Premier League

ကေလာ့ပ္အေၾကာင္း ကာဂါဝါဆီက ေထာက္ခံမွဳေၾကာင့္ လီဗာပူးလ္ေရာက္လာခဲ့တာလို႔ မီနာမီႏိုဆုိ

လီဗာပူးလ္အသင္းရဲ႕ ဂ်ပန္ကြင္းလယ္လူ တာကူမီ မီနာမီႏိုက သူဟာ ဒီအသင္းကို မေျပာင္းေရႊ႕ခင္က ဂ်ပန္လက္ေရြးစင္ ရွင္ဂ်ီ ကာဂါဝါနဲ႔ ဆက္သြယ္ေဆြးေႏြး အႀကံေတာင္းခဲ့ဖူးၿပီး သူ႕ဆီက ယာဂန္ ကေလာ့ပ္အေၾကာင္း ခ်ီးက်ဴးတာအမ်ားႀကီးၾကားခဲ့ရလို႔ ေျပာင္းေရႊ႕လာဖို႔ ေရြးခ်ယ္ျဖစ္ခဲ့တာလို႔ ဆုိလုိက္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ထင္သေလာက္ မေအာင္ျမင္ခဲ့တဲ့ ဂ်ပန္ကြင္းလယ္လူ ရွင္ဂ်ီကာဂါ၀ါဟာ ေဒါ့မြန္မွာ ကေလာ့ပ္နဲ႔အတူ ေတာက္ပလာခဲ့သူျဖစ္ၿပီး သူ႕ရဲ႕ မဲဆြယ္စည္းရံုးေကာင္းမႈေၾကာင့္ ပရီးမီးယားလိဂ္အသင္းတစ္သင္းကို ေျပာင္းဖို႔ဆံုးျဖတ္ခဲ့တာပါလို႔ ဂ်ပန္လက္ေရြးစင္က သူကိုယ္တိုင္ပဲ ဖြင့္ဟခဲ့ပါတယ္။

ပထမရာသီ၀က္က ရက္ဘူးလ္ဆဲလ္ဘာ့ဇ္အသင္းနဲ႔ အတူေျခစြမ္းျပခဲ့တဲ့ မီနာမီႏိုဟာ ဥေရာပၿပဳိင္ပြဲေတြမွာ ကစားတာ မၾကာေသးေပမယ့္ ခ်န္ပီယံလိဂ္မွာ ၾသစႀတီးယားကလပ္အတြက္ ျပသႏုိင္ခဲ့တဲ့ ေျခစြမ္းကေတာ့ အံ့အားသင့္စရာလည္း ျဖစ္ေနခဲ့ပါတယ္။

“ရွင္ဂ်ီဟာ ကေလာ့ပ္နဲ႔ ေဒါ့မြန္မွာ လက္တြဲခဲ့ဖူးေတာ့ သူ႕ကို ကၽြန္ေတာ္ ေမးၾကည့္ခဲ့ေတာ့ ကမာၻ႕အေကာင္းဆုံးနည္းျပတစ္ဦးလုိ႔ ခ်ီးက်ဴးခဲ့ပါတယ္။ လီဗာပူးလ္ကို ေရာက္ေတာ့ ကေလာ့ပ္က ရွင္ဂ်ီအေၾကာင္း ခ်ီးက်ဴးသလို သူတုိ႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ၾကည့္ရတာေတာ့ လက္ရွိအခ်ိန္အထိ အေကာင္းဆုံး ထိိန္းသိမ္းထားသလိုပါပဲ”လို႔ မီနာမီႏိုက လီဗာပူးလ္ဝက္ဘ္ဆုိက္ကို ေျပာပါတယ္။

ဒါ့အျပင္ မီနာမီႏိုက သူဟာ လီဗာပူးလ္ကို မေျပာင္းေရႊ႕ခင္ ေဆာက္သမ္တန္အသင္းမွာ ကစားေနခဲ့ၿပီး သူေရာက္လာေတာ့မွ အဝင္အထြက္လြဲသြားတဲ့ ဂ်ပန္အသင္းေခါင္းေဆာင္ မာယာ ယုိရွီဒါကိုလည္း ပရီးမီးယားလိဂ္ကို ေျပာင္းဖို႔ ေမးခဲ့ဖူးေၾကာင္းနဲ႔ သူ႕ကိုေတာ့ လီဗာပူးလ္လုိ႔ မေျပာဘဲနဲ႔ စုံစမ္းခဲ့တာျဖစ္တယ္လို႔ အန္းဖီးလ္ကို ေရာက္မလာခင္က အျဖစ္အပ်က္ေတြကို ေျပာျပသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ဂျပန်ကွင်းလယ်လူ တာကူမီ မီနာမီနိုက သူဟာ ဒီအသင်းကို မပြောင်းရွှေ့ခင်က ဂျပန်လက်ရွေးစင် ရှင်ဂျီ ကာဂါဝါနဲ့ ဆက်သွယ်ဆွေးနွေး အကြံတောင်းခဲ့ဖူးပြီး သူ့ဆီက ယာဂန် ကလော့ပ်အကြောင်း ချီးကျူးတာအများကြီးကြားခဲ့ရလို့ ပြောင်းရွှေ့လာဖို့ ရွေးချယ်ဖြစ်ခဲ့တာလို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ထင်သလောက် မအောင်မြင်ခဲ့တဲ့ ဂျပန်ကွင်းလယ်လူ ရှင်ဂျီကာဂါဝါဟာ ဒေါ့မွန်မှာ ကလော့ပ်နဲ့အတူ တောက်ပလာခဲ့သူဖြစ်ပြီး သူ့ရဲ့ မဲဆွယ်စည်းရုံးကောင်းမှုကြောင့် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါလို့ ဂျပန်လက်ရွေးစင်က သူကိုယ်တိုင်ပဲ ဖွင့်ဟခဲ့ပါတယ်။

ပထမရာသီဝက်က ရက်ဘူးလ်ဆဲလ်ဘာ့ဇ်အသင်းနဲ့ အတူခြေစွမ်းပြခဲ့တဲ့ မီနာမီနိုဟာ ဥရောပပြိုင်ပွဲတွေမှာ ကစားတာ မကြာသေးပေမယ့် ချန်ပီယံလိဂ်မှာ သြစတြီးယားကလပ်အတွက် ပြသနိုင်ခဲ့တဲ့ ခြေစွမ်းကတော့ အံ့အားသင့်စရာလည်း ဖြစ်နေခဲ့ပါတယ်။

“ရှင်ဂျီဟာ ကလော့ပ်နဲ့ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတော့ သူ့ကို ကျွန်တော် မေးကြည့်ခဲ့တော့ ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။ လီဗာပူးလ်ကို ရောက်တော့ ကလော့ပ်က ရှင်ဂျီအကြောင်း ချီးကျူးသလို သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကြည့်ရတာတော့ လက်ရှိအချိန်အထိ အကောင်းဆုံး ထိန်းသိမ်းထားသလိုပါပဲ”လို့ မီနာမီနိုက လီဗာပူးလ်ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

ဒါ့အပြင် မီနာမီနိုက သူဟာ လီဗာပူးလ်ကို မပြောင်းရွှေ့ခင် ဆောက်သမ်တန်အသင်းမှာ ကစားနေခဲ့ပြီး သူရောက်လာတော့မှ အဝင်အထွက်လွဲသွားတဲ့ ဂျပန်အသင်းခေါင်းဆောင် မာယာ ယိုရှီဒါကိုလည်း ပရီးမီးယားလိဂ်ကို ပြောင်းဖို့ မေးခဲ့ဖူးကြောင်းနဲ့ သူ့ကိုတော့ လီဗာပူးလ်လို့ မပြောဘဲနဲ့ စုံစမ်းခဲ့တာဖြစ်တယ်လို့ အန်းဖီးလ်ကို ရောက်မလာခင်က အဖြစ်အပျက်တွေကို ပြောပြသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.