ်ဖို့ စိန်ပွင့်ကွင်းလယ်ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ဒါက ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပြီး မာကျောခက်ထန်တဲ့ အိမ်ရှင်အသင်းကို ဒုက္ခအကြီးအကျယ် တွေ့သွားစေခဲ့တယ်။ တပွဲထက်တပွဲ အိုလေရဲ့ နည်းဗျူဟာထက်မြက်မှုကို ပရိသတ်တွေ အရသာတွေ့လာရပါပြီ။

ပွဲ ၅၀၀ ပြည့် ဒဟဲယား
အက်သလက်တီကိုမှာ ၈၄ ပွဲ ကစားခဲ့တဲ့ ဒဟဲယားက ယူနိုက်တက်မှာ ပွဲပေါင်း ၄၁၆ ပွဲ ပါဝင်ကစားခဲ့ပြီး ဒီနေ့ပွဲဟာ သူ့ရဲ့ ကစားသမားဘဝ ပွဲ ၅၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ပေးဂိုးမရှိ Clean Sheet ၁၄၅ ပွဲအထိ စွမ်းဆောင်ရည်ပြသခဲ့တဲ့ စပိန်သားဟာ စိန့်ရဲ့ ဒုတိယဂိုးမှာ ထိခိုက်မိပြီး ဒဏ်ရာရသွားခဲ့လို့ ဂိုးသမား ဟန်ဒါဆန်နဲ့ လူစားလဲခဲ့ရတာက သူ့ရဲ့ ပွဲ ၅၀၀ ပြည့် အမှတ်တရပွဲမှာ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ဟန်ဒါဆန်ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်
ဒဟဲယားနေရာ လူစားဝင် ဂိုးဖမ်းခဲ့ရတဲ့ ဟန်ဒါဆန်က ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်ကို ပြုလုပ်နိုင်ခဲ့ပါပြီ။ ၂၃ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီက ရှက်ဖီးလ်အသင်းမှာ ၃၆ ပွဲကစားခဲ့ပြီး အခုလိုနိုင်ပွဲမှာ ပွဲဦးထွက်အနေနဲ့ ပါဝင်ပတ်သက်နိုင်ခဲ့လို့ အမှတ်ရစရာတခု ဖြစ်စေခဲ့ပါတယ်။

REF: MANCHESTERUNITED
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေသေရးရွင္ေရးမွာ သူရဲေကာင္း ကာဗာနီ – ကာဗာနီက ကမၻာ့အဆင့္ ဂိုးသြင္းစက္ျဖစ္တယ္ဆိုတာကို ယူနိုက္တက္မွာလည္း ထပ္ၿပီးသက္ေသျပခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဂရင္းဝုဒ္ေနရာ လူစားဝင္လာခဲ့ၿပီး ၂ ဂိုးျပတ္နဲ႕ ေနာက္က လိုက္ကစားေနတဲ့ ယူနိုက္တက္ရဲ႕ ေသေရးရွင္ေရးမွာ ၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီၿပီး ဒီပြဲရဲ႕ သူရဲေကာင္းအျဖစ္ ဝံ့ဝံ့ႂကြားႂကြား ရင္ေကာ့နိုင္ခဲ့ပါတယ္။ ခိုကိုးရာမဲ့ ယူနိုက္တက္ရဲ႕ အေထာင္တိုက္စစ္ေနရာမွာ ဆိုးလ္ရွားအတြက္ အေထာင္တိုက္စစ္မႉးစစ္စစ္ ရခဲ့ၿပီလို႔ ေသခ်ာေပါက္ ေျပာနိုင္ခဲ့ပါၿပီ။

မက္ေမာတိမ္းမူးေစတဲ့ ဘ႐ူနိုရဲ႕ေျခစြမ္း – ဘ႐ူနိုရဲ႕ သြင္းဂိုးေတြနဲ႕ ဂိုးဖန္တီးမႈေတြကို ယူနိုက္တက္တို႔ ဆက္တိုက္ရရွိေနတာက အရသာအျပည့္အဝ ေပးစြမ္းခဲ့ပါတယ္။ သူ႕ရဲ႕ တိုက္စစ္အရည္အေသြးစစ္စစ္ကို တပြဲထက္တပြဲ ေၾကျငာခဲ့ၿပီး ဒီေန႕ ယူနိုက္တက္ရဲ႕ လွပတဲ့ Come back နိုင္ပြဲမွာလည္း သူက အခရာက်ခဲ့ပါတယ္။ ကာဗာနီရဲ႕ ေခ်ပဂိုးကို ဖန္တီးေပးခဲ့ၿပီး ကိုယ္တိုင္သြင္းယူခဲ့တဲ့ တဂိုးက ယူနိုက္တက္အတြက္ သူ႕ရဲ႕ ၂၂ ဂိုးျပည့္ေျမာက္ခဲ့ပါတယ္။

အေဝးကြင္းနိုင္ပြဲ စံခ်ိန္ – ယူနိုက္တက္ရဲ႕ သမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ အေဝးကြင္း ၈ ပြဲဆက္ အနိုင္ရတဲ့ စံခ်ိန္ကို အိုေလက ေရးထိုးမွတ္တမ္းလိုက္ပါၿပီ။ ပရီးမီးယားလိဂ္သမိုင္းမွာလည္း အေဝးကြင္းေလးပြဲဆက္ နိုင္ပြဲရတဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ပါတယ္။ ေနာက္ထပ္စံခ်ိန္အေနနဲ႕ သူေတာ္စင္ေတြကို ေနာက္ကလိုက္ကစားၿပီး အလဲထိုးခဲ့တဲ့ နတ္ဆိုးေတြရဲ႕ ၁၀ ႀကိမ္ေျမာက္ပြဲစဥ္လည္း ျဖစ္လာခဲ့ပါတယ္။

ပြဲဦးထြက္ျပဳလုပ္နိုင္ခဲ့တဲ့ ဒြန္နီ – ဒြန္နီအတြက္ ယူနိုက္တက္မွာ ပရီးမီးယားလိဂ္ ပြဲထြက္အျဖစ္ ပထမဆုံးပါဝင္ခဲ့ရတဲ့ အမွတ္ရစရာပြဲပါ။ အစၥတန္ဘူလ္နဲ႕ပြဲမွာ ခ်ီးက်ဴးစရာ ေျခစြမ္းကို ျပခဲ့တဲ့ ဒြန္နီကို ကြင္းလယ္မွာ မာတစ္ခ်္၊ ဖရက္ဒ္တို႔နဲ႕တြဲကာ ပြဲထုတ္ခဲ့တဲ့ အိုေလရဲ႕ဆုံးျဖတ္ခ်က္ မွန္ကန္ခဲ့သလို ဒီေန႕ပြဲမွာ ယူနိုက္တက္ရဲ႕ အေကာင္းဆုံးကစားသမားေတြထဲ စာရင္းေပါက္ခဲ့တဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ျပသသြားခဲ့ပါတယ္။

အိုေလရဲ႕ နည္းဗ်ဴဟာထက္ျမက္မႈ – အစၥတန္ဘူလ္နဲ႕ပြဲမွာ ၄၂၃၁ ကို ပြဲထုတ္ခဲ့တဲ့ အိုေလဟာ သူေတာ္စင္ေတြကို ႏွိပ္ကြပ္ဖို႔ စိန္ပြင့္ကြင္းလယ္ကို ေျပာင္းလဲအသုံးျပဳခဲ့ပါတယ္။ ဒါက ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့ၿပီး မာေက်ာခက္ထန္တဲ့ အိမ္ရွင္အသင္းကို ဒုကၡအႀကီးအက်ယ္ ေတြ႕သြားေစခဲ့တယ္။ တပြဲထက္တပြဲ အိုေလရဲ႕ နည္းဗ်ဴဟာထက္ျမက္မႈကို ပရိသတ္ေတြ အရသာေတြ႕လာရပါၿပီ။

ပြဲ ၅၀၀ ျပည့္ ဒဟဲယား – အက္သလက္တီကိုမွာ ၈၄ ပြဲ ကစားခဲ့တဲ့ ဒဟဲယားက ယူနိုက္တက္မွာ ပြဲေပါင္း ၄၁၆ ပြဲ ပါဝင္ကစားခဲ့ၿပီး ဒီေန႕ပြဲဟာ သူ႕ရဲ႕ ကစားသမားဘဝ ပြဲ ၅၀၀ ျပည့္ေျမာက္ခဲ့ပါတယ္။ ယူနိုက္တက္မွာ ေပးဂိုးမရွိ Clean Sheet ၁၄၅ ပြဲအထိ စြမ္းေဆာင္ရည္ျပသခဲ့တဲ့ စပိန္သားဟာ စိန့္ရဲ႕ ဒုတိယဂိုးမွာ ထိခိုက္မိၿပီး ဒဏ္ရာရသြားခဲ့လို႔ ဂိုးသမား ဟန္ဒါဆန္နဲ႕ လူစားလဲခဲ့ရတာက သူ႕ရဲ႕ ပြဲ ၅၀၀ ျပည့္ အမွတ္တရပြဲမွာ စိတ္ပ်က္စရာ ျဖစ္ခဲ့ရပါတယ္။

ဟန္ဒါဆန္ရဲ႕ ပရီးမီးယားလိဂ္ပြဲဦးထြက္ – ဒဟဲယားေနရာ လူစားဝင္ ဂိုးဖမ္းခဲ့ရတဲ့ ဟန္ဒါဆန္က ယူနိုက္တက္အတြက္ ပရီးမီးယားလိဂ္ ပြဲဦးထြက္ကို ျပဳလုပ္နိုင္ခဲ့ပါၿပီ။ ၂၃ ႏွစ္သားဟာ ၿပီးခဲ့တဲ့ရာသီက ရွက္ဖီးလ္အသင္းမွာ ၃၆ ပြဲကစားခဲ့ၿပီး အခုလိုနိုင္ပြဲမွာ ပြဲဦးထြက္အေနနဲ႕ ပါဝင္ပတ္သက္နိုင္ခဲ့လို႔ အမွတ္ရစရာတခု ျဖစ္ေစခဲ့ပါတယ္။

REF: MANCHESTERUNITED
PHOTOS CREDIT TO OWNERS
SPORTS A2Z.