Match Report Premier League

အိမ်ကွင်းမှာ သုံးပွဲဆက်ပြီး ရှုံးပွဲတွေ့သွားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အာတီတာရဲ့ အချိန်မကိုက်တဲ့ ၄-၃-၃ ပြောင်းလဲမှုအောက်မှာ နောက်ထပ် အိမ်ကွင်းရှုံးပွဲတစ်ပွဲကို ထပ်မံတွေ့ကြုံ သွားခဲ့ပြီး ဘယ်လိုမှ အဆင်မပြေတဲ့ အတွဲအဖက်တွေနဲ့ အခွင့်အရေးတွေကိုလည်း မဖန်တီးနိုင်ဘဲ ဧည့်သည် ဝုလ်ဗ်စ်တို့ကို ၁၉၇၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ပေပေ ပွဲပယ်ခံထားရလို့ အူဘာမီယန်းကို ဆာကာနဲ့ ဝီလီယန်တို့ ရံကစားတဲ့ပွဲမှာ ကွင်းလယ်က ချာကာနဲ့ စီဘာယော့စ်ကတော့ ညံ့မြဲညံ့ဆဲဖြစ်ပြီး ဝီလော့ခ်က တောင်ပံလိုလို တိုက်စစ်လိုလိုလုပ်နေချိန်မှာ ထူးထူးခြားခြားပြောစရာဆိုလို့ ဒေးဗစ် လူးဝစ်ဇ်နဲ့ ရာအူးလ် ဟီမီနက်ဇ်တို့ ခေါင်းချင်းဆောင့်မိတာပဲ ရှိခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဧည့်သည် ဝုလ်ဗ်စ်တို့ အဖွင့်ဂိုး ရယူသွားခဲ့ပြီး အဒါမာ ထရာအိုရေးရဲ့ ဖြတ်တင်ဘောကို ဒန်ဒွန့်ကာ ခေါင်းတိုက်တာ ဘားထိပြီး ပြန်ထွက်လာတာကို ပက်ဒရို နီတိုက ကန်သွင်းသွားခဲ့တာပါ။ ဒီဂိုးမှာ ဧရိယာထဲကို နောက်ကျမှ ဝင်လာပြီး အခွင့်အရေးရှာတဲ့ ဒန်ဒွန့်ကာကို ဘယ်သူမှ သတိမပြုမိသလို ကွင်းလယ်ကစားသမားတွေကလည်း ကာကွယ်မပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

သုံးမိနစ်အကြာ ပွဲချိန် မိနစ် ၃၀ မှာတော့ အာဆင်နယ်တို့ ချေပဂိုးရခဲ့ပြီး ထောင့်ကန်ဘောကို အတိုပေးပြီး ပြန်ရသွားတဲ့ ဝီလီယန်ရဲ့ ဖြတ်တင်မှုကို ဂါဘရီယယ်လ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဘရာဇီးလ်သားအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်သလို သူဟာ သူ့ရဲ့ ခေါင်းတိုက်ချက် ဂိုးပေါက်တည့်တိုင်း ဂိုးရခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ အာဆင်နယ်တို့ ခံစစ်ကစားပုံ ပေါ့လျော့မှုကနေ ဂိုးထပ်ပေးခဲ့ရပြီး နီတိုရဲ့ ကန်ချက် ဂိုးသမား ကာကွယ်ပုံ မကောင်းလို့ ပြန်ထွက်လာတာကို ပိုဒင့်စ်က နောက်တန်းတွေရှေ့က ဖြတ်ယူပြီး ကန်သွင်းခဲ့တာပါ။ အာဆင်နယ်တို့ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးကတော့ ၄-၃-၃ ကို ၃-၄-၃ ခံယူချက်နဲ့ ကစားနေကြပြီး ခံစစ်စုဖွဲ့ပုံ မမှန်ကန်တာလို့လည်း မြင်မိပါတယ်။

ပထမပိုင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဝုလ်ဗ်စ်တို့ ဦးဆောင်ခဲ့အပြီးမှာတော့ ဒုတိယပိုင်းမှာ အာဆင်နယ်တို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ဘာမှ မလုပ်နိုင်ခဲ့ဘဲ ကွင်းလယ်က ဘောလုံးမထွက်တာ၊ ပေးတဲ့ ဘောလုံးတွေ ချိန်သားမကိုက်တာ၊ အချိန်နောက်ကျတာတွေနဲ့ ထိုးဖောက်မှုတွေက ရပ်တန့်ခဲ့ရပြီး ပါးနပ်တဲ့ ကစားပုံနဲ့ ဧည့်သည်တွေကတောင် ပိုပြီး အန္တရာယ်ပေးနိုင်ခဲ့တာပါ။

ဒုတိယပိုင်း မိနစ် ၉၀ နဲ့ နာကျင်အချိန်ပို ၄ မိနစ် ပြီးဆုံးချိန်မှာတော့ နည်းပြ အာတီတာရဲ့ အရည်အချင်းနဲ့ ဗျာဟာပိုင်း အားနည်းမှုက သိသာလွန်းခဲ့ပြီး သူ့အနေနဲ့ ဒီအသင်းကို လမ်းကြောင်းတည့်မတ်အောင် ကိုင်တွယ်ဖို့နဲ့ တစ်ပွဲတိုး မဟုတ်ဘဲ အမှတ်ပေးပြိုင်ပွဲကို စိန်ခေါ်နိုင်တဲ့ စဉ်ဆက်မပြတ် တည်ဆောက်မှုမျိုး ဖြစ်အောင် အများကြီးလုပ်ဆောင်ရဦးမှာဖြစ်လို့ အသင်းပိုင်ရှင်နဲ့ ပရိသတ်တွေရဲ့ စိတ်ရှည်မှုကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ အာတီတာရဲ႕ အခ်ိန္မကိုက္တဲ့ ၄-၃-၃ ေျပာင္းလဲမႈေအာက္မွာ ေနာက္ထပ္ အိမ္ကြင္းရႈံးပြဲတစ္ပြဲကို ထပ္မံေတြ႕ႀကဳံ သြားခဲ့ၿပီး ဘယ္လိုမွ အဆင္မေျပတဲ့ အတြဲအဖက္ေတြနဲ႔ အခြင့္အေရးေတြကိုလည္း မဖန္တီးႏိုင္ဘဲ ဧည့္သည္ ဝုလ္ဗ္စ္တုိ႔ကို ၁၉၇၉ ခုႏွစ္ ေနာက္ပုိင္း ပထမဆုံးအႀကိမ္ အိမ္ကြင္းရွဳံးပြဲေတြ႕ခဲ့တာလည္း ျဖစ္ပါတယ္။

ေပေပ ပြဲပယ္ခံထားရလို႔ အူဘာမီယန္းကို ဆာကာနဲ႔ ဝီလီယန္တို႔ ရံကစားတဲ့ပြဲမွာ ကြင္းလယ္က ခ်ာကာနဲ႔ စီဘာေယာ့စ္ကေတာ့ ညံ့ၿမဲညံ့ဆဲျဖစ္ၿပီး ဝီေလာ့ခ္က ေတာင္ပံလိုလို တိုက္စစ္လိုလိုလုပ္ေနခ်ိန္မွာ ထူးထူးျခားျခားေျပာစရာဆိုလို႔ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ရာအူးလ္ ဟီမီနက္ဇ္တို႔ ေခါင္းခ်င္းေဆာင့္မိတာပဲ ရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဧည့္သည္ ဝုလ္ဗ္စ္တို႔ အဖြင့္ဂိုး ရယူသြားခဲ့ၿပီး အဒါမာ ထရာအိုေရးရဲ႕ ျဖတ္တင္ေဘာကို ဒန္ဒြန႔္ကာ ေခါင္းတိုက္တာ ဘားထိၿပီး ျပန္ထြက္လာတာကို ပက္ဒ႐ို နီတိုက ကန္သြင္းသြားခဲ့တာပါ။ ဒီဂိုးမွာ ဧရိယာထဲကို ေနာက္က်မွ ဝင္လာၿပီး အခြင့္အေရးရွာတဲ့ ဒန္ဒြန႔္ကာကို ဘယ္သူမွ သတိမျပဳမိသလို ကြင္းလယ္ကစားသမားေတြကလည္း ကာကြယ္မေပးႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

သုံးမိနစ္အၾကာ ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးရခဲ့ၿပီး ေထာင့္ကန္ေဘာကို အတိုေပးၿပီး ျပန္ရသြားတဲ့ ဝီလီယန္ရဲ႕ ျဖတ္တင္မႈကို ဂါဘရီယယ္လ္က ေခါင္းတိုက္သြင္းယူခဲ့တာပါ။ ဘရာဇီးလ္သားအတြက္ ဒုတိယေျမာက္ ပရီးမီးယားလိဂ္သြင္းဂိုးျဖစ္သလို သူဟာ သူ႔ရဲ႕ ေခါင္းတိုက္ခ်က္ ဂိုးေပါက္တည့္တိုင္း ဂိုးရခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ခံစစ္ကစားပုံ ေပါ့ေလ်ာ့မႈကေန ဂိုးထပ္ေပးခဲ့ရၿပီး နီတိုရဲ႕ ကန္ခ်က္ ဂိုးသမား ကာကြယ္ပုံ မေကာင္းလို႔ ျပန္ထြက္လာတာကို ပိုဒင့္စ္က ေနာက္တန္းေတြေရွ႕က ျဖတ္ယူၿပီး ကန္သြင္းခဲ့တာပါ။ အာဆင္နယ္တို႔ ေပးလိုက္ရတဲ့ ႏွစ္ဂိုးစလုံးကေတာ့ ၄-၃-၃ ကို ၃-၄-၃ ခံယူခ်က္နဲ႔ ကစားေနၾကၿပီး ခံစစ္စုဖြဲ႕ပုံ မမွန္ကန္တာလို႔လည္း ျမင္မိပါတယ္။

ပထမပိုင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဝုလ္ဗ္စ္တို႔ ဦးေဆာင္ခဲ့အၿပီးမွာေတာ့ ဒုတိယပိုင္းမွာ အာဆင္နယ္တို႔ တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ဘာမွ မလုပ္ႏိုင္ခဲ့ဘဲ ကြင္းလယ္က ေဘာလုံးမထြက္တာ၊ ေပးတဲ့ ေဘာလုံးေတြ ခ်ိန္သားမကိုက္တာ၊ အခ်ိန္ေနာက္က်တာေတြနဲ႔ ထိုးေဖာက္မႈေတြက ရပ္တန႔္ခဲ့ရၿပီး ပါးနပ္တဲ့ ကစားပုံနဲ႔ ဧည့္သည္ေတြကေတာင္ ပိုၿပီး အႏၲရာယ္ေပးႏိုင္ခဲ့တာပါ။

ဒုတိယပိုင္း မိနစ္ ၉၀ နဲ႔ နာက်င္အခ်ိန္ပို ၄ မိနစ္ ၿပီးဆုံးခ်ိန္မွာေတာ့ နည္းျပ အာတီတာရဲ႕ အရည္အခ်င္းနဲ႔ ဗ်ာဟာပိုင္း အားနည္းမႈက သိသာလြန္းခဲ့ၿပီး သူ႔အေနနဲ႔ ဒီအသင္းကို လမ္းေၾကာင္းတည့္မတ္ေအာင္ ကိုင္တြယ္ဖို႔နဲ႔ တစ္ပြဲတိုး မဟုတ္ဘဲ အမွတ္ေပးၿပိဳင္ပြဲကို စိန္ေခၚႏိုင္တဲ့ စဥ္ဆက္မျပတ္ တည္ေဆာက္မႈမ်ိဳး ျဖစ္ေအာင္ အမ်ားႀကီးလုပ္ေဆာင္ရဦးမွာျဖစ္လို႔ အသင္းပိုင္ရွင္နဲ႔ ပရိသတ္ေတြရဲ႕ စိတ္ရွည္မႈကိုပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.