Premier League

30 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီဟာ သူ့ခေတ်က သူ့ပုံစံနဲ့ မတူဘဲ အသင်းဖော်ဟောင်း အန်ဒီကိုးလ်ရဲ့ ကစားပုံနဲ့သာ တူညီတာဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားမှတ်ချက်ပေးသွား။

– စပိန်ဘာသာနဲ့ အင်စတာဂရမ်မှာ တင်မိတဲ့ ပို့စ်မှာ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ ပါဝင်နေတယ်လို့ သံသယရှိနေတာကြောင့် အက်ဖ်အေအနေနဲ့ တိုက်စစ်မှူး ကာဗာနီရဲ့ လုပ်ရပ်ကို စစ်ဆေးသွားဖွယ်ရှိနေပြီး အရေးယူမှုနဲ့ ရင်ဆိုင်ရနိုင်။

– ဆောက်သမ်တန်ရဲ့ ဒုတိယဂိုးအတွက် တာဝန်ရှိသူဟာ ဂိုးသမား ဒဟေးယား မဟုတ်ဘူးလို့ အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်းက ကာကွယ်ပေးသွားပြီး ဒီဂိုးမှာ အဓိက တာဝန်ရှိသူဟာ ဖရီးကစ်ကို ခွင့်ပြုခဲ့တဲ့ ဖရက်ဒ်လို့ ပြောကြား။

– ဘရိုက်တန်၊ နယူးကာဆယ်လ်၊ အဲဗာတန်နဲ့ နောက်ဆုံး ဆောက်သမ်တန်ကို ပရီးမီးယားလိဂ် အဝေးကွင်း ၄ ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အကောင်းဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး အများဆုံး အဝေးကွင်းနိုင်ပွဲဆက်မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့။

– ဆောက်သမ်တန်နဲ့ နိုင်ပွဲမှာ ကွင်းလယ်တိုက်စစ်ကနေ ခြေစွမ်းပြခဲ့တဲ့ ဒွန်နီ ဗန်ဒဘိခ်ဟာ ထုတ်ဖော်ချီးကျူးမခံရပေမယ့် အသင်းရဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးလို့ ပရိသတ်တွေကို သေသေချာချာ အသိအမှတ်ပြုသွားခဲ့။

– ကာဗာနီဟာ တကယ့် နံပါတ် ၉ ကစားသမားတစ်ယောက်ဖြစ်ပြီး ဂိုးတိုင်နှစ်ဖက်ကြားမှာ ကျွမ်းကျင်ထက်မြက်သူဖြစ်သလို အမြဲတမ်း ရွေ့လျားကစားတတ်သူဖြစ်တယ်လို့ ဒီပွဲမှာ မပါဝင်နိုင်တဲ့ အသင်းဖော်ကွင်းလယ်လူ ပေါ့ဘာက ချီးကျူးသွားခဲ့ပြီး အသင်းအတွက် ကြီးမားတဲ့ အားဖြည့်မှုလို့ အမည်တပ်သွား။

– ဒဟေးယားရဲ့ ဒဏ်ရာအနည်းငယ်ကို ပိုဆိုးရွားမလာအောင် ဒင်းန် ဟန်ဒါဆန်ကို လူစားလဲခဲ့ပြီးမှ ဒုတိယပိုင်းမှာ ပေးဂိုးတစ်ဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပွဲထွက်နေရာအတွက် ပရိသတ်တွေဆီက တောင်းဆိုမှုတွေ ရောက်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းအတြက္ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီဟာ သူ႔ေခတ္က သူ႔ပုံစံနဲ႔ မတူဘဲ အသင္းေဖာ္ေဟာင္း အန္ဒီကိုးလ္ရဲ႕ ကစားပုံနဲ႔သာ တူညီတာျဖစ္တယ္လို႔ နည္းျပ ဆိုးလ္ရွားမွတ္ခ်က္ေပးသြား။

– စပိန္ဘာသာနဲ႔ အင္စတာဂရမ္မွာ တင္မိတဲ့ ပို႔စ္မွာ လူမ်ိဳးေရးခြဲျခားတဲ့ အသုံးအႏႈန္းေတြ ပါဝင္ေနတယ္လို႔ သံသယရွိေနတာေၾကာင့္ အက္ဖ္ေအအေနနဲ႔ တိုက္စစ္မႉး ကာဗာနီရဲ႕ လုပ္ရပ္ကို စစ္ေဆးသြားဖြယ္ရွိေနၿပီး အေရးယူမႈနဲ႔ ရင္ဆိုင္ရႏိုင္။

– ေဆာက္သမ္တန္ရဲ႕ ဒုတိယဂိုးအတြက္ တာဝန္ရွိသူဟာ ဂိုးသမား ဒေဟးယား မဟုတ္ဘူးလို႔ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္းက ကာကြယ္ေပးသြားၿပီး ဒီဂိုးမွာ အဓိက တာဝန္ရွိသူဟာ ဖရီးကစ္ကို ခြင့္ျပဳခဲ့တဲ့ ဖရက္ဒ္လို႔ ေျပာၾကား။

– ဘ႐ိုက္တန္၊ နယူးကာဆယ္လ္၊ အဲဗာတန္နဲ႔ ေနာက္ဆုံး ေဆာက္သမ္တန္ကို ပရီးမီးယားလိဂ္ အေဝးကြင္း ၄ ပြဲဆက္တိုက္အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ အေကာင္းဆုံးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး အမ်ားဆုံး အေဝးကြင္းႏိုင္ပြဲဆက္မွတ္တမ္းသစ္ကို ေရးထိုးႏိုင္ခဲ့။

– ေဆာက္သမ္တန္နဲ႔ ႏိုင္ပြဲမွာ ကြင္းလယ္တိုက္စစ္ကေန ေျခစြမ္းျပခဲ့တဲ့ ဒြန္နီ ဗန္ဒဘိခ္ဟာ ထုတ္ေဖာ္ခ်ီးက်ဴးမခံရေပမယ့္ အသင္းရဲ႕ အေကာင္းဆုံးကြင္းလယ္လူတစ္ဦးလို႔ ပရိသတ္ေတြကို ေသေသခ်ာခ်ာ အသိအမွတ္ျပဳသြားခဲ့။

– ကာဗာနီဟာ တကယ့္ နံပါတ္ ၉ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ဂိုးတိုင္ႏွစ္ဖက္ၾကားမွာ ကြၽမ္းက်င္ထက္ျမက္သူျဖစ္သလို အၿမဲတမ္း ေ႐ြ႕လ်ားကစားတတ္သူျဖစ္တယ္လို႔ ဒီပြဲမွာ မပါဝင္ႏိုင္တဲ့ အသင္းေဖာ္ကြင္းလယ္လူ ေပါ့ဘာက ခ်ီးက်ဴးသြားခဲ့ၿပီး အသင္းအတြက္ ႀကီးမားတဲ့ အားျဖည့္မႈလို႔ အမည္တပ္သြား။

– ဒေဟးယားရဲ႕ ဒဏ္ရာအနည္းငယ္ကို ပိုဆိုး႐ြားမလာေအာင္ ဒင္းန္ ဟန္ဒါဆန္ကို လူစားလဲခဲ့ၿပီးမွ ဒုတိယပိုင္းမွာ ေပးဂိုးတစ္ဂိုး မရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ ပြဲထြက္ေနရာအတြက္ ပရိသတ္ေတြဆီက ေတာင္းဆိုမႈေတြ ေရာက္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.